“ယခုတစ်ပတ် အခြေခံစားသောက်ကုန်ဈေးနှုန်း”

“ယခုတစ်ပတ် အခြေခံစားသောက်ကုန်ဈေးနှုန်း”

ဒီတစ်ပတ်မှာ လက်လီဈေးကွက်တွေအတွင်း ဖြစ်ပေါ်နေတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းလို့ ဖော်ပြပေးလိုက်ပါတယ်။

လက်လီဈေးကွက်အတွင်းငြိမ်နေတဲ့ ဆန်

ဆန်ဈေးကွက်ရဲ့ လက္ကားဈေးကွက်ထဲမှာ အရင်အပတ်ကတည်းက ဈေးအနည်းငယ်ကျဆင်းပေမယ့် လက်လီဈေးကွက်ထဲမှာတော့ ဈေးငြိမ်နေသေးတဲ့ အခြေအနေမျိုးတွေ့ရပါတယ်။ ဆန်ဈေးနှုန်းတွေ အနေနဲ့ ဧည့်မထ ၁၂၅၀ ကျပ်၊ ဇီယာ ၁၂၅၀ ကျပ်၊ ဆင်းသွယ် ၁၃၀၀ ကျပ်၊ ခွံနီ ၁၃၅၀ ကျပ်၊ ပေါ်ဆန်း (ရိုးရိုး) ၂၃၀၀ ကျပ်၊ ပဒေသာ ပေါ်ဆန်းမွှေး(ရှယ်) ၂၂၀၀ ကျပ်၊ ပေါ်ဆန်းရင် ၂၄၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း ၂၆၀၀ ကျပ်၊ ငစိန် ၂၅၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း ၂၈၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၃၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရှယ်) ၃၂၀၀ ကျပ် နှုန်း၊ ကောက်ညှင်း ၂၆၀၀ ကျပ် စတဲ့ ဈေးနှုန်းတွေနဲ့ လက်လီဈေးကွက်ထဲ ရောင်းဝယ်နေတာကို တွေ့ရပါတယ်။

ဆီးဈေးမြင့်များနေ

ဒီတစ်ပတ် လက်လီဆီဈေးကွက်ထဲမှာ ဆီဈေးနှုန်းတွေက မြင့်မားနေတဲ့အခြေအနေမျိုးရှိပါတယ်။ အရင်အပတ် ထဲမှာ ဆီအချို့အနည်းငယ်ဈေးမြင့်တက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ဆက်လက် မြင့်တက်တာမျိုးမရှိဘဲ ဈေးအမြင့်ပိုင်းမှာ ရှိနေတာဖြစ်ပါတယ်။ လက်လီဈေးကွက်ထဲက ဆီဈေးနှုန်းတွေ အနေနဲ့ စားအုန်းဆီ တစ်ပိဿာ ၁၉၅၀ ကျပ်၊ မြေပဲဆီတွေအနေနဲ့ မကွေးဆီ ၃၆၅၀ ကျပ်၊ မကွေး ပဲဆီသန့် ၄၂၀၀ ကျပ်၊ အောင်လံဆီ ၃၆၀၀ ကျပ်၊ မြေပဲဆုံဆီ ၄၇၀၀ ကျပ်၊ ဆုံဆီ(ရှယ်) ၆၂၀၀ ကျပ်၊ မြေပဲဆီ(နယ်စုံ)ရိုးရိုး ၂၉၀၀ ကျပ်၊ မြေပဲဆီ(နယ်စုံ) ရှယ် ၃၁၀၀ ကျပ် စတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချနေပြီး ရယ်ဒီ မိတ်ဘူးနဲ့ ရောင်းနေတဲ့ ဆီတွေကတော့ ဈေးနှုန်း အနေနဲ့ ထုတ်လုပ်တဲ့ အမှတ်တံဆိပ်ပေါ် မူတည်လို့ တစ်ပိဿာလျှင် ၇၀၀၀ မှ ၁၀၀၀၀ ကျပ် ကြားလည်းကောင်း ၊ ပြည်ပကနေ တင်သွင်းထားတဲ့ ရယ်ဒီမိတ်ဆီတွေ အနေနဲ့ ၄၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ် ကြား စတဲ့ဈေးနှုန်းတွေနဲ့ ရောင်းဝယ်နေကြပါတယ်။

အရောင်းအဝယ်သွက်နေတဲ့ အသားဈေးကွက်

ဒီတစ်ပတ် လက်လီ အသားဈေးကွက်ထဲမှာ အရင်အပတ်နဲ့ယှဉ်ကြည့်ရင် အရောင်းအဝယ်သွက်နေ တာကို တွေ့ရပါတယ်။ ဈေးနှုန်းတွေအနေနဲ့မြင့်မားတာမျိုးမရှိပါဘူး၊ ဒီအပတ်မှာ ဗမာကြက်တစ်ဆယ် သား ကို ၁၆၀၀ ကျပ်၊ အသားတိုး ကြက် တစ်ဆယ်သားကို ၇၀၀ ကျပ်ဈေးရှိနေပြီး အကောင်လိုက် အနေနဲ့ ဗမာကြက် ၂၅၀၀ ကျပ်၊ အသားတိုး ကြက် ၁၆၀၀ ကျပ်စတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းနေတာဖြစ် ပြီး ဝက်သားအနေနဲ့ သုံးထပ်သားကို တစ်ဆယ်သား ၁၀၀၀ ကျပ်၊ အဆီအသား (ရောရာ)အနေနဲ့ ၁၀၀၀ ကျပ်၊ အသားချည်း သီးသန့်အနေနဲ့ ၁၇၀၀ ကျပ် ဈေးတွေနဲ့ ရောင်းနေကြပြီး အမဲသားကတော့ ၁၇၀၀ ကျပ်၊ ဆိတ်သား တစ်ဆယ်သား ၃၀၀၀ ကျပ်၊ ဆိတ်ကလီစာ (အဆုတ်အပါအဝင်) ၁၉၀၀ ကျပ် စတဲ့ ဈေးနှုန်းတွေနဲ့ လက်လီဈေးကွက်ထဲ ရောင်းဝယ်နေကြပါတယ်။

ရေချိုငါးများ အများအပြားဈေးကွက်ထဲဝင်လာ

လက်လီဈေးကွက်ထဲက ငါးဈေးကွက်ထဲမှာ ရေချိုငါးတွေ အများအပြားဝင်ရောက်လာတာကို ဒီအပတ် မှာ တွေ့ရပါတယ်။ ဈေးနှုန်းအနေနဲ့အပြောင်းအလဲမရှိပါဘူး၊ လယ်ငါးခူတွေအနေနဲ့တော့ အနည်းငယ် ဈေးကျဆင်းတာကို တွေ့ရပါတယ်။ လက်လီဈေးကွက်ထဲက ငါးဈေးနှုန်းတွေအနေနဲ့ ငါးမြစ်ချင်း အကောင်သေး တစ်ဆယ်သား ၈၀၀ ကျပ်၊ အကောင်ကြီး ၉၀၀ ကျပ်၊ ငါးကြင်း အကောင်သေး တစ်ဆယ်သား ၈၀၀ ကျပ်၊ ငါးကြင်း အကောင်ကြီး တစ်ဆယ်သား ၁၀၀၀ ကျပ်၊ ငါးရံ့ တစ်ဆယ်သား ၁၅၀၀ ကျပ်၊ ငါးခူ တစ်ဆယ်သား ၁၂၀၀ ကျပ်၊ ငါးကျီး တစ်ဆယ်သား ၂၀၀၀ ကျပ်၊ ငါးဖယ်ခြစ် (ငါးဖယ်အစစ်) တစ်ဆယ်သား ၂၅၀၀ ကျပ်၊ ငါးခြစ် (ငါးဖယ်အစစ် မဟုတ်) ၁၁၀၀ ကျပ် ဈေးရှိနေပါတယ်။ ပုစွန်ကျော့ တစ်ဆယ်သား ၉၀၀ ကျပ်၊ ရေချိုပုစွန် ၁၈၀၀ ကျပ်၊ ပုစွန်ထုပ်(အလတ်) တစ်ဆယ်သား ၂၂၀၀ ကျပ်၊ ပုစွန်ထုပ်(အကောင်ကြီး) တစ်ဆယ်သား ၃၅၀၀ ကျပ်၊ ကကတစ် ၂၀၀၀ ကျပ်၊ ငါးပုံငါး ၁၈၀၀ ကျပ် စတဲ့ဈေးနှုန်းတွေနဲ့ ရောင်းဝယ်နေကြပါတယ်။

ကြက်သွန်သစ်များဝင်ရောက်လာတဲ့ ကုန်ခြောက်ဈေးကွက်

ဒီတစ်ပတ် လက်လီဈေးကွက်ထဲက ကုန်ခြောက်ဈေးကွက်ထဲကို ကြက်သွန်အသစ်တွေ ဝင်ရောက် လာတာ တွေ့ရပါတယ်။ ဈေးကွက်ထဲမှာ ယခုလိုဝင်ရောက်ပေမယ့် ဈေးနှုန်းအနေနဲ့က ကျဆင်းတာ မျိုး မရှိပါဘူး၊ ယခင်အပတ်တွေက အရောင်းအဝယ်ကောင်းခဲ့တဲ့ ကြက်သွန်ဈေးကွက်ဟာ ဒီအပတ် မှာတော့ အရင်အပတ်လောက် ရောင်းအားမကောင်းတော့ပေမယ့် အရောင်းအဝယ် ပုံမှန်အခြေနေ သာ ဈေးအနိမ့်ပိုင်း မျိုးနဲ့ ရောင်းနေကြတာကို တွေ့ရပါတယ်။ ဒီတစ်ပတ်မှာ ကြက်သွန်နီ (မြစ်သား) တစ်ဆယ်သား ၁၁၀ ကျပ်၊ ကြက်သွန်နီ (ဆိပ်ဖြူ) ၁၅၀ ကျပ်၊ ကြက်သွန်နီ (ရှမ်း) ၁၃၀ ကျပ်၊ ကြက်သွန်ဖြူ (အမွှာသေး) ၂၁၀ ကျပ်၊ ကြက်သွန်ဖြူ (ဥတစ်လုံး) ၃၄၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ၁၅၀ ကျပ် စတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းဝယ် နေကြပြီး ပြည်ပကနေ တင်သွင်းထားတဲ့ ကြက်သွန်နီ ဥအကြီး တွေကတော့ တစ်ပိဿာကို ၈၀၀ ကျပ်ဈေး၊ အာလူး ကတော့ တစ်ဆယ်သား ကို ၁၈၀ ကျပ်၊ ပဲနီလေးနဲ့ပဲဝါလေး က တစ်ဆယ်သား ၅၀၀ ကျပ်၊ ကုလားပဲ တစ်ဆယ်သား ၄၀၀ ကျပ် စတဲ့ ဈေးနှုန်းတွေ နဲ့ လက်လီဈေးကွက်ထဲ ရောင်းဝယ်နေတာကို တွေ့ရပါတယ်။

အဆိုပါဈေးနှုန်းတွေက အောက်တိုဘာ ၂၇ ရက်မှာဖြစ်ပေါ်နေတဲ့ ရန်ကုန်မြို့၊ ဆင်ခြေဖုံးဒေသတွေက လက်လီဈေးကွက်အခြေအနေတွေပဲ ဖြစ်ပါတယ်။ ဈေးတည်ရှိရာမြို့နယ် နေရာတစ်ခုနဲ့တစ်ခု ကွာခြားမှုအပေါ် မူတည်ပြီးတော့ ဈေးနှုန်းအနည်းငယ်တော့ အပြောင်းအလဲရှိနိုင်ပါတယ်။

 ဇွဲမာန်

(  Zawgyi  )

 ဒီတစ္ပတ္မွာ လက္လီေဈးကြက္ေတြအတြင္း ျဖစ္ေပၚေနတဲ့ အေျခခံစားေသာက္ကုန္ပစၥည္းေတြရဲ႕ ေဈးႏႈန္းေတြနဲ႔ ပတ္သက္ၿပီး စုံစမ္းလို႔ ေဖာ္ျပေပးလိုက္ပါတယ္။

လက္လီေဈးကြက္အတြင္းၿငိမ္ေနတဲ့ ဆန္

ဆန္ေဈးကြက္ရဲ႕ လကၠားေဈးကြက္ထဲမွာ အရင္အပတ္ကတည္းက ေဈးအနည္းငယ္က်ဆင္းေပမယ့္ လက္လီေဈးကြက္ထဲမွာေတာ့ ေဈးၿငိမ္ေနေသးတဲ့ အေျခအေနမ်ိဳးေတြ႕ရပါတယ္။ ဆန္ေဈးႏႈန္းေတြ အေနနဲ႔ ဧည့္မထ ၁၂၅၀ က်ပ္၊ ဇီယာ ၁၂၅၀ က်ပ္၊ ဆင္းသြယ္ ၁၃၀၀ က်ပ္၊ ခြံနီ ၁၃၅၀ က်ပ္၊ ေပၚဆန္း (႐ိုး႐ိုး) ၂၃၀၀ က်ပ္၊ ပေဒသာ ေပၚဆန္းေမႊး(ရွယ္) ၂၂၀၀ က်ပ္၊ ေပၚဆန္းရင္ ၂၄၀၀ က်ပ္၊ ဧရာဝတီ ေပၚဆန္း ၂၆၀၀ က်ပ္၊ ငစိန္ ၂၅၀၀ က်ပ္၊ ဖ်ာပုံေပၚဆန္း ၂၈၀၀ က်ပ္၊ ေ႐ႊဘိုေပၚဆန္း ၃၀၀၀ က်ပ္၊ ေ႐ႊဘိုေပၚဆန္း (ရွယ္) ၃၂၀၀ က်ပ္ ႏႈန္း၊ ေကာက္ညႇင္း ၂၆၀၀ က်ပ္ စတဲ့ ေဈးႏႈန္းေတြနဲ႔ လက္လီေဈးကြက္ထဲ ေရာင္းဝယ္ေနတာကို ေတြ႕ရပါတယ္။

ဆီးေဈးျမင့္မ်ားေန

ဒီတစ္ပတ္ လက္လီဆီေဈးကြက္ထဲမွာ ဆီေဈးႏႈန္းေတြက ျမင့္မားေနတဲ့အေျခအေနမ်ိဳးရွိပါတယ္။ အရင္အပတ္ ထဲမွာ ဆီအခ်ိဳ႕အနည္းငယ္ေဈးျမင့္တက္လာေပမယ့္ ဒီတစ္ပတ္မွာေတာ့ ဆက္လက္ ျမင့္တက္တာမ်ိဳးမရွိဘဲ ေဈးအျမင့္ပိုင္းမွာ ရွိေနတာျဖစ္ပါတယ္။ လက္လီေဈးကြက္ထဲက ဆီေဈးႏႈန္းေတြ အေနနဲ႔ စားအုန္းဆီ တစ္ပိႆာ ၁၉၅၀ က်ပ္၊ ေျမပဲဆီေတြအေနနဲ႔ မေကြးဆီ ၃၆၅၀ က်ပ္၊ မေကြး ပဲဆီသန႔္ ၄၂၀၀ က်ပ္၊ ေအာင္လံဆီ ၃၆၀၀ က်ပ္၊ ေျမပဲဆုံဆီ ၄၇၀၀ က်ပ္၊ ဆုံဆီ(ရွယ္) ၆၂၀၀ က်ပ္၊ ေျမပဲဆီ(နယ္စုံ)႐ိုး႐ိုး ၂၉၀၀ က်ပ္၊ ေျမပဲဆီ(နယ္စုံ) ရွယ္ ၃၁၀၀ က်ပ္ စတဲ့ ေဈးႏႈန္းေတြနဲ႔ ေရာင္းခ်ေနၿပီး ရယ္ဒီ မိတ္ဘူးနဲ႔ ေရာင္းေနတဲ့ ဆီေတြကေတာ့ ေဈးႏႈန္း အေနနဲ႔ ထုတ္လုပ္တဲ့ အမွတ္တံဆိပ္ေပၚ မူတည္လို႔ တစ္ပိႆာလွ်င္ ၇၀၀၀ မွ ၁၀၀၀၀ က်ပ္ ၾကားလည္းေကာင္း ၊ ျပည္ပကေန တင္သြင္းထားတဲ့ ရယ္ဒီမိတ္ဆီေတြ အေနနဲ႔ ၄၀၀၀ က်ပ္ မွ ၁၂၀၀၀ က်ပ္ ၾကား စတဲ့ေဈးႏႈန္းေတြနဲ႔ ေရာင္းဝယ္ေနၾကပါတယ္။

အေရာင္းအဝယ္သြက္ေနတဲ့ အသားေဈးကြက္

ဒီတစ္ပတ္ လက္လီ အသားေဈးကြက္ထဲမွာ အရင္အပတ္နဲ႔ယွဥ္ၾကည့္ရင္ အေရာင္းအဝယ္သြက္ေန တာကို ေတြ႕ရပါတယ္။ ေဈးႏႈန္းေတြအေနနဲ႔ျမင့္မားတာမ်ိဳးမရွိပါဘူး၊ ဒီအပတ္မွာ ဗမာၾကက္တစ္ဆယ္ သား ကို ၁၆၀၀ က်ပ္၊ အသားတိုး ၾကက္ တစ္ဆယ္သားကို ၇၀၀ က်ပ္ေဈးရွိေနၿပီး အေကာင္လိုက္ အေနနဲ႔ ဗမာၾကက္ ၂၅၀၀ က်ပ္၊ အသားတိုး ၾကက္ ၁၆၀၀ က်ပ္စတဲ့ ေဈးႏႈန္းေတြနဲ႔ ေရာင္းေနတာျဖစ္ ၿပီး ဝက္သားအေနနဲ႔ သုံးထပ္သားကို တစ္ဆယ္သား ၁၀၀၀ က်ပ္၊ အဆီအသား (ေရာရာ)အေနနဲ႔ ၁၀၀၀ က်ပ္၊ အသားခ်ည္း သီးသန႔္အေနနဲ႔ ၁၇၀၀ က်ပ္ ေဈးေတြနဲ႔ ေရာင္းေနၾကၿပီး အမဲသားကေတာ့ ၁၇၀၀ က်ပ္၊ ဆိတ္သား တစ္ဆယ္သား ၃၀၀၀ က်ပ္၊ ဆိတ္ကလီစာ (အဆုတ္အပါအဝင္) ၁၉၀၀ က်ပ္ စတဲ့ ေဈးႏႈန္းေတြနဲ႔ လက္လီေဈးကြက္ထဲ ေရာင္းဝယ္ေနၾကပါတယ္။

ေရခ်ိဳငါးမ်ား အမ်ားအျပားေဈးကြက္ထဲဝင္လာ

လက္လီေဈးကြက္ထဲက ငါးေဈးကြက္ထဲမွာ ေရခ်ိဳငါးေတြ အမ်ားအျပားဝင္ေရာက္လာတာကို ဒီအပတ္ မွာ ေတြ႕ရပါတယ္။ ေဈးႏႈန္းအေနနဲ႔အေျပာင္းအလဲမရွိပါဘူး၊ လယ္ငါးခူေတြအေနနဲ႔ေတာ့ အနည္းငယ္ ေဈးက်ဆင္းတာကို ေတြ႕ရပါတယ္။ လက္လီေဈးကြက္ထဲက ငါးေဈးႏႈန္းေတြအေနနဲ႔ ငါးျမစ္ခ်င္း အေကာင္ေသး တစ္ဆယ္သား ၈၀၀ က်ပ္၊ အေကာင္ႀကီး ၉၀၀ က်ပ္၊ ငါးၾကင္း အေကာင္ေသး တစ္ဆယ္သား ၈၀၀ က်ပ္၊ ငါးၾကင္း အေကာင္ႀကီး တစ္ဆယ္သား ၁၀၀၀ က်ပ္၊ ငါးရံ႕ တစ္ဆယ္သား ၁၅၀၀ က်ပ္၊ ငါးခူ တစ္ဆယ္သား ၁၂၀၀ က်ပ္၊ ငါးက်ီး တစ္ဆယ္သား ၂၀၀၀ က်ပ္၊ ငါးဖယ္ျခစ္ (ငါးဖယ္အစစ္) တစ္ဆယ္သား ၂၅၀၀ က်ပ္၊ ငါးျခစ္ (ငါးဖယ္အစစ္ မဟုတ္) ၁၁၀၀ က်ပ္ ေဈးရွိေနပါတယ္။ ပုစြန္ေက်ာ့ တစ္ဆယ္သား ၉၀၀ က်ပ္၊ ေရခ်ိဳပုစြန္ ၁၈၀၀ က်ပ္၊ ပုစြန္ထုပ္(အလတ္) တစ္ဆယ္သား ၂၂၀၀ က်ပ္၊ ပုစြန္ထုပ္(အေကာင္ႀကီး) တစ္ဆယ္သား ၃၅၀၀ က်ပ္၊ ကကတစ္ ၂၀၀၀ က်ပ္၊ ငါးပုံငါး ၁၈၀၀ က်ပ္ စတဲ့ေဈးႏႈန္းေတြနဲ႔ ေရာင္းဝယ္ေနၾကပါတယ္။

ၾကက္သြန္သစ္မ်ားဝင္ေရာက္လာတဲ့ ကုန္ေျခာက္ေဈးကြက္

ဒီတစ္ပတ္ လက္လီေဈးကြက္ထဲက ကုန္ေျခာက္ေဈးကြက္ထဲကို ၾကက္သြန္အသစ္ေတြ ဝင္ေရာက္ လာတာ ေတြ႕ရပါတယ္။ ေဈးကြက္ထဲမွာ ယခုလိုဝင္ေရာက္ေပမယ့္ ေဈးႏႈန္းအေနနဲ႔က က်ဆင္းတာ မ်ိဳး မရွိပါဘူး၊ ယခင္အပတ္ေတြက အေရာင္းအဝယ္ေကာင္းခဲ့တဲ့ ၾကက္သြန္ေဈးကြက္ဟာ ဒီအပတ္ မွာေတာ့ အရင္အပတ္ေလာက္ ေရာင္းအားမေကာင္းေတာ့ေပမယ့္ အေရာင္းအဝယ္ ပုံမွန္အေျခေန သာ ေဈးအနိမ့္ပိုင္း မ်ိဳးနဲ႔ ေရာင္းေနၾကတာကို ေတြ႕ရပါတယ္။ ဒီတစ္ပတ္မွာ ၾကက္သြန္နီ (ျမစ္သား) တစ္ဆယ္သား ၁၁၀ က်ပ္၊ ၾကက္သြန္နီ (ဆိပ္ျဖဴ) ၁၅၀ က်ပ္၊ ၾကက္သြန္နီ (ရွမ္း) ၁၃၀ က်ပ္၊ ၾကက္သြန္ျဖဴ (အမႊာေသး) ၂၁၀ က်ပ္၊ ၾကက္သြန္ျဖဴ (ဥတစ္လုံး) ၃၄၀ က်ပ္၊ ၾကက္သြန္ျဖဴ (ၾကဴကုတ္) ၁၅၀ က်ပ္ စတဲ့ ေဈးႏႈန္းေတြနဲ႔ ေရာင္းဝယ္ ေနၾကၿပီး ျပည္ပကေန တင္သြင္းထားတဲ့ ၾကက္သြန္နီ ဥအႀကီး ေတြကေတာ့ တစ္ပိႆာကို ၈၀၀ က်ပ္ေဈး၊ အာလူး ကေတာ့ တစ္ဆယ္သား ကို ၁၈၀ က်ပ္၊ ပဲနီေလးနဲ႔ပဲဝါေလး က တစ္ဆယ္သား ၅၀၀ က်ပ္၊ ကုလားပဲ တစ္ဆယ္သား ၄၀၀ က်ပ္ စတဲ့ ေဈးႏႈန္းေတြ နဲ႔ လက္လီေဈးကြက္ထဲ ေရာင္းဝယ္ေနတာကို ေတြ႕ရပါတယ္။

အဆိုပါေဈးႏႈန္းေတြက ေအာက္တိုဘာ ၂၇ ရက္မွာျဖစ္ေပၚေနတဲ့ ရန္ကုန္ၿမိဳ႕၊ ဆင္ေျခဖုံးေဒသေတြက လက္လီေဈးကြက္အေျခအေနေတြပဲ ျဖစ္ပါတယ္။ ေဈးတည္ရွိရာၿမိဳ႕နယ္ ေနရာတစ္ခုနဲ႔တစ္ခု ကြာျခားမႈအေပၚ မူတည္ၿပီးေတာ့ ေဈးႏႈန္းအနည္းငယ္ေတာ့ အေျပာင္းအလဲရွိႏိုင္ပါတယ္။

 ဇြဲမာန္