“ မောင်မောင်ခေါ်တုန်း ဗျာထူးရင်ကောင်းမည်”ဟု ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအတွက် ဆို

“ မောင်မောင်ခေါ်တုန်း ဗျာထူးရင်ကောင်းမည်”ဟု ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအတွက် ဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါဝင်ရေးဖိတ်ခေါ်မှုအတွက်မောင်မောင်ခေါ်တုန်းဗျာထူးရင်ကောင်းမည်ဟုတပ်မတော်သတင်းအမှန်ပြန်ကြားရေးဥက္ကဋ္ဌဗိုလ်ချုပ် စိုးနိုင်ဦးမှ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်စစ် သမိုင်းပြ တိုက်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းအမှန်ပြန်ကြားရေးသတင်းစာရှင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

“ ငြိမ်းချမ်းရေးဆောင်ရွက်မယ်ဆိုတာ တပ်မတော် ရဲ့မူဝါဒဖြစ်တယ်။ အဲ့လိုဆောင်ရွက်တဲ့ အခါမှာ လည်း ကျွန် တော်တို့က NCA လမ်းကြောင်းအတိုင်းသွားမယ်။ ဒီမိုကရေစီ ခိုင်မာအောင်မြင်ဖို့ အတွက် တပ်မတော် က ကူညီဆောင်ရွက်မယ်။ ဒါ တပ်မတော်ရဲ့မူဝါဒဖြစ်တယ်။ နောက်တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့အပိုင်းပေါ့ ၊ ဒီမိုကရေစီ ခိုင်မာအောင်မြင်ဖို့ နိုင်ငံတော် တည်ငြိမ်းအေးချမ်းပြီးတော့ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်ထောင်စုမပြိုကွဲဖို့နဲ့ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲဖို့ ငြိမ်းချမ်းရေး လိုအပ်တယ်။ ဒါကြောင့်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေမှာပါဝင် ဖို့ကျွန်တော်တို ဖိတ်တယ်။

အစိုးရနဲ့တပ်မတော်ကဖိတ်တယ်။ ပါဝင်ခြင်းမပါဝင်ခြင်း ကတော့ သူတို့ရဲ့ရွေးချယ်မှုပဲဖြစ်တယ်။ ကျွန်တော့်ပြောချင်တဲ့စကားအားလုံးကိုချုပ်ပြီး တစ်လုံးတည်းပြောရင် တော့ မောင်မောင်ခေါ်တုန်း ဗျာထူးရင်တော့ကောင်းမယ်လို့ သုံးသပ်ပြောကြားလိုပါတယ် ”ဟု တပ်မတော် သတင်းအမှန်ပြန်ကြားရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်စိုးနိုင်ဦးမှ “ကျွန်တော်တို့နိုင်ငံသွားနေတာက ဒီမိုကရေစီ ကိုသွားတာ ။ ဒီမိုကရေစီ ဆိုတာက of the people, for the people, by the people ။အဲ့ဒီတော့ဆိုလိုတာက ပြည်သူကိုဗဟိုပြုတာ နိုင်ငံတော်ကို ဗဟို ပြုတာ။ ပြည်သူတွေအားလုံးပါဝင်ပြီးတော့ နိုင်ငံတော်ကိုတည်ဆောက်တာ အဲ့ဒါဒီမိုကရေစီ ။ အခုဆက် ပြောချင် တာက insurgency  ။ insurgency ကို ကျွန်တော်တို့ နိုင်ငံတကာဖြစ်စဉ်တွေမှာလေ့လာရင် (၃)မျိုးတွေ့ရတယ်။ နံပါတ်တစ်က အယူဝါဒရေးရာကွဲပြား မှုကြောင့်ပေါ်ပေါက်လာတာ နောက်ကျွန်တော်တို့ ကျဉ်းမြောင်းတဲ့ လူမျိုး ရေးစိတ်ဓာတ် အရပေါ်ပေါက် လာတာ ဒါနံပါတ်နှစ် နံပါတ်သုံးကတော့ ဘာသာရေးပေါ်မှာအခြေခံပြီးတော့ ပေါ်ပေါက် လာတာ ဒီ insurgency သုံးမျိုး ရှိတယ်။ အဲ့ဒီသုံးမျိုးစလုံးကဘယ်ကို ဗဟိုပြုလဲဆိုတော့ သူတို့ ကိုယ်စား ပြုတဲ့ အဖွဲ့အစည်းကိုပဲ ဗဟိုပြုတယ်။ ပြည်သူတွေကိုဗဟိုမပြုဘူး နိုင်ငံတော်ကို ဗဟိုမပြု ဘူး သူတို့အဖွဲ့အစည်း အတွက်ပဲဗဟိုပြုတာဖြစ်တယ်။

 ဒါဆိုရင်ဒီမိုကရေစီကနိုင်ငံတော်ကို ဗဟိုပြုရင် ပြည်သူတွေအားလုံး ကိုဗဟိုပြု တယ်။ insurgency က သူ့အဖွဲ့အစည်းကိုပဲ ဗဟိုပြုတယ် ။ ကျွန်တော်တို့က ဒီမိုကရေစီ သွားမယ်ဆိုရင် insurgency က လက်ခံလို့မရဘူး။ ဒါက ကျွန်တော်တို့ သီအိုရီပိုင်းအရပဲပြောပြောဒါအဓိပ္ပါယ် ဖွင့်ဆိုပြီးတော့ ပြောခြင်းဖြစ်တယ်။ ကျွန်တော်တို့နိူင်ငံ က ဒီမိုကရေစီ ကိုလည်းသွားနေတယ်။ insurgency လည်းရှိနေတယ်။ ဒါဆိုရင် insurgency မရှိဖို့အတွက် ကျွန်တော်တို့က ငြိမ်းချမ်းရေး လုပ်ဖို့လိုတယ် ဆိုတဲ့အယူအဆ ရှိတယ်။ ဒါကြောင့်နိုင်ငံတော်အစိုးရရောတပ်မတော်ရော လုပ်တယ်။

ဒါကအခုမှမဟုတ်ဘူး အစိုးရအဆက်ဆက်လုပ်တယ်။ ယခုလက်ရှိလည်းပဲ နိုင်ငံတော်အစိုးရရော တပ်မတော်ရော ငြိမ်းချမ်းရေး ကိစ္စကိုဆောင်ရွက်နေတယ်။ အဲ့ဒီတော့ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ ခိုင်မာအောင်မြင်ဖို့ ငြိမ်းချမ်းရေးရဖို့လိုတယ်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ငြိမ်းချမ်းရေးရဖို့ လိုတယ် ပြည်ထောင်စုမပြိုကွဲဖို့နဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့ ငြိမ်းချမ်းရေးရဖို့လိုတယ် ဒီအချက်တွေကြောင့်မို့လို့ နိုင်ငံတော်အစိုးရနဲ့တပ်မတော်က ငြိမ်းချမ်းရေး ကမ်းလှမ်းတယ် “ လို့ သတင်းထောက်များအားပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊အောက်တိုဘာ-၂၆။

(  Zawgyi  )

 ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ပါဝင္ေရးဖိတ္ေခၚမႈအတြက္ေမာင္ေမာင္ေခၚတုန္းဗ်ာထူးရင္ေကာင္းမည္ဟုတပ္မေတာ္သတင္းအမွန္ျပန္ၾကားေရးဥကၠ႒ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦးမွ ယေန႔မြန္းလြဲပိုင္းက ေနျပည္ေတာ္စစ္ သမိုင္းျပ တိုက္မွာ ျပဳလုပ္တဲ့ တပ္မေတာ္သတင္းအမွန္ျပန္ၾကားေရးသတင္းစာရွင္းပြဲမွာ ေျပာၾကား လိုက္ပါတယ္။

“ ၿငိမ္းခ်မ္းေရးေဆာင္႐ြက္မယ္ဆိုတာ တပ္မေတာ္ ရဲ႕မူဝါဒျဖစ္တယ္။ အဲ့လိုေဆာင္႐ြက္တဲ့ အခါမွာ လည္း ကြၽန္ ေတာ္တို႔က NCA လမ္းေၾကာင္းအတိုင္းသြားမယ္။ ဒီမိုကေရစီ ခိုင္မာေအာင္ျမင္ဖို႔ အတြက္ တပ္မေတာ္ က ကူညီေဆာင္႐ြက္မယ္။ ဒါ တပ္မေတာ္ရဲ႕မူဝါဒျဖစ္တယ္။ ေနာက္တျခား လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ပတ္သက္တဲ့အပိုင္းေပါ့ ၊ ဒီမိုကေရစီ ခိုင္မာေအာင္ျမင္ဖို႔ ႏိုင္ငံေတာ္ တည္ၿငိမ္းေအးခ်မ္းၿပီးေတာ့ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ျပည္ေထာင္စုမၿပိဳကြဲဖို႔နဲ႔ အခ်ဳပ္အျခာအာဏာ တည္တံ့ ခိုင္ၿမဲဖို႔ ၿငိမ္းခ်မ္းေရး လိုအပ္တယ္။ ဒါေၾကာင့္ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္ေတြမွာပါဝင္ ဖို႔ကြၽန္ေတာ္တို ဖိတ္တယ္။

အစိုးရနဲ႔တပ္မေတာ္ကဖိတ္တယ္။ ပါဝင္ျခင္းမပါဝင္ျခင္း ကေတာ့ သူတို႔ရဲ႕ေ႐ြးခ်ယ္မႈပဲျဖစ္တယ္။ ကြၽန္ေတာ့္ေျပာခ်င္တဲ့စကားအားလုံးကိုခ်ဳပ္ၿပီး တစ္လုံးတည္းေျပာရင္ ေတာ့ ေမာင္ေမာင္ေခၚတုန္း ဗ်ာထူးရင္ေတာ့ေကာင္းမယ္လို႔ သုံးသပ္ေျပာၾကားလိုပါတယ္ ”ဟု တပ္မေတာ္ သတင္းအမွန္ျပန္ၾကားေရး ဥကၠ႒ ဗိုလ္ခ်ဳပ္စိုးႏိုင္ဦးက ေျပာၾကားခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္စိုးႏိုင္ဦးမွ “ကြၽန္ေတာ္တို႔ႏိုင္ငံသြားေနတာက ဒီမိုကေရစီ ကိုသြားတာ ။ ဒီမိုကေရစီ ဆိုတာက of the people, for the people, by the people ။အဲ့ဒီေတာ့ဆိုလိုတာက ျပည္သူကိုဗဟိုျပဳတာ ႏိုင္ငံေတာ္ကို ဗဟို ျပဳတာ။ ျပည္သူေတြအားလုံးပါဝင္ၿပီးေတာ့ ႏိုင္ငံေတာ္ကိုတည္ေဆာက္တာ အဲ့ဒါဒီမိုကေရစီ ။ အခုဆက္ ေျပာခ်င္ တာက insurgency  ။ insurgency ကို ကြၽန္ေတာ္တို႔ ႏိုင္ငံတကာျဖစ္စဥ္ေတြမွာေလ့လာရင္ (၃)မ်ိဳးေတြ႕ရတယ္။ နံပါတ္တစ္က အယူဝါဒေရးရာကြဲျပား မႈေၾကာင့္ေပၚေပါက္လာတာ ေနာက္ကြၽန္ေတာ္တို႔ က်ဥ္းေျမာင္းတဲ့ လူမ်ိဳး ေရးစိတ္ဓာတ္ အရေပၚေပါက္ လာတာ ဒါနံပါတ္ႏွစ္ နံပါတ္သုံးကေတာ့ ဘာသာေရးေပၚမွာအေျခခံၿပီးေတာ့ ေပၚေပါက္ လာတာ ဒီ insurgency သုံးမ်ိဳး ရွိတယ္။ အဲ့ဒီသုံးမ်ိဳးစလုံးကဘယ္ကို ဗဟိုျပဳလဲဆိုေတာ့ သူတို႔ ကိုယ္စား ျပဳတဲ့ အဖြဲ႕အစည္းကိုပဲ ဗဟိုျပဳတယ္။ ျပည္သူေတြကိုဗဟိုမျပဳဘူး ႏိုင္ငံေတာ္ကို ဗဟိုမျပဳ ဘူး သူတို႔အဖြဲ႕အစည္း အတြက္ပဲဗဟိုျပဳတာျဖစ္တယ္။

 ဒါဆိုရင္ဒီမိုကေရစီကႏိုင္ငံေတာ္ကို ဗဟိုျပဳရင္ ျပည္သူေတြအားလုံး ကိုဗဟိုျပဳ တယ္။ insurgency က သူ႔အဖြဲ႕အစည္းကိုပဲ ဗဟိုျပဳတယ္ ။ ကြၽန္ေတာ္တို႔က ဒီမိုကေရစီ သြားမယ္ဆိုရင္ insurgency က လက္ခံလို႔မရဘူး။ ဒါက ကြၽန္ေတာ္တို႔ သီအိုရီပိုင္းအရပဲေျပာေျပာဒါအဓိပၸါယ္ ဖြင့္ဆိုၿပီးေတာ့ ေျပာျခင္းျဖစ္တယ္။ ကြၽန္ေတာ္တို႔ႏိူင္ငံ က ဒီမိုကေရစီ ကိုလည္းသြားေနတယ္။ insurgency လည္းရွိေနတယ္။ ဒါဆိုရင္ insurgency မရွိဖို႔အတြက္ ကြၽန္ေတာ္တို႔က ၿငိမ္းခ်မ္းေရး လုပ္ဖို႔လိုတယ္ ဆိုတဲ့အယူအဆ ရွိတယ္။ ဒါေၾကာင့္ႏိုင္ငံေတာ္အစိုးရေရာတပ္မေတာ္ေရာ လုပ္တယ္။

ဒါကအခုမွမဟုတ္ဘူး အစိုးရအဆက္ဆက္လုပ္တယ္။ ယခုလက္ရွိလည္းပဲ ႏိုင္ငံေတာ္အစိုးရေရာ တပ္မေတာ္ေရာ ၿငိမ္းခ်မ္းေရး ကိစၥကိုေဆာင္႐ြက္ေနတယ္။ အဲ့ဒီေတာ့ကြၽန္ေတာ္တို႔ႏိုင္ငံ ဒီမိုကေရစီ ခိုင္မာေအာင္ျမင္ဖို႔ ၿငိမ္းခ်မ္းေရးရဖို႔လိုတယ္တည္ၿငိမ္ေအးခ်မ္းၿပီး ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ၿငိမ္းခ်မ္းေရးရဖို႔ လိုတယ္ ျပည္ေထာင္စုမၿပိဳကြဲဖို႔နဲ႔ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲဖို႔ ၿငိမ္းခ်မ္းေရးရဖို႔လိုတယ္ ဒီအခ်က္ေတြေၾကာင့္မို႔လို႔ ႏိုင္ငံေတာ္အစိုးရနဲ႔တပ္မေတာ္က ၿငိမ္းခ်မ္းေရး ကမ္းလွမ္းတယ္ “ လို႔ သတင္းေထာက္မ်ား အားေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ေအာက္တိုဘာ-၂၆။