【ပြည်တွင်း】တရုတ်ထုတ် လျှစ်စစ်ကားများ နေပြည်တော်နှင့် ရန်ကုန်တွင် အခြေပြုပြေးဆွဲမည်

【ပြည်တွင်း】တရုတ်ထုတ် လျှစ်စစ်ကားများ နေပြည်တော်နှင့် ရန်ကုန်တွင် အခြေပြုပြေးဆွဲမည် 

တရုတ်ထုတ် လျှပ်စစ်ကား အစီး ၄၀ ပြည်တွင်းသို့ စတင်ရောက်ရှိလာပြီဖြစ်ကာ ရန်ကုန်လေဆိပ်နဲ့ နေပြည်တော် သပြေကုန်းစျေးမှာ အခြေပြုပြီးတက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲမယ်လို့ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ယခုရောက်ရှိလာသော ယာဉ်များဟာ တရုတ်နိုင်ငံမှထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲအသုံးပြုမည့် လျှပ်စစ်သုံးယာဉ်များဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လျှပ်စစ်ကားတွေထဲက Chin Dwin Shan Construction Co., Ltd. မှ ရန်ကုန်လေဆိပ်တွင်အခြေပြု၍ တက္ကစီ ၁၀ စီး၊ NPK Motors Co., Ltd. မှ နေပြည်တော် သပြေကုန်းဈေးတွင်အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းမှာ လျှပ်စစ်ကားတွေ တွင်ကျယ်စွာအသုံးပြုနိုင်ဖို့ ၂၀၂၃ တစ်နှစ်လုံးကို ရှေးပြေးစီမံကိန်းကာလ သတ်မှတ်ထားတယ်လို့ သိရပြီး လျှပ်စစ်ကားသွင်းဖို့ ကုမ္ပဏီ ၂၆ ခုကို ခွင့်ပြုထားရာ ကုမ္ပဏီနှစ်ခုက ပထမဆုံးတင်သွင်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အများသုံး Level-3 အဆင့် လျှပ်စစ်ကားအားသွင်းရုံ (Charging Station) တွေ တည်ဆောက်ဖို့ကိုပါ ကော်မတီက ညွှန်ကြားထားပြီး နေပြည်တော်မှာတော့ စတင်တည်ဆောက်နေပြီလို့ ဆိုပါတယ်။

002

ရန်ကုန် ၊ ဇန်နဝါရီ ၂၅