【ပြည်တွင်း】မြန်မာနိုင်ငံမှ တရုတ်နိုင်ငံရှိမြို့ကြီးများသို့ အလည်အပတ်ခရီးဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင်နေ

【ပြည်တွင်း】မြန်မာနိုင်ငံမှ တရုတ်နိုင်ငံရှိမြို့ကြီးများသို့ အလည်အပတ်ခရီးဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင်နေ

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံရှိ မြို့ကြီးများသို့ သွားရောက်လည်ပတ်ရသည့် ခရီးစဉ်များကိုဝန်ဆောင်မှုပေးနေသည့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်တယ်လို့ ပြည်တွင်း၊ ပြည်ပခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေထံမှ သိရပါတယ်။ လတ်တလောတွင် ရန်ကုန်မှတစ်ဆင့် ပေကျင်း၊ ရှန်ဟိုင်းစတဲ့ မြို့ကြီးများရှိ လည်ပတ်စရာနေရာများသို့ ၆ ညအိပ် ၇ ရက် ခရီးစဉ်များအဖြစ် ပြန်လည်ဝန်ဆောင်မှုပေးနေတာလို့ ဆိုပါတယ်။ ယခုနှစ် ဇူလိုင်လလယ်ပိုင်းမှာ စတင်မယ့် ပေကျင်း - Great Wall နဲ့ ရှန်ဟိုင်း Shanghai Disney Land နေရာများ ကို ၆ ည အိပ်၊ ၇ ရက် ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ရမယ့် ခရီးစဉ်အတွက် တစ်ဦးလျှင် အပြီးအစီး အမေရိကန် ဒေါ်လာ (၁၈၀၀) ဝန်းကျင်သတ်မှတ်ထားတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတစ်ခုရဲ့ လူမှုကွန်ရက်မှာ ဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံရှိ မြို့ကြီးများသို့ သွားရောက်လည်ပတ်ရတဲ့ ခရီးစဉ်များကို ပြီးခဲ့တဲ့ ကိုဗစ်ကာလ အတွင်းကစတင်၍ ရပ်နားခဲ့ရပြီး လက်ရှိမှာတော့ အဆိုပါခရီးစဉ်တွေထဲက အချို့ကို ပြန်လည်ဝန်ဆောင်မှု ပေးနေတာလို့ဆိုပါတယ်။

အောင်အောင်

ရန်ကုန်၊ ဇွန် ၁၂