“စနေစာပေဝိုင်း” ကို လာမည့် အောက်တိုဘာလမှစ၍ နှစ်လတစ်ကြိမ် ပုံမှန်ကျင်းပသွားမည်

“စနေစာပေဝိုင်း” ကို လာမည့် အောက်တိုဘာလမှစ၍ နှစ်လတစ်ကြိမ် ပုံမှန်ကျင်းပသွားမည်

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ ကြီးမှူး၍ “စနေစာပေဝိုင်း” ကို လာမည့် အောက်တိုဘာလမှ စတင်၍ နှစ်လတစ်ကြိမ် ပုံမှန်ကျင်းပသွားမှာ ဖြစ်တယ်လို့ NLD ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူးနှင့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း နာယကဖြစ်သူ မုံရွာဦးအောင်ရှင် က ပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ ကျင်းပတဲ့ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၏ (၃၈) ကြိမ်မြောက်အဖြစ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားမှာ မုံရွာဦးအောင်ရှင် က ပြောကြားခဲ့တာပါ။

“ဆရာဦးဝင်းတင် ရှိတုန်းက အထူးသဖြင့်တော့ ဟံသာဝတီသတင်းစာတိုက်မှာ ဆရာဦးဝင်းတင် တာဝန်ယူတုန်းက မန္တလေးမှာ စနေစာပေဝိုင်းဆိုတာ လုပ်ခဲ့ပါတယ်။ဒီစနေစာပေဝိုင်းဟာ သာမန်ရိုးရိုးစာပေဝိုင်း မဟုတ်ပါဘူး။အဲ့ကာလက တစ်ပါတီအာဏာရှင်စနစ် လက်အောက်မှာ ရောက်နေဆဲ ဖြစ်သော်ငြားလည်း ဆရာဦးဝင်းတင် ကိုယ်တိုင်ကလည်း အဲ့ဒီအာဏာရှင်စနစ်အောက်က တဝန်ခံအယ်ဒီတာတစ်ယောက် ဖြစ်နေသည့်တိုင်အောင် တစ်ပါတီအာဏာရှင်စနစ်ရဲ့ လိုအပ်တဲ့ ပျော့ကွက် ဟာကွက်တွေ ပြည်သူလူထုရဲ့ ဒုက္ခရောက်နေတဲ့ ကိစ္စရပ်တွေကို ရဲရဲဝင့်ဝင့်နဲ့ ထုတ်ပြနိုင်ခဲ့တဲ့ စာပေဝိုင်းဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒီစာပေဝိုင်းဟာ မကြာခင်မှာပဲ အဖျက်ခံရတယ်။ဆရာဦးဝင်းတင် ကိုယ်တိုင်ကလည်း အလုပ်ကပြုတ်ပြီး ဟံသာဝတီသတင်းစာလည်း ပျက်သွားတယ်။ဒီလိုဝိသေသရှိတဲ့ စနေစာပေဝိုင်းကို ကျနော်တို့ ဆက်ပြီးတော့လုပ်ပါမယ်။စနေစာပေဝိုင်းကို လုပ်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် စာပေဝိုင်းဟာ ရပ်နေပါတယ်။ဒီနေ့ဆက်လုပ်ပါမယ်။တကယ့်ကို အင်နဲ့အားနဲ့လုပ်နိုင်အောင် ကျနော်တို့ ကြိုးစားနေတာဖြစ်ပါတယ်။အဲ့စာပေဝိုင်း ဖြစ်တဲ့အခါမှာလည်း လာရောက်ပြီးတော့ အားပေးနိုင်ပါတယ်။စနေစာပေဝိုင်းမှာ တင်တဲ့စာတမ်းတွေ အပေါ်မှာ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးနိုင်ပါတယ်လို့ ဖိတ်ခေါ်ပါတယ်။” လို့ မုံရွာဦးအောင်ရှင် က ပြောကြားခဲ့ပါတယ်။

ထို့အတူ စာပေဝိုင်းမှာ ဟောပြောဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် စာတမ်းတွေကိုလည်း စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း မုံရွာဦးအောင်ရှင် က ဆိုပါတယ်။

“လာမယ့် အောက်တိုဘာလမှာ စနေစာပေဝိုင်း လုပ်မယ်။ဒါလည်း ဆရာ့ရည်ရွယ်ချက်တွေပါ၊ စနေစာပေဝိုင်းကနေပြီးတော့ ပြီးခဲ့တဲ့နှစ်ပိုင်းက လုပ်ခဲ့တဲ့ စနေစာပေဝိုင်းတွေမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို စာအုပ်ထုတ်နိုင်အောင် ကြိုးစားမယ်။ဆက်ပြီးတော့လုပ်မယ့် စနေစာပေဝိုင်းတွေ စာတမ်းတွေကိုလည်း စာအုပ်အဖြစ်ထုတ်နိုင်အောင် ကြိုးစားပါမယ်၊ အဲ့အတွက်လည်း စီစဉ်ထားဆဲဖြစ်ပါတယ်။ဒါကြောင့် ဆက်ပြောချင်တာကတော့ ဒီဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကြီး အဓွန့်ရှည်နိုင်အောင် အားလုံးဝိုင်းဝန်းပြီးတော့ ကြိုးစားပေးကြပါ။နောက်တစ်ချက်က ဆရာ့ရည်ရွယ်ချက်ဖြစ်တဲ စနေစာပေဝိုင်းနဲ့ စာပေကိစ္စတွေ ဂျာနယ်လုပ်ငန်းတွေကို ဆက်ပြီးတော့ ရှင်သန်အောင် ကြိုးစားပေးကြပါလို့ ပြောချင်ပါတယ်။” လို့ ဖောင်ဒေးရှင်း နာယကဖြစ်သူ မုံရွာဦးအောင်ရှင် က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊စက်တင်ဘာ - ၁၂

( Zawgyi )

ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းမွ ႀကီးမႉး၍ “စေနစာေပဝိုင္း” ကို လာမည့္ ေအာက္တိုဘာလမွ စတင္၍ ႏွစ္လတစ္ႀကိမ္ ပုံမွန္က်င္းပသြားမွာ ျဖစ္တယ္လို႔ NLD ဗဟိုျပန္ၾကားေရးေကာ္မတီ၊ အတြင္းေရးမႉးႏွင့္ ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္း နာယကျဖစ္သူ မုံ႐ြာဦးေအာင္ရွင္ က ေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ က်င္းပတဲ့ ဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္း၏ (၃၈) ႀကိမ္ေျမာက္အျဖစ္ ေထာက္ပံ့ေငြေပးအပ္ျခင္း အခမ္းအနားမွာ မုံ႐ြာဦးေအာင္ရွင္ က ေျပာၾကားခဲ့တာပါ။

“ဆရာဦးဝင္းတင္ ရွိတုန္းက အထူးသျဖင့္ေတာ့ ဟံသာဝတီသတင္းစာတိုက္မွာ ဆရာဦးဝင္းတင္ တာဝန္ယူတုန္းက မႏၲေလးမွာ စေနစာေပဝိုင္းဆိုတာ လုပ္ခဲ့ပါတယ္။ဒီစေနစာေပဝိုင္းဟာ သာမန္႐ိုး႐ိုးစာေပဝိုင္း မဟုတ္ပါဘူး။အဲ့ကာလက တစ္ပါတီအာဏာရွင္စနစ္ လက္ေအာက္မွာ ေရာက္ေနဆဲ ျဖစ္ေသာ္ျငားလည္း ဆရာဦးဝင္းတင္ ကိုယ္တိုင္ကလည္း အဲ့ဒီအာဏာရွင္စနစ္ေအာက္က တဝန္ခံအယ္ဒီတာတစ္ေယာက္ ျဖစ္ေနသည့္တိုင္ေအာင္ တစ္ပါတီအာဏာရွင္စနစ္ရဲ႕ လိုအပ္တဲ့ ေပ်ာ့ကြက္ ဟာကြက္ေတြ ျပည္သူလူထုရဲ႕ ဒုကၡေရာက္ေနတဲ့ ကိစၥရပ္ေတြကို ရဲရဲဝင့္ဝင့္နဲ႔ ထုတ္ျပႏိုင္ခဲ့တဲ့ စာေပဝိုင္းျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ ဒီစာေပဝိုင္းဟာ မၾကာခင္မွာပဲ အဖ်က္ခံရတယ္။ဆရာဦးဝင္းတင္ ကိုယ္တိုင္ကလည္း အလုပ္ကျပဳတ္ၿပီး ဟံသာဝတီသတင္းစာလည္း ပ်က္သြားတယ္။ဒီလိုဝိေသသရွိတဲ့ စေနစာေပဝိုင္းကို က်ေနာ္တို႔ ဆက္ၿပီးေတာ့လုပ္ပါမယ္။စေနစာေပဝိုင္းကို လုပ္ခဲ့ေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စာေပဝိုင္းဟာ ရပ္ေနပါတယ္။ဒီေန႔ဆက္လုပ္ပါမယ္။တကယ့္ကို အင္နဲ႔အားနဲ႔လုပ္ႏိုင္ေအာင္ က်ေနာ္တို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။အဲ့စာေပဝိုင္း ျဖစ္တဲ့အခါမွာလည္း လာေရာက္ၿပီးေတာ့ အားေပးႏိုင္ပါတယ္။စေနစာေပဝိုင္းမွာ တင္တဲ့စာတမ္းေတြ အေပၚမွာ ပြင့္ပြင့္လင္းလင္းနဲ႔ ေဆြးေႏြးႏိုင္ပါတယ္လို႔ ဖိတ္ေခၚပါတယ္။” လို႔ မုံ႐ြာဦးေအာင္ရွင္ က ေျပာၾကားခဲ့ပါတယ္။

ထို႔အတူ စာေပဝိုင္းမွာ ေဟာေျပာေဆြးေႏြးခဲ့သည့္ အေၾကာင္းအရာမ်ားႏွင့္ စာတမ္းေတြကိုလည္း စာအုပ္အျဖစ္ ျပန္လည္ထုတ္ေဝႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္သြားမယ္လို႔လည္း မုံ႐ြာဦးေအာင္ရွင္ က ဆိုပါတယ္။

“လာမယ့္ ေအာက္တိုဘာလမွာ စေနစာေပဝိုင္း လုပ္မယ္။ဒါလည္း ဆရာ့ရည္႐ြယ္ခ်က္ေတြပါ၊ စေနစာေပဝိုင္းကေနၿပီးေတာ့ ၿပီးခဲ့တဲ့ႏွစ္ပိုင္းက လုပ္ခဲ့တဲ့ စေနစာေပဝိုင္းေတြမွာ ေဆြးေႏြးခဲ့တဲ့ အေၾကာင္းအရာေတြကို စာအုပ္ထုတ္ႏိုင္ေအာင္ ႀကိဳးစားမယ္။ဆက္ၿပီးေတာ့လုပ္မယ့္ စေနစာေပဝိုင္းေတြ စာတမ္းေတြကိုလည္း စာအုပ္အျဖစ္ထုတ္ႏိုင္ေအာင္ ႀကိဳးစားပါမယ္၊ အဲ့အတြက္လည္း စီစဥ္ထားဆဲျဖစ္ပါတယ္။ဒါေၾကာင့္ ဆက္ေျပာခ်င္တာကေတာ့ ဒီဟံသာဝတီဦးဝင္းတင္ေဖာင္ေဒးရွင္းႀကီး အဓြန႔္ရွည္ႏိုင္ေအာင္ အားလုံးဝိုင္းဝန္းၿပီးေတာ့ ႀကိဳးစားေပးၾကပါ။ေနာက္တစ္ခ်က္က ဆရာ့ရည္႐ြယ္ခ်က္ျဖစ္တဲ စေနစာေပဝိုင္းနဲ႔ စာေပကိစၥေတြ ဂ်ာနယ္လုပ္ငန္းေတြကို ဆက္ၿပီးေတာ့ ရွင္သန္ေအာင္ ႀကိဳးစားေပးၾကပါလို႔ ေျပာခ်င္ပါတယ္။” လို႔ ေဖာင္ေဒးရွင္း နာယကျဖစ္သူ မုံ႐ြာဦးေအာင္ရွင္ က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊စက္တင္ဘာ - ၁၂