‌ဘေးကင်းသော ကျောင်းမုန့်ဈေးတန်းစီမံချက် ဆောင်ရွက်မည်

‌ဘေးကင်းသော ကျောင်းမုန့်ဈေးတန်းစီမံချက် ဆောင်ရွက်မည်

အခြေခံပညာကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူများအတွက် ဘေးကင်းသော ကျောင်းမုန့်ဈေးတန်း စီမံချက်အဖြစ် ဆောင်ရွက်ရန် အတွက် စီစဉ်နေတယ်လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

“ဒီစီမံချက်နဲ့ပတ်သက်လို့ ဆရာတို့အနေနဲ့က အခြေခံပညာဦးစီးဌာနက တာဝန်ရှိတဲ့သူတွေနဲ့ ဆွေးနွေးတာတွေ လုပ်ဆောင်နေပါတယ်၊ အခြေခံပညာဦးစီးဌာနဘက်ကလည်း ဒါကိုကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်စေချင်ပါတယ်၊ ဒါကြောင့်လည်း ရန်ကုန်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံ လုံးကို လွှမ်းခြုံပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်၊ အသေးစိတ်အစီအစဉ် ရှေ့တစ်ပတ်ထဲလောက်တော့ သိရမယ်၊ အဲ့ဒီအခါကျရင် ဘယ်ကျောင်း‌တွေ မှာ အရင်ဆုံးစတင်မလဲဆိုတာ အစီအစဉ်တွေရေးဆွဲမှာ ဖြစ်ပါတယ်”လို့ အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ရှင်းပြ ပါတယ်။ ပြည်တွင်းက အခြေခံပညာကျောင်းတွေမှာ စားသုံးဖို့မသင့်တဲ့ မုန့်တွေပတ်သက်ပြီး ရောင်းချတာတွေ မရှိအောင် ပညာပေးလုပ်ဆောင်နေပေမယ့် အားနည်းချက်တွေရှိနေသေးတဲ့အတွက် တင်းတင်းကြပ်ကြပ်နဲ့ ထိထိရောက်ရောက် အခြေအနေမျိုးဖန်တီးနိုင်အောင် လုပ်ဆောင်ဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။

“အရင်လိုမျိုး ပညာပေးကာလဆိုပြီး အချိန်အကြာကြီးသတ်မှတ်မှာ မဟုတ်ပါဘူး၊ ဆရာတို့အနေနဲ့က အခု ပညာပေးကာလကို တစ်လပဲ သတ်မှတ် မယ်၊ တစ်လပြည့်တဲ့အခါမှာ ရှောင်တခင်စစ်ဆေးလို့ တွေ့ရှိရင် လက်ရှိ ရှိနေတဲ့ စားသုံးသူ ဥပဒေတွေနဲ့အညီ လုပ်ဆောင်သွားဖို့ ရှိမယ်၊ ပညာပေးကာလမှာကတည်းက ကြိုတင်ပြီးတော့ ခံဝန်ချက်လက်မှတ် ရေးထိုးတာတွေနဲ့ လုပ်ဆောင်သွားမယ်၊ ပညာပေးကာလမှာတော့ ဟောပြောတာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်”လို့ ၎င်းက ဆက်လက်ရှင်းပြပါတယ်။

ထိုသို့စစ်ဆေးတဲ့အခါ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်တွေအဖြစ် ဖန်တီးနိုင်တဲ့ ကျောင်းမုန့်ဈေးတန်းတွေကို စံနမူနာပြအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်တာတွေကိုလည်း လုပ်ဆောင်ဖို့ရှိပြီး ကျယ်ပြန့်တဲ့အခြေအနေမျိုးဖြစ်စေနိုင်ဖို့ တိုင်ပင်ဆွေးနွေးနေတာတွေရှိသလို ကျောင်းကျန်းမာရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်နေတဲ့ ဆရာဆရာမတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ထို့အပြင် ရန်ကုန်မြို့ကဈေးတွေမှာလည်း ခွင့်ပြုထားတာမျိုးမရှိတဲ့ စားသောက်ကုန်တွေရောင်းချမှုတာတွေကို စစ်ဆေးအရေးယူသွားနိုင်ဖို့လည်း ဆွေးနွေးတာတွေနဲ့ လုပ်ဆောင်နေလျက်ရှိပါတယ်။

ဇွဲမာန်
ရန်ကုန်၊ အောက်တိုဘာ ၂၁ 

(  Zawgyi  )

 အေျခခံပညာေက်ာင္းေတြမွာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ေဘးကင္းေသာ ေက်ာင္းမုန႔္ေဈးတန္း စီမံခ်က္အျဖစ္ ေဆာင္႐ြက္ရန္ အတြက္ စီစဥ္ေနတယ္လို႔ ျမန္မာႏိုင္ငံစားသုံးသူကာကြယ္ေရးအသင္း ဥကၠ႒ ဦးဗအုပ္ခိုင္က ေျပာပါတယ္။

“ဒီစီမံခ်က္နဲ႔ပတ္သက္လို႔ ဆရာတို႔အေနနဲ႔က အေျခခံပညာဦးစီးဌာနက တာဝန္ရွိတဲ့သူေတြနဲ႔ ေဆြးေႏြးတာေတြ လုပ္ေဆာင္ေနပါတယ္၊ အေျခခံပညာဦးစီးဌာနဘက္ကလည္း ဒါကိုက်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ လုပ္ေစခ်င္ပါတယ္၊ ဒါေၾကာင့္လည္း ရန္ကုန္တစ္ခုတည္းမဟုတ္ဘဲ တစ္ႏိုင္ငံ လုံးကို လႊမ္းၿခဳံၿပီး လုပ္ေဆာင္သြားဖို႔ရွိပါတယ္၊ အေသးစိတ္အစီအစဥ္ ေရွ႕တစ္ပတ္ထဲေလာက္ေတာ့ သိရမယ္၊ အဲ့ဒီအခါက်ရင္ ဘယ္ေက်ာင္း‌ေတြ မွာ အရင္ဆုံးစတင္မလဲဆိုတာ အစီအစဥ္ေတြေရးဆြဲမွာ ျဖစ္ပါတယ္”လို႔ အသင္းဥကၠ႒ ဦးဗအုပ္ခိုင္က ရွင္းျပ ပါတယ္။ ျပည္တြင္းက အေျခခံပညာေက်ာင္းေတြမွာ စားသုံးဖို႔မသင့္တဲ့ မုန႔္ေတြပတ္သက္ၿပီး ေရာင္းခ်တာေတြ မရွိေအာင္ ပညာေပးလုပ္ေဆာင္ေနေပမယ့္ အားနည္းခ်က္ေတြရွိေနေသးတဲ့အတြက္ တင္းတင္းၾကပ္ၾကပ္နဲ႔ ထိထိေရာက္ေရာက္ အေျခအေနမ်ိဳးဖန္တီးႏိုင္ေအာင္ လုပ္ေဆာင္ဖို႔ စီစဥ္ ထားတယ္လို႔ သိရပါတယ္။

“အရင္လိုမ်ိဳး ပညာေပးကာလဆိုၿပီး အခ်ိန္အၾကာႀကီးသတ္မွတ္မွာ မဟုတ္ပါဘူး၊ ဆရာတို႔အေနနဲ႔က အခု ပညာေပးကာလကို တစ္လပဲ သတ္မွတ္ မယ္၊ တစ္လျပည့္တဲ့အခါမွာ ေရွာင္တခင္စစ္ေဆးလို႔ ေတြ႕ရွိရင္ လက္ရွိ ရွိေနတဲ့ စားသုံးသူ ဥပေဒေတြနဲ႔အညီ လုပ္ေဆာင္သြားဖို႔ ရွိမယ္၊ ပညာေပးကာလမွာကတည္းက ႀကိဳတင္ၿပီးေတာ့ ခံဝန္ခ်က္လက္မွတ္ ေရးထိုးတာေတြနဲ႔ လုပ္ေဆာင္သြားမယ္၊ ပညာေပးကာလမွာေတာ့ ေဟာေျပာတာေတြလည္း ပါဝင္မွာ ျဖစ္ပါတယ္”လို႔ ၎က ဆက္လက္ရွင္းျပပါတယ္။

ထိုသို႔စစ္ေဆးတဲ့အခါ ေဘးအႏၲရာယ္ကင္းရွင္းေသာ အစားအေသာက္ေတြအျဖစ္ ဖန္တီးႏိုင္တဲ့ ေက်ာင္းမုန႔္ေဈးတန္းေတြကို စံနမူနာျပအျဖစ္ ဂုဏ္ျပဳမွတ္တမ္းတင္တာေတြကိုလည္း လုပ္ေဆာင္ဖို႔ရွိၿပီး က်ယ္ျပန႔္တဲ့အေျခအေနမ်ိဳးျဖစ္ေစႏိုင္ဖို႔ တိုင္ပင္ေဆြးေႏြးေနတာေတြရွိသလို ေက်ာင္းက်န္းမာေရးဆိုင္ရာ တာဝန္ယူေဆာင္႐ြက္ေနတဲ့ ဆရာဆရာမေတြနဲ႔လည္း ပူးေပါင္းလုပ္ေဆာင္သြားဖို႔ရွိေနတယ္လို႔ သိရပါတယ္။ထို႔အျပင္ ရန္ကုန္ၿမိဳ႕ကေဈးေတြမွာလည္း ခြင့္ျပဳထားတာမ်ိဳးမရွိတဲ့ စားေသာက္ကုန္ေတြေရာင္းခ်မႈတာေတြကို စစ္ေဆးအေရးယူသြားႏိုင္ဖို႔လည္း ေဆြးေႏြးတာေတြနဲ႔ လုပ္ေဆာင္ေနလ်က္ရွိပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ေအာက္တိုဘာ ၂၁