【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်ပွဲတွေ၊ တင်းမာမှုတွေနဲ့ ကပ်ဘေးကြုံရတဲ့နှစ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်ပွဲတွေ၊ တင်းမာမှုတွေနဲ့ ကပ်ဘေးကြုံရတဲ့နှစ်

 

ယခုနှစ်က လူ့သက်တမ်းတစ်လျှောက် အခက်ခဲဆုံးနှစ်တွေထဲ တစ်နှစ်ဖြစ်ခဲ့ရပါတယ်။အထူးသဖြင့် ကပ်ဘေးဖြစ်တဲ့ ကိုဗစ် ၁၉ ကူးစက်ကပ်ရောဂါ၊ ယခုထိ လိပ်ခဲတည်းလည်းဖြစ်နေဆဲ တရုတ်နဲ့ အမေရိကန်ကြားက စီးပွားရေး၊ စစ်ရေးတင်းမာမှု၊ ဆက်တိုက်မြင်တွေ့ခဲ့ရတဲ့ မုန်တိုင်းဘေးနဲ့ မြေငလျင် စတဲ့ သဘာ၀ဘေးတွေ၊ နိုင်ငံရေးမှာဆိုရင်လည်း ဥရောပမှာ တူရကီနဲ့ ဂရိအကြား ရေနက်ပိုင်နက်ရှိ သဘာ၀ဓာတ်ငွေ့မြေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ ယခုထိပြဿနာရှိနေဆဲ အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုတွေ၊ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်လာတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အကြား ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေ စစ်ဖြစ်လုနီးပါးထိဖြစ်လာလို့ တစ်ကမ္ဘာလုံး လန့်ဖျပ်ခဲ့ရတဲ့ တရုတ်နဲ့ အိန္ဒိယအကြား နယ်စပ်တင်းမာမှုတွေ စသဖြင့် စိတ်ရှုပ်ထွေးစရာဖြစ်ရပ်တွေ တစ်နှစ်လုံးဖြစ်ပျက်ခဲ့ပါတယ်။
 
သာမန်နှစ်တွေဆို ဒီပြဿနာတွေက ဖြစ်ရိုးဖြစ်စဉ်လို့ ပြောလို့ရပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကပ်ဘေးဆိုက်ပြီး တစ်ကမ္ဘာလုံး လော့ခ်ဒေါင်းချရမတတ်ဖြစ်နေချိန်မှာ ဒီပြဿနာတွေဆက်ဖြစ်ခဲ့ရတာမို့ ဒါဟာ ဘယ်လောက်ထိနက်ရှိုင်းတဲ့ ပြဿနာတွေဖြစ်လဲဆိုတာ၊ အကျိုးစီးပွားဆိုင်ရာ ပြဿနာတွေလည်းဆိုတာ အားလုံးခန့်မှန်းတွက်ချက်နိုင်မှာဖြစ်ပါတယ်။အထူးသဖြင့် ယခုထိ သတိထားစောင့်ကြည့်နေရတဲ့တစ်ခုက အမေရိကန်က အီရန်ဗိုလ်ချုပ်ကို လုပ်ကြံခဲ့ပြီးနောက် အီရန်ဘက်က တုံ့ပြန်မှုကိုပါဘဲ။ယခုထိ လှုပ်ရှားမှုမရှိသေးပေမယ့် ဇရှိတဲ့ အီရန်ရဲ့တုန့်ပြန်မှုကိုတော့ အနောက်အုပ်စုက သေသေချာချာ သတိထားနေတာတာ့ အမှန်ပါဘဲ။
 
ဒီတစ်ပတ်မှာတော့ နှစ်တစ်နှစ်လုံးဖြစ်ခဲ့တာတွေနဲ့ လတ်တလောဖြစ်တာတွေ ဘယ်လိုဆက်စပ်နေလဲ ဆိုတာ၊ ရှေ့လာမယ့်နှစ်မှာ ဘယ်လိုတွေဖြစ်လာနိုင်သေးလဲဆိုတာကို စာရေးသူတစ်ဦးအမြင်နဲ့ ချည်း ကပ်ချင်ပါတယ်။အထူးသဖြင့် ဗိုင်းရပ်ကိစ္စ၊ သဘာ၀ဘေးကိစ္စနဲ့ စစ်မက်ဆိုင်ရာကိစ္စတွေပါ။
 
ဒီထဲက ပထမဆုံးအနေနဲ့ လာမည့်နှစ်အထိ လိုက်ပါသွားဖို့သေချာနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သတင်းတွေ၊ နိုင်ငံတိုင်းက ဗိုင်းရပ်စ်ကာကွယ်ဆေးလုနေတဲ့ သတင်းတွေကို တင်ပြချင်ပါတယ်။
 
၂၁ အထိ ခရီးနှင်မယ့် ကိုရိုနာဗိုင်းရပ်စ်
 
ဒီဇင်ဘာ ပထမအပတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ဖို့ ဗြိတိန်က ပစ်ဖိုင်ဇာထုတ် ကာကွယ်ဆေးကို စတင်ထိုးနှံမှုကို စတဲ့အခါ ဗိုင်းရပ်စ်ရဲ့ တစ်နှစ်လုံး လုပ်သမျှ လည်စင်းခံခဲ့ရတဲ့ ကမ္ဘာအတွက် ဒီလို ဆိုးဝါးတဲ့အဖြစ်ကို စတင်အဆုံးသတ်နိုင်တော့မယ်လို့ ထင်ခဲ့ကြပါတယ်။ဒါပေမယ့် အဲဒီရက်သတ္တပတ်အလွန်မှာ ဗိုင်းရပ်စ်က သူ့ရဲ့မျိုးကွဲ VUI-202012/01 ကို ထုတ်ပြန်ပြီး ကမ္ဘာကြီးကို ထပ်မံခြိမ်းခြောက်ခဲ့ပါတယ်။ဒါဟာ အားလုံးက ဗြိတိန်မျိုးကွဲ ကို့ရိုနာဗိုင်းရပ်စ်လို့ အမည်ပေးထားပြီး ယခုထိ သူ့ကြောင့် သေဆုံးမှုတွေထိုးတက်လာတာကို မတွေ့ရသေးပေမယ့် ဥရောပတလွှား၊ အာရှတလွှားနဲ့ နောက်ဆုံး အာဖရိကတလွှားမှာ ကူးစက်မှုနူန်းတွေမြင့်တက်နေတာ ဒီမျိုးကွဲနဲ့ တောင်အာဖရိက မျိုးကွဲတွေကြောင့်လို့ ကျန်းမာရေးပညာရှင်တွေက သံသယရှိနေပါတယ်။
 
ဒီလိုသံသယကြောင့်ဘဲ ယခုနှစ် အားလုံးမျှော်လင်ထားနေတဲ့ နှစ်သစ်ကူးပွဲတော်ကို နိုင်ငံအားလုံးကထိန်းချုပ်ပြီး ကူးစက်မှုတွေမြင့်တက်မလာဖို့ ထိန်းခဲ့ရပါတယ်။အထူးသဖြင့် ပြင်းထန်တဲ့ အအေးဒဏ်ကိုခံရတဲ့ ဥရောပမှာ ဒီအချိန်ဆိုရင် အားလပ်ရက်ခရီးရှည်အဖြစ် ရာသီဥတုသက်သောက်သေက်သာဖြစ်တဲ့ နေရာတွေကို သွားလာကြသလို ဥရောပမြို့ကြီးတွေမှာလည်း ပွဲတော်တွေ ခြိမ်ခြိမ့်သဲအောင် ကျင်းပလေ့ရှိပါတယ်။ခရစ္စမတ်ကနေ စတင် လိုက်တာမှာ နှစ်သစ်ကူးအထိ ရှည်ကြာတဲ့အားလပ်ရက်အတွင်း သန်းရာနဲ့ချီတဲ့ ခရီးသွားတွေကသုံးစွဲတဲ့ ငွေကြေးက ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ ရာခိုင်နူန်း ၈၀ ကျော်သလို ဒီကနေတစ်ဆင့် တခြားသော လုပ်ငန်းတွေကို ဖြာ ထွက်ဆင်းတဲ့အတွက် ဒီအချိန်ကို လုပ်ငန်းတိုင်းက မျှော်ပြီးအလုပ်လုပ်ကြရတာဖြစ်ပါတယ်။
 
ဒီနှစ်မှာ စီးပွားရေးလုပ်ငန်းတွေက ဒီအချိန်ကို အထူးမျှော်လင့်ထားကြပါတယ်။ဘယ်လောက်ထိလဲဆိုရင် ကိုဗစ် ၁၉ ကြောင့် ပြိုလဲခဲ့တဲ့ နိုင်ငံတကာစီးပွားရေးကို ပြန်လည်ကုစား ထူမနိုင်တဲ့အထိ မျှော်လင့်ကြတာပါ။ဗြိတိန်မှာ ကာကွယ်ဆေးစထိုးတဲ့အချိန်က ဒီဇင်ဘာ ပထမအပတ်ဖြစ်တဲ့အတွက် နှစ်သစ်ကူးကိုမီနိုင်မလားဆိုတဲ့ စိတ်ကူးတွေက နိုင်ငံအားလုံးမှာရှိခဲ့ပေမယ့် ပြင်းထန်စွာ ကူးစက်နူန်းမြန်တဲ့ ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဥရောပနိုင်ငံအားလုံးနီးပါး တဖြေးဖြေးဖြေလျှော့နေတဲ့ ကန့်သတ်ချက်တွေကို အားချင်းပြန်တင်းကျပ်ခဲ့ရသလို မဖြစ်မနေပြေးဆွဲနေတဲ့ လေကြောင်းတွေကိုလည်း ဆိုက်ရောက်ခွင့်တွေ ကန့်သတ့်ခဲ့ရတဲ့အထိပါဘဲ။
 
ဗိုင်းရပ်စ်မျိုးကွဲက ဘယ်လောက်ထိ ကူးစက်မှုပြင်းထန်သလဲ။ဒါဟာ ယခုထိ ကျန်းမာရေးပညာရှင်တွေအကြား ငြင်းခုန်နေရတုန်းပါ။အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနရဲ့ နှိုင်းယှဉ်လေ့လာချက်တွေအရဆိုရင် ကနဦးရလဒ်တွေမှာ ဆေးရုံတက်ရောက်ကုသမှုနှင့် ၂၈ ရက်အတွင်း သေဆုံးမှုနှုန်းတွေမှာ စာရင်းအင်းအရ သိသိသာသာ ကွဲပြားခြားနားမှုမရှိသေးပေမယ့် ဒုတိယအကြိမ် တိုက်ခိုက်မှုနှုန်း (သို့မဟုတ်) ကူးစက်ခံရသူနှင့်ထိတွေ့မှု အချိုး အစားမှာ ပိုမြင့်မားလို့ ထိရောက်စွာမကိုင်တွယ်နိုင်ရင် လာမည့်ရက်သတ္တပတ်အတွင်း ကြီးမားတဲ့ဘေးအန္တရာယ် ကြုံတွေ့ရနိုင်တယ်ဆိုပြီး ကျန်းမာရေးပညာရှင်တွေက သတိပေးထားခဲ့တာပါ။
 
သေဆုံးမှုကို မသိသာသေးပေမယ် ကူးစက်မှုနုန်းက ယခင်ကထက် ရာခိုင်နူန်း ၇၀ ပိုတယ်လို့ ယေဘုယျ ဆိုပါတယ်။လက်ရှိမှာ စတင်တွေ့ရှိတဲ့ ဗြိတိန်မှာ ကူးစက်ခံရသူအရေအတွက်က ဒီဇင်ဘာ ၂၈ ရက်မှာ လေးသောင်းကျော်ရှိတာကနေ ဒီဇင်ဘာ ၂၉ ရက်မှာ တစ်ရက်ထဲ တစ်သောင်းကျော်တိုးပြီး ၅၃၁၃၅ ဦးထိ ရှိလာခဲ့ပါတယ်။ဒီဇင်ဘာ ၃၀ ရက်မှာ ၅၀၀၂၃ ဦး၊ ဒီဇင်ဘာ ၃၁ ရက်မှာတော့ ကူးစက်ခံရသူ ၅၅၈၉၂ ဦးထိ ရှိလာခဲ့တာကိုကြည့်ရင် ကူးစက်မှု ဘယ်လောက်ထိမြန်လဲဆိုတာ သိနိုင်မှာပါ။
 
ဒါတောင် ဗြိတိန်က ကာကွယ်ဆေးကို တစ်နိုင်ငံလုံးကို ထိုးနေတာဖြစ်ပြီး အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသအများစု၊ လန်ဒန်နဲ့ ကိုဗစ်ဖြစ်နေတဲ့နေရာတွေကို တင်းကျပ်တဲ့ ကန့်သတ်ပိတ်ဆို့မှုတွေ ချထားတာပါ။ဗြိတိန်ကျန်းမာရေးဝန်ကြီး ပြောစကားအရဆိုရင် ကူးစက်မှုများလို့ မကြာခင် ဗြိတိန်ကျန်းမာရေးစနစ်တောင် ပြိုလဲနိုင်တယ်ဆိုပြီး ပြောနေရတဲ့အထိတောင်ပါဘဲ။
 
ဒါကြောင့်လည်း ဗြိတိန်နဲ့အနီးဆုံး ပြင်သစ်ဆိုရင် ဒီလိုကူးစက်မှုကိုလန့်လို့ တစ်နိုင်ငံလုံးကို သုံးကြိမ် မြောက် အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှု ထပ်မံပြုလုပ်နိုင်ဖွယ်ရှိတယ်ဆိုပြီး ဒီဇင်ဘာ ၂၇ ရက်မှာ ပြင်သစ်ကျန်းမာရေးဝန်ကြီးက ပြောခဲ့ရတဲ့အထိပါဘဲ။လက်ရှိမှလည်း ဗြိတိန်မှာတွေ့တဲ့ ဗီဇပြောင်းဗိုင်းရပ်စ်ကို ပြင်သစ်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတို့မှာတွေ့လို့ ကန့်သတ်မှုတွေကို ဥရောပနိုင်ငံတစ်လွှား လုပ်နေရပါတယ်။တခြားနိုင်ငံတွေလည်း ဒီဗိုင်းရပ်စ်ကူးလာမှာစိုးလို့ ဗိုင်းရပ်စ်မျိုးကွဲတွေ့တဲ့ ဗြိတိန်အပါအဝင် ဥရောပနိုင်ငံကလာတဲ့သူတွေကို လက်မခံတာတွေ၊ လက်ခံရင်လည်း ကွာရင်တိုင်းတန်းဝင်ပြီး စောင့်ကြည့်ကာစိတ်ချရမှ ဝင်ခွင့်ပြုတာတွေအထိ အခြေအနေကဆိုးနေပါတယ်။
 
ဗိုင်းရပ်စ်ကာကွယ်ဆေးထဲမှာ ပထမဆုံး အရေးပေါ်အတွက် အတည်ပြုခံရတာ Pfizer ပါ။ဒီဆေးကို အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမနီဆေးဝါးကုမ္ပဏီ BioNTech တို့ ပေါင်းထုတ်တာပါ။ Pfizer ကို ဗြိတိန်က ပထမဆုံးအတည်ပြုတယ်။နောက် ကနေဒါ၊ အီးယူ၊ အခု WHO ကပါ အတည်ပြုခဲ့ပါတယ်။သူ့နောက်မှာ Moderna။ နောက် Oxford နဲ့ AstraZeneca ထုတ် ဆေးပါ။ဒီဆေးထဲမှာ Pfizer က အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ အီးယူနိုင်ငံတွေမှာ စတင်ထိုးနှံနေသလို နှစ်ကျော့ထိုးရမှာဖြစ်လို့ ဖေဖေါ်ဝါရီလကုန်လောက်မှ ဒီထိုးနှံခြင်းအစီအစဉ်က အစောဆုံးပြီးဖို့ရှိပါတယ်။ကိုဗစ် ၁၉ ကြောင့် သေဆုံးနှုန်း အမြင့်ဆုံးဖြစ်နေတဲ့ အမေရိကန်ဆိုရင် Pfizer ဆီကနေ နောက်ထပ်ထိုးဆေး သန်း ၁၀၀ လို ချင်လို့ ကုမ္ပဏီဘက်က လိုအပ်တဲ့ပစ္စည်းတွေထောက်ပံ့ပေးပြီး ရယူခဲ့တာကို တွေ့ရပါတယ်။အမေရိကန်လိုနိုင်ငံမှာတောင် ဆေးထိုးရသေးတာ ဒီဇင်ဘာ၂၃ ရက်အထိ တစ်သန်းကျော်ဘဲ ရှိပါသေးတယ်။
 
နိုင်ငံအားလုံးအတွက် ကာကွယ်ဆေးရရင် နိုင်ငံ့စီးပွားရေး၊ လူမှုရေးကို မြန်မြန်ပြန်လည်နိုင်မှာဖြစ်လို့ ဒီကုမ္ပဏီ ၃ ခုကနေ ကာကွယ်ဆေးရဖို့ အသည်းအသန်လိုက်နေသလို တရုတ်ထုတ် ကာကွယ်ဆေးနဲ့ ရုရှားထုတ် ကာကွယ်ဆေးတွေကိုလည်း အလုပ်ဖြစ်၊ မဖြစ် စောင့်‌ကြည့်နေတာတွေရှိပါတယ်။ဒီဆေးထဲမှာ တရုတ်ထုတ် sinovac ရယ်၊ Sinopharm ရယ်ကို စောင့်ကြည့်နေတာပါ။ Sinopharm က မကြာခင်ကမှ တရုတ်က အသုံးပြုခွင့်အတည်ပြုခဲ့လို့ မကြာခင် စျေးကွက်ထဲဝင်လာနိုင်မှာပါ။ဒါပေမယ့် နိုင်ငံအများစုက ကမ္ဘာ့ဆေးဝါးစက်ရုံလို့ခေါ်တဲ့ အိန္ဒိယနိုင်ငံက ဆေးဝါးထုတ်လုပ်ရေးနဲ့ တွဲထုတ်မယ့် သိုလှောင်ရာမှာ ကရိကထနည်းတဲ့ Oxford နဲ့ AstraZeneca ဆေးကိုဘဲ အဓိကမျှော်နေကြတာပါ။ဆေးစျေးကလည်း နည်းတဲ့အပြင် ထုတ်တာလည်း ကြာနေတဲ့အတွက် စျေးကွက်ကို နောက်ပိုင်းမှာ Oxfordနဲ့ AstraZeneca ဆေးက ကမ္ဘာ့အနှံ့အသုံးပြုကြမယ့်ဆေး ဖြစ်လာဖို့များနေပါတယ်။
 
ဒီနေရာမှာ ပြောစရာရှိတာက အခုထွက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေက မကာကွယ်နိုင် ဘူးလားဆိုတာပါဘဲ။လက်ရှိမှာ အသုံးပြုဖို့ အရေးပေါ်အတည်ပြုခွင့်ပေးလိုက်တာ ဒီဇင်ဘာ ၃၁ ရက်အထိ ဆေး ၃ မျိုးဘဲ ရှိပါသေးတယ်။ဒီထဲမှာ Oxford နဲ့ AstraZeneca ထုတ်ဆေးက ကာကွယ်နိုင်မယ်နဲ့ Pfizer က ကာကွယ်နိုင်ဖို့ အနည်းငယ်ပြင်ရမယ်ဆိုတာပါဘဲ။ဒီထဲမှာ တစ်မျိုးဖြစ်တဲ့ Pfizer က ကမ္ဘာအနှံ့ကို ရောက်ဖို့နေနေသာသာ ချမ်းသာတဲ့ နိုင်ငံတွေ ကြိုတင်ချုပ်ဆိုထားတဲ့ စာချုပ်ပမာဏကိုပြည့်မီအောင် မနည်းလုပ်နေရတဲ့ အခြေအနေဖြစ်သလို နောက်တစ်ခုဖြစ်တဲ့ Oxford နဲ့ AstraZeneca ကလည်း မူရင်းဗြိတိန်မှာတောင် မဖြန့်ဝေရသေးလို့ ပြင်းထန်တဲ့ မျိုးကွဲဗိုင်းရပ်စ်ကို ကာကွယ်ဖို့ဆိုတာ နိုင်ငံငယ်တွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖို့ လက်လှမ်းမီစရာမရှိတဲ့အတွက် အရင်အတိုင်း ကန့်သတ်ပိတ်ဆို့ရတဲ့နည်းဟောင်းကို အဓိကသုံးနေရဆဲပါ။
 
ဆေးတွေနဲ့ ဗိုင်းရပ်စ် ယှဉ်ပြိုင်နေမှုမှာ ကမ္ဘာကြီး ဘယ်အချိန်ပုံမှန်ပြန်လည်ပတ်လာမလဲဆိုတာ လူတိုင်းသိချင်နေကြတဲ့ အဖြေပါ။ဆေးဝါးစောင့်ရှောက်မှု အပြည့်စုံဆုံးနဲ့ အဆင့်အတန်းအမြင့်ဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း ကူးစက်ရောဂါပညာရှင် ဒေါက်တာအန်တိုနီဖော်စီကတောင် ကာကွယ်ဆေးကို နိုင်ငံသားအားလုံး အပြည့်အ၀ထိုးပြီးရင်တောင် လာမည့် ၂၀၂၁ ဆောင်းရာသီမှ ပုံမှန်အနေအထားနီးပါးသို့ ပြန်လည် ရောက်ရှိမယ်လို့ ခန့်မှန်းထားတဲ့အတွက် ကူးစက်ကပ်ရောဂါကို နောက်ထပ် တစ်နှစ်၊ ယခု ၂၀၂၁ တစ်နှစ်လုံး ထပ်တောင့်ခံရမှာ သေချာနေတဲ့ အတွက် ဗိုင်းရပ်စ်‌ကြောင့် အသေအပျောက် ဘယ်လောက်ရှိလာမလဲ၊ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ နိုင်ငံရေးအခင်းအကျင်း ဘယ်လောက်ထိ ပြောင်းလဲလာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
ပြင်းထန်လာနိုင်တဲ့ သဘာ၀ဘေးတွေ
 
ပြီးခဲ့တဲ့နှစ်အတွင်း ရာသီဥတုဘေးတွေ၊ လူလုပ်ဘေးတွေကြောင့် သေကြေဆုံးရှုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေ၊ အဆောက်အဦးနဲ့ အခြေခံလမ်းပန်းဆက်သွယ်ရေး ပျက်စီးခဲ့မှုတွေက ကြောက်ခမန်းလိလိ ဖြစ်ခဲ့ပါတယ်။တိုင်ဖွန်းမုန်တိုင်းတွေကြောင့် ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ တရုတ် စတဲ့နိုင်ငံတွေ၊ ဟာရီကိန်းတွေ ကြောင့် လက်တင်အမေရိက၊ ကာရေဘီယံနဲ့ အမေရိကန်နိုင်ငံ၊ ဆိုင်ကလုံးကြောင့် အိန္ဒိယ၊ ဘင်္ဂလား ဒေရှ့် စတဲ့နိုင်ငံတွေမှာ ပြင်းထန်တဲ့ ဗိုင်းရပ်စ်ကပ်ဘေးကြုံနေရစဉ်မှာ တစ်ပြိုင်နက်တည်း ဒီဘေးကို ရင်ဆိုင်ခဲ့ရပါတယ်။
 
ဒီနှစ်ထဲမှာ ငလျင်တွေ၊ မီးတောင်ပေါက်ကွဲတာတွေ ကလည်း အထင်ကရဖြစ်ခဲ့တာရှိခဲ့ပါတယ်။သေ ဆုံးမှုရှိခဲ့တဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်က မီးတောင်ပေါက်ကွဲမှုတွေ၊ ပစိဖိတ်မီးကွင်းပေါ်မှာရှိတဲ့ နိုင်ငံတွေမှာ ငလျင်ကြောင့် သေကြေပျက်စီးခဲ့ရတာတွေလည်း အများကြီးရှိခဲ့ပါတယ်။ Christian Aid ပရ ဟိတအဖွဲ့၏ အစီရင်ခံစာအရ ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ လူသေဆုံးမှုနဲ့ စီးပွားရေးအရ ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်ခဲ့တဲ့ ဖြစ်ရပ် ၁၀ ခုတောင် ရှိတယ်ဆိုပါတယ်။ဒီထဲမှာ ၆ ခုက အာရှတိုက်မှာဖြစ်ပြီး ကျန် ၄ ခုက အမေရိကဘက်နဲ့ တခြားဒေသတွေမှာပါ။အထူးသဖြင့် တရုတ်နှင့် အိန္ဒိယတွင် ရေကြီး ရေလျှံခြင်းများကြောင့် ကန်ဒေါ်လာ ၄၀ ဘီလျံကျော်ပမာဏ ဆုံးရှုံးပျက်စီးခဲ့ပြီး အမေရိကန်မှာဆိုရင် ဟာရီကိန်းမုန်တိုင်းတွေနဲ့ တောမီးတွေကြောင့် ကန်ဒေါ်လာ ၆၀ ဘီလျံခန့် ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။အာဖရိကဆိုရင် အလွန်ကြီးမားသည့် ကျိုင်းကောင်အုပ်အန္တရာယ်ကြောင့် ကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံခန့် ဆုံးရှုံးခဲ့ရတယ် ဆိုပါတယ်။ဒီစာရင်းထဲမှာ ကမ္ဘာတလွှား မုန်တိုင်းတွေ၊ ရေကြီးရေလျှံမှုတွေ၊ တောမီးလောင်တာတွေ ပါပါတယ်။
 
ဒါဟာ လူတွေရဲ့ တရားလွန်အကျိုးစီးပွားကြောင့် ပျက်စီးခဲ့ရတဲ့ သဘာ၀ကနေ လူတွေကိုပြန်ပေးခဲ့တဲ့ တုံ့ပြန်မှုတွေပါ။ဒါတွေကမပြီးသေးပါဘူး။ယခုရက်ထဲမှာလည်း ထုံးစံအတိုင်း ဥရောပနဲ့ အာရှအပါအဝင် ကမ္ဘာတစ်ဝန်းကျရောက်နေတဲ့ဆောင်းရာသီကြောင့် တခြားအစွန်းရောက်ဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာတိတ်ဘက်မှာ ရေခဲတွေပျော်လာတာ၊ နှင်းထု အရင်လိုမသိပ်သည်းတော့တာတွေကြောင့် နှင်းပြိုကျလို့ သေဆုံးတာတွေလည်းညဖြစ်ခဲ့တာရှိပါတယ်။ဒါ့အပြင် ရှည်ကြာတဲ့ မိုးရွာသွန်းမှုတွေကြောင့်လည်း မြေပြိုတာတွေဖြစ်ခဲ့တာ ရှိခဲ့ပါတယ်။
 
အာရှက ဂျပန်မှာဆိုရင် နိုင်ငံအနောက်တောင်ပိုင်းက ကျွန်းတစ်ကျွန်းမှာ မီးတောင်ပေါက်ကွဲလို့ သတိ ပေးထားရပေမယ့် အရှေ့ပိုင်းနှင့် အနောက်ပိုင်းမှာ လေပြင်းတွေတိုက်ခတ်လို့ နှင်းခဲပြိုကျမှုတွေ ဖြစ်ပွားနိုင်လို့ နှင်းမုန်တိုင်းကျရောက်နိုင်သည့်ကာလအတွင်း မလိုအပ်ဘဲ အိမ်အပြင်မထွက်ဖို့ သတိပေးခဲ့ပါတယ်။
 
အီရန်ဆိုရင်လည်း တီဟီရန်မြောက်ပိုင်းရှိ တောင်တန်းပေါ်မှာ နှင်းမုန်တိုင်းတိုက်ခတ်လို့ တောင်တက်သမားတွေ နှင်းခဲများအောက်ပိတ်မိနေလို့ ကယ်ထုတ်ခဲ့ရပြီး တောင်တက်သမား ၁၂ ဦးသေဆုံးခဲ့ပါတယ်။
 
ပါပူအာနယူးဂီနီမှာဆိုရင် ရွှေတူးတဲ့နေရာမှာ မိုးသည်းထန်စွာရွာတဲ့အတွက် တောင်စောင်းတစ်လျှောက် မြေပြိုကျပြီး လူ ၁၅ ဦး သေဆုံးခဲ့ပါ တယ်။
 
ဥရောပမှာဆိုရင် နော်ဝေနိုင်ငံ အော်စလိုမြို့တော် အပြင်ဖက်ရှိ Ask ကျေးရွာမှာ မြေပြိုမှုဖြစ်တဲ့အ တွက် ၁၀ ဦးဒဏ်ရာရပြီး လူ ၇၀၀ ခန့်ကို အရေးပေါ် နေရာပြောင်းရွှေ့ခဲ့ရပါတယ်။အင်္ဂလန် အလယ်ပိုင်းမှာ မုန်တိုင်းဘယ်လာ ဝင်ရောက်တိုက်ခတ်ခဲ့လို့ ရာနှင့်ချီတဲ့ ဒေသခံပြည်သူတွေကို နေအိမ်များကနေ ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသလို ဗြိတိန်နိုင်ငံတစ်ဝန်းတွင် ရေကြီးမှုဖြစ်ပွားနိုင်တယ်ဆိုပြီး သတိပေးချက်တွေ ထုတ်ထားရပါတယ်။
 
ခရိုအေးရှားမှာဆိုရင် ငလျင်လှုပ်ခတ်ခဲ့လို့ ယခုထိ လူတွေကယ်ထုတ်ပြီး ကယ်ဆယ်ရေးလုပ် းနေရတုန်းပါ။
 
ဒါတွေကိုကြည့်ရင် ကမ္ဘာကြီးရဲ့ယိုယွင်းမှုတွေကြောင့် ဖြစ်လာမှုတွေက လျော့ကျလာဖွယ်မရှိဘဲ ပိုများလာစရာရှိနေပါတယ်။စစ်တမ်းတွေအရ မုန်တိုင်းတွေက အဖျက်စွမ်းအားပိုကြီးလာသလို သဘာ၀ဘေးဒဏ်ကို ခုခံနိုင်စွမ်းကလည်း ယုတ်လျော့လာတဲ့အတွက် ရှေ့ဆက် ရာသီဥတုနဲ့ သဘာ၀ပတ်ဝန်းကျင်ကို စောင့်ရှောက်မှုက အရေးကြီးနေပြီဆိုတာကို ပြနေပါတယ်။ဒီလထဲ ကျင်းပခဲ့တဲ့ ပါရီသဘောတူညီချက် နှစ်ပတ်လည်မှာ ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို လာမည့် ၂၀၃၀ မှာ တချို့နိုင်ငံတွေက ရပ်တန့်ဖို့ကြိုးစားမယ်ဆိုတဲ့အတွက် ကမ္ဘာ့ကြီးရဲ့မနက်ဖြန်ဟာ ပိုကောင်းလာ၊ မလာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
စစ်ရေးနှင့် တင်းမာမှု
 
လတ်တလော ကမ္ဘာ့အရေးကိုကြည့်မယ်ဆိုရင် အမေရိကန်ကို ဗဟိုပြုပြီးကြည့်မှ ဖြစ်ပါလိမ့်မယ်။တရုတ်နဲ့ အမေရိကန်၊ အီရန်နဲ့ အမေရိကန်၊ တူရကီနဲ့ အမေရိကန်။ပြီးခဲ့တဲ့ ၂၀၂၀ ထဲမှာ အီရန်နဲ့ အမေရိကန်အကြားဖြစ်ခဲ့တဲ့ ပြဿနာတွေက စစ်ဖြစ်လာနီးနီးဖြစ်ခဲ့ပြီး ထရမ့်ကိုယ်တိုင် ပင်တဂွန်က စစ်ဘက်အကြံပေးတွေကို အီရန်ကိုဝင်တိုက်ဖို့အထိ အကြံတောင်းခဲ့တာကိုကြည့်ရင် ဘယ်လောက်ထိ စစ်နဲ့ ကမ္ဘာက နီးစပ်ခဲ့သလဲဆိုတာ သိနိုင်ပါလိမ့်မယ်။
 
အမေရိကန်အနေနဲ့ အီရန်ဘက်ကနေ အရေးကြီးတဲ့ ဗိုလ်ချုပ်ကို ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သလို နှစ်ကုန်ခါနီးမှာ အီရန် နျူကလီးယားဖခင်ကြီးလို့ သတ်မှတ်ခံထားရတဲ့ နျူကလီးယားပညာရှင်ကို တီဟီရန်မြို့ပြင်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ဒီသတ်ဖြတ်မှုမှာ ဘယ်သူ့လက်ချက်ဆိုတာ ရေရေရာရာ တိတိကျကျ စွပ်စွဲနိုင်လောက်အောင် စာရင်းမပေါ်ခဲ့ပေမယ့် အဓိကအားဖြင့် အစ္စရေးနဲ့ အမေရိကန်လက်ချက်ဆိုတာ အားလုံးက ရိပ်စားမိကြပါတယ်။
 
ပထမလုပ်ကြံသတ်ဖြတ်မှုမှာ အီရန်မော်တော်ဘုတ်တွေက အမေရိကန်စစ်သင်္ဘောကို မထီလေးစားလုပ်သလို အီရတ်မှာရှိတဲ့ အမေရိကန်သံရုံးနဲ့ စစ်အခြေစိုက်စခန်းတွေကို အီရန်ကျောထောက်နောက်ခံပေးထားတဲ့ အီရတ်ပြည်သူ့စစ်တွေက မကြာခဏဆိုသလို ဒုံးကျည်နဲ့ တိုက်ခိုက်နေလို့ ပြန်လက်တုံ့ပြန်တာဖြစ်ပေမယ်‌ အရှိန်ရနေတဲ့ အီရန် နျူကလီးယားအစီအစဉ်ကို အရှိန်တန့်အောင် နျူကလီးယားသိပ္ပံပညာရှင်ကို တီဟီရန်မှာဘဲ အဝေးထိန်းစနစ်နဲ့ လုပ်ကြံသတ်ဖြတ်တာကတော့ အီရန်အတွက် အထိနာခဲ့ပါတယ်။ဒါကြောင့်လည်း ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်ဆိုပြီး ကြုံးဝါးခဲ့ပါတယ်။အမြဲစစ်မက်ထူပြောနေတဲ့ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တပ်တွေ ဇန်နဝါရီ ပထမအပတ်ထဲမှာ ဆုတ်ခွာမယ်လို့ ပြောပြီးနောက်မှာ ဖြစ်ခဲ့တာဖြစ်လို အမေရိကန်ရဲ့အခင်းအကျင်းက အတော်လေးစိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။
 
အမေရိကန်အနေနဲ့ ဒီလိုဆုတ်ခွာဖို့ ဒီလို လုပ်ခဲ့တာလား၊ ဒါမှမဟုတ် ဘာအစီအစဉ်ရှိလို့ ဒီအခင်းအကျင်းက ချခင်းတာလဲဆိုတာ အီရန်ဘက်က အမေရိကန် စစ်မြူတဲ့အတိုင်း မလိုက်လာတဲ့ အတွက် မှန်းဆလို့မရခဲ့ပါဘူး။ထူးဆန်းတာက အစ္စရေးနဲ့ အာရပ်နိုင်ငံအချို့ သံတမန်ဆက်ဆံရေး ထူထောင်တာပါ။ဒါဟာ အီရန်လို ပြင်းထန်တဲ့ အစ္စလာမ္မစ်အယူဝါဒရှိတဲ့ နိုင်ငံအတွက် လက်မခံနိုင်စရာပါ။ဒီထဲမှာ ထူးခြားတာက တူရကီပါ။ဒီနှစ်ထဲမှာ ဆီးရီးယားကနေ အမေရိကန်တပ်တွေဆုတ်တဲ့ အခါ အူယားဖားယား အမေရိကန်နေရာကို ဝင်ယူတဲ့အတွက် နောက်ဆုံးမှာ စစ်နွံထဲပိပြီး ရုရှားနဲ့ထိပ်တိုက်တွေ့တဲ့အထိ ဖြစ်ခဲ့ရသလို အာမေးနီး ယားစစ်ပွဲမှာလည်း အဇာဘိုင်ဂျန်ဘက်ကဝင်လို့ ရုရှားရဲ့မျက်မုန်းကျိုး သတိပေးခံရတဲ့အထိ ရုရှားနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ပျက်ခဲ့ရပါတယ်။ယခု အီရတ်ကနေ အမေရိကန်ထွက်တဲ့အခါ ဒီနေရာကို တူရကီကဝင်ယူတဲ့အခါ တူရကီအတွက် အစွန်းရောက်စစ်သွေးကြွတွေကို ဆက်ရင်ဆိုင်နေရဖို့ရှိနေပါတယ်။အစ္စလာမ်ကမ္ဘာမှာ စွာလာတဲ့ တူရကီကို စစ်နွံထဲဝင်မှန်းမသိဝင်နေအောင် အမေရိကန်ကလုပ်နေသလားဆိုတာ စိတ်ဝင်စားစရာပါ။တရုတ်နဲ့ဆိုရင်လည်း မပြီးသေးတဲ့ ကုန်သွယ်ရေးပြဿနာ၊ တောင်တရုတ်ပင်လယ်ပြဿနာတွေ၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်အရေးတွေက အမေရိကန်သမ္မတ အပြောင်းအလဲရှိလည်း ဆက်ဖြစ်နေဖို့ရှိတယ်လို့ နိုင်ငံတကာကျွမ်းကျင်သူတွေက ခန့်မှန်းထားတဲ့ အတွက် ၂၀၂၁ က ပြီးခဲ့တဲ့ ၂၀၂၀ ကထက် ပိုပြီး ဆိုးမလား/ကောင်းမလားဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
 
ဒီလိုစိတ်ဝင်စားဖွယ်ရာ သတင်းတွေအပြင် ပြီးခဲ့တဲ့နှစ်အတွင်းမှာ သတင်းမီဒီယာသမား ၅၀ အထိ သတ်ဖြတ်ခံခဲ့ရပြီး အများစုမှာ စစ်ပွဲထဲမှာမဟုတ် ဘူးလို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်သတိပေးခဲ့တဲ့သတင်း၊ ပါကစ္စတန် မြောက်ပိုင်းမှာ စစ်ရဟတ်ယာဉ်ပျက်ကျလို့ ရဟတ်ယာဉ်မှူး အပါအဝင် လေးဦးသေဆုံးခဲ့တဲ့ သတင်း၊ ဘားရင့်ပင်လယ်ပြင်အတွင်း ရုရှားသင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာမှာ သင်္ဘောအမှုထမ်း ၁၉ ဦးအနက် နှစ်ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့တဲ့ သတင်းတွေကလည်း သတိထားမိတဲ့ သတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။
 
မင်းထက်
ဇန်နဝါရီ - ၁
 
( Zawgyi )
 
ယခုႏွစ္က လူ႔သက္တမ္းတစ္ေလွ်ာက္ အခက္ခဲဆုံးႏွစ္ေတြထဲ တစ္ႏွစ္ျဖစ္ခဲ့ရပါတယ္။အထူးသျဖင့္ ကပ္ေဘးျဖစ္တဲ့ ကိုဗစ္ ၁၉ ကူးစက္ကပ္ေရာဂါ၊ ယခုထိ လိပ္ခဲတည္းလည္းျဖစ္ေနဆဲ တ႐ုတ္နဲ႔ အေမရိကန္ၾကားက စီးပြားေရး၊ စစ္ေရးတင္းမာမႈ၊ ဆက္တိုက္ျမင္ေတြ႕ခဲ့ရတဲ့ မုန္တိုင္းေဘးနဲ႔ ေျမငလ်င္ စတဲ့ သဘာဝေဘးေတြ၊ ႏိုင္ငံေရးမွာဆိုရင္လည္း ဥေရာပမွာ တူရကီနဲ႔ ဂရိအၾကား ေရနက္ပိုင္နက္ရွိ သဘာဝဓာတ္ေငြ႕ေျမနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြ၊ ယခုထိျပႆနာရွိေနဆဲ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲရလဒ္ အျငင္းပြားမႈေတြ၊ ဆိုဗီယက္ျပည္ေထာင္စုကေန ခြဲထြက္လာတဲ့ အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္အၾကား ျဖစ္ပြားခဲ့တဲ့စစ္ပြဲေတြ စစ္ျဖစ္လုနီးပါးထိျဖစ္လာလို႔ တစ္ကမာၻလုံး လန႔္ဖ်ပ္ခဲ့ရတဲ့ တ႐ုတ္နဲ႔ အိႏၵိယအၾကား နယ္စပ္တင္းမာမႈေတြ စသျဖင့္ စိတ္ရႈပ္ေထြးစရာျဖစ္ရပ္ေတြ တစ္ႏွစ္လုံးျဖစ္ပ်က္ခဲ့ပါတယ္။
 
သာမန္ႏွစ္ေတြဆို ဒီျပႆနာေတြက ျဖစ္႐ိုးျဖစ္စဥ္လို႔ ေျပာလို႔ရေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကပ္ေဘးဆိုက္ၿပီး တစ္ကမာၻလုံး ေလာ့ခ္ေဒါင္းခ်ရမတတ္ျဖစ္ေနခ်ိန္မွာ ဒီျပႆနာေတြဆက္ျဖစ္ခဲ့ရတာမို႔ ဒါဟာ ဘယ္ေလာက္ထိနက္ရႈိင္းတဲ့ ျပႆနာေတြျဖစ္လဲဆိုတာ၊ အက်ိဳးစီးပြားဆိုင္ရာ ျပႆနာေတြလည္းဆိုတာ အားလုံးခန႔္မွန္းတြက္ခ်က္ႏိုင္မွာျဖစ္ပါတယ္။အထူးသျဖင့္ ယခုထိ သတိထားေစာင့္ၾကည့္ေနရတဲ့တစ္ခုက အေမရိကန္က အီရန္ဗိုလ္ခ်ဳပ္ကို လုပ္ႀကံခဲ့ၿပီးေနာက္ အီရန္ဘက္က တုံ႔ျပန္မႈကိုပါဘဲ။ယခုထိ လႈပ္ရွားမႈမရွိေသးေပမယ့္ ဇရွိတဲ့ အီရန္ရဲ႕တုန႔္ျပန္မႈကိုေတာ့ အေနာက္အုပ္စုက ေသေသခ်ာခ်ာ သတိထားေနတာတာ့ အမွန္ပါဘဲ။
 
ဒီတစ္ပတ္မွာေတာ့ ႏွစ္တစ္ႏွစ္လုံးျဖစ္ခဲ့တာေတြနဲ႔ လတ္တေလာျဖစ္တာေတြ ဘယ္လိုဆက္စပ္ေနလဲ ဆိုတာ၊ ေရွ႕လာမယ့္ႏွစ္မွာ ဘယ္လိုေတြျဖစ္လာႏိုင္ေသးလဲဆိုတာကို စာေရးသူတစ္ဦးအျမင္နဲ႔ ခ်ည္း ကပ္ခ်င္ပါတယ္။အထူးသျဖင့္ ဗိုင္းရပ္ကိစၥ၊ သဘာဝေဘးကိစၥနဲ႔ စစ္မက္ဆိုင္ရာကိစၥေတြပါ။
 
ဒီထဲက ပထမဆုံးအေနနဲ႔ လာမည့္ႏွစ္အထိ လိုက္ပါသြားဖို႔ေသခ်ာေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ သတင္းေတြ၊ ႏိုင္ငံတိုင္းက ဗိုင္းရပ္စ္ကာကြယ္ေဆးလုေနတဲ့ သတင္းေတြကို တင္ျပခ်င္ပါတယ္။
 
၂၁ အထိ ခရီးႏွင္မယ့္ ကို႐ိုနာဗိုင္းရပ္စ္
 
ဒီဇင္ဘာ ပထမအပတ္မွာ ကို႐ိုနာဗိုင္းရပ္စ္ကိုကာကြယ္ဖို႔ ၿဗိတိန္က ပစ္ဖိုင္ဇာထုတ္ ကာကြယ္ေဆးကို စတင္ထိုးႏွံမႈကို စတဲ့အခါ ဗိုင္းရပ္စ္ရဲ႕ တစ္ႏွစ္လုံး လုပ္သမွ် လည္စင္းခံခဲ့ရတဲ့ ကမာၻအတြက္ ဒီလို ဆိုးဝါးတဲ့အျဖစ္ကို စတင္အဆုံးသတ္ႏိုင္ေတာ့မယ္လို႔ ထင္ခဲ့ၾကပါတယ္။ဒါေပမယ့္ အဲဒီရက္သတၱပတ္အလြန္မွာ ဗိုင္းရပ္စ္က သူ႔ရဲ႕မ်ိဳးကြဲ VUI-202012/01 ကို ထုတ္ျပန္ၿပီး ကမာၻႀကီးကို ထပ္မံၿခိမ္းေျခာက္ခဲ့ပါတယ္။ဒါဟာ အားလုံးက ၿဗိတိန္မ်ိဳးကြဲ ကို႔႐ိုနာဗိုင္းရပ္စ္လို႔ အမည္ေပးထားၿပီး ယခုထိ သူ႔ေၾကာင့္ ေသဆုံးမႈေတြထိုးတက္လာတာကို မေတြ႕ရေသးေပမယ့္ ဥေရာပတလႊား၊ အာရွတလႊားနဲ႔ ေနာက္ဆုံး အာဖရိကတလႊားမွာ ကူးစက္မႈႏူန္းေတြျမင့္တက္ေနတာ ဒီမ်ိဳးကြဲနဲ႔ ေတာင္အာဖရိက မ်ိဳးကြဲေတြေၾကာင့္လို႔ က်န္းမာေရးပညာရွင္ေတြက သံသယရွိေနပါတယ္။
 
ဒီလိုသံသယေၾကာင့္ဘဲ ယခုႏွစ္ အားလုံးေမွ်ာ္လင္ထားေနတဲ့ ႏွစ္သစ္ကူးပြဲေတာ္ကို ႏိုင္ငံအားလုံးကထိန္းခ်ဳပ္ၿပီး ကူးစက္မႈေတြျမင့္တက္မလာဖို႔ ထိန္းခဲ့ရပါတယ္။အထူးသျဖင့္ ျပင္းထန္တဲ့ အေအးဒဏ္ကိုခံရတဲ့ ဥေရာပမွာ ဒီအခ်ိန္ဆိုရင္ အားလပ္ရက္ခရီးရွည္အျဖစ္ ရာသီဥတုသက္ေသာက္ေသက္သာျဖစ္တဲ့ ေနရာေတြကို သြားလာၾကသလို ဥေရာပၿမိဳ႕ႀကီးေတြမွာလည္း ပြဲေတာ္ေတြ ၿခိမ္ၿခိမ့္သဲေအာင္ က်င္းပေလ့ရွိပါတယ္။ခရစၥမတ္ကေန စတင္ လိုက္တာမွာ ႏွစ္သစ္ကူးအထိ ရွည္ၾကာတဲ့အားလပ္ရက္အတြင္း သန္းရာနဲ႔ခ်ီတဲ့ ခရီးသြားေတြကသုံးစြဲတဲ့ ေငြေၾကးက ကမာၻ႔ခရီးသြားလုပ္ငန္းမွာ ရာခိုင္ႏူန္း ၈၀ ေက်ာ္သလို ဒီကေနတစ္ဆင့္ တျခားေသာ လုပ္ငန္းေတြကို ျဖာ ထြက္ဆင္းတဲ့အတြက္ ဒီအခ်ိန္ကို လုပ္ငန္းတိုင္းက ေမွ်ာ္ၿပီးအလုပ္လုပ္ၾကရတာျဖစ္ပါတယ္။
 
ဒီႏွစ္မွာ စီးပြားေရးလုပ္ငန္းေတြက ဒီအခ်ိန္ကို အထူးေမွ်ာ္လင့္ထားၾကပါတယ္။ဘယ္ေလာက္ထိလဲဆိုရင္ ကိုဗစ္ ၁၉ ေၾကာင့္ ၿပိဳလဲခဲ့တဲ့ ႏိုင္ငံတကာစီးပြားေရးကို ျပန္လည္ကုစား ထူမႏိုင္တဲ့အထိ ေမွ်ာ္လင့္ၾကတာပါ။ၿဗိတိန္မွာ ကာကြယ္ေဆးစထိုးတဲ့အခ်ိန္က ဒီဇင္ဘာ ပထမအပတ္ျဖစ္တဲ့အတြက္ ႏွစ္သစ္ကူးကိုမီႏိုင္မလားဆိုတဲ့ စိတ္ကူးေတြက ႏိုင္ငံအားလုံးမွာရွိခဲ့ေပမယ့္ ျပင္းထန္စြာ ကူးစက္ႏူန္းျမန္တဲ့ ၿဗိတိန္ဗိုင္းရပ္စ္မ်ိဳးကြဲေၾကာင့္ ဥေရာပႏိုင္ငံအားလုံးနီးပါး တေျဖးေျဖးေျဖေလွ်ာ့ေနတဲ့ ကန႔္သတ္ခ်က္ေတြကို အားခ်င္းျပန္တင္းက်ပ္ခဲ့ရသလို မျဖစ္မေနေျပးဆြဲေနတဲ့ ေလေၾကာင္းေတြကိုလည္း ဆိုက္ေရာက္ခြင့္ေတြ ကန႔္သတ့္ခဲ့ရတဲ့အထိပါဘဲ။
 
ဗိုင္းရပ္စ္မ်ိဳးကြဲက ဘယ္ေလာက္ထိ ကူးစက္မႈျပင္းထန္သလဲ။ဒါဟာ ယခုထိ က်န္းမာေရးပညာရွင္ေတြအၾကား ျငင္းခုန္ေနရတုန္းပါ။အဂၤလန္ျပည္သူ႔က်န္းမာေရးဌာနရဲ႕ ႏႈိင္းယွဥ္ေလ့လာခ်က္ေတြအရဆိုရင္ ကနဦးရလဒ္ေတြမွာ ေဆး႐ုံတက္ေရာက္ကုသမႈႏွင့္ ၂၈ ရက္အတြင္း ေသဆုံးမႈႏႈန္းေတြမွာ စာရင္းအင္းအရ သိသိသာသာ ကြဲျပားျခားနားမႈမရွိေသးေပမယ့္ ဒုတိယအႀကိမ္ တိုက္ခိုက္မႈႏႈန္း (သို႔မဟုတ္) ကူးစက္ခံရသူႏွင့္ထိေတြ႕မႈ အခ်ိဳး အစားမွာ ပိုျမင့္မားလို႔ ထိေရာက္စြာမကိုင္တြယ္ႏိုင္ရင္ လာမည့္ရက္သတၱပတ္အတြင္း ႀကီးမားတဲ့ေဘးအႏၲရာယ္ ႀကဳံေတြ႕ရႏိုင္တယ္ဆိုၿပီး က်န္းမာေရးပညာရွင္ေတြက သတိေပးထားခဲ့တာပါ။
 
ေသဆုံးမႈကို မသိသာေသးေပမယ္ ကူးစက္မႈႏုန္းက ယခင္ကထက္ ရာခိုင္ႏူန္း ၇၀ ပိုတယ္လို႔ ေယဘုယ် ဆိုပါတယ္။လက္ရွိမွာ စတင္ေတြ႕ရွိတဲ့ ၿဗိတိန္မွာ ကူးစက္ခံရသူအေရအတြက္က ဒီဇင္ဘာ ၂၈ ရက္မွာ ေလးေသာင္းေက်ာ္ရွိတာကေန ဒီဇင္ဘာ ၂၉ ရက္မွာ တစ္ရက္ထဲ တစ္ေသာင္းေက်ာ္တိုးၿပီး ၅၃၁၃၅ ဦးထိ ရွိလာခဲ့ပါတယ္။ဒီဇင္ဘာ ၃၀ ရက္မွာ ၅၀၀၂၃ ဦး၊ ဒီဇင္ဘာ ၃၁ ရက္မွာေတာ့ ကူးစက္ခံရသူ ၅၅၈၉၂ ဦးထိ ရွိလာခဲ့တာကိုၾကည့္ရင္ ကူးစက္မႈ ဘယ္ေလာက္ထိျမန္လဲဆိုတာ သိႏိုင္မွာပါ။
 
ဒါေတာင္ ၿဗိတိန္က ကာကြယ္ေဆးကို တစ္ႏိုင္ငံလုံးကို ထိုးေနတာျဖစ္ၿပီး အဂၤလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းေဒသအမ်ားစု၊ လန္ဒန္နဲ႔ ကိုဗစ္ျဖစ္ေနတဲ့ေနရာေတြကို တင္းက်ပ္တဲ့ ကန႔္သတ္ပိတ္ဆို႔မႈေတြ ခ်ထားတာပါ။ၿဗိတိန္က်န္းမာေရးဝန္ႀကီး ေျပာစကားအရဆိုရင္ ကူးစက္မႈမ်ားလို႔ မၾကာခင္ ၿဗိတိန္က်န္းမာေရးစနစ္ေတာင္ ၿပိဳလဲႏိုင္တယ္ဆိုၿပီး ေျပာေနရတဲ့အထိေတာင္ပါဘဲ။
 
ဒါေၾကာင့္လည္း ၿဗိတိန္နဲ႔အနီးဆုံး ျပင္သစ္ဆိုရင္ ဒီလိုကူးစက္မႈကိုလန႔္လို႔ တစ္ႏိုင္ငံလုံးကို သုံးႀကိမ္ ေျမာက္ အဝင္အထြက္ ကန႔္သတ္ပိတ္ဆို႔မႈ ထပ္မံျပဳလုပ္ႏိုင္ဖြယ္ရွိတယ္ဆိုၿပီး ဒီဇင္ဘာ ၂၇ ရက္မွာ ျပင္သစ္က်န္းမာေရးဝန္ႀကီးက ေျပာခဲ့ရတဲ့အထိပါဘဲ။လက္ရွိမွလည္း ၿဗိတိန္မွာေတြ႕တဲ့ ဗီဇေျပာင္းဗိုင္းရပ္စ္ကို ျပင္သစ္၊ စပိန္နဲ႔ ဂ်ာမနီႏိုင္ငံတို႔မွာေတြ႕လို႔ ကန႔္သတ္မႈေတြကို ဥေရာပႏိုင္ငံတစ္လႊား လုပ္ေနရပါတယ္။တျခားႏိုင္ငံေတြလည္း ဒီဗိုင္းရပ္စ္ကူးလာမွာစိုးလို႔ ဗိုင္းရပ္စ္မ်ိဳးကြဲေတြ႕တဲ့ ၿဗိတိန္အပါအဝင္ ဥေရာပႏိုင္ငံကလာတဲ့သူေတြကို လက္မခံတာေတြ၊ လက္ခံရင္လည္း ကြာရင္တိုင္းတန္းဝင္ၿပီး ေစာင့္ၾကည့္ကာစိတ္ခ်ရမွ ဝင္ခြင့္ျပဳတာေတြအထိ အေျခအေနကဆိုးေနပါတယ္။
 
ဗိုင္းရပ္စ္ကာကြယ္ေဆးထဲမွာ ပထမဆုံး အေရးေပၚအတြက္ အတည္ျပဳခံရတာ Pfizer ပါ။ဒီေဆးကို အေမရိကန္ေဆးကုမၸဏီ Pfizer နဲ႔ ဂ်ာမနီေဆးဝါးကုမၸဏီ BioNTech တို႔ ေပါင္းထုတ္တာပါ။ Pfizer ကို ၿဗိတိန္က ပထမဆုံးအတည္ျပဳတယ္။ေနာက္ ကေနဒါ၊ အီးယူ၊ အခု WHO ကပါ အတည္ျပဳခဲ့ပါတယ္။သူ႔ေနာက္မွာ Moderna။ ေနာက္ Oxford နဲ႔ AstraZeneca ထုတ္ ေဆးပါ။ဒီေဆးထဲမွာ Pfizer က အေမရိကန္၊ ၿဗိတိန္၊ ဂ်ာမနီနဲ႔ အီးယူႏိုင္ငံေတြမွာ စတင္ထိုးႏွံေနသလို ႏွစ္ေက်ာ့ထိုးရမွာျဖစ္လို႔ ေဖေဖၚဝါရီလကုန္ေလာက္မွ ဒီထိုးႏွံျခင္းအစီအစဥ္က အေစာဆုံးၿပီးဖို႔ရွိပါတယ္။ကိုဗစ္ ၁၉ ေၾကာင့္ ေသဆုံးႏႈန္း အျမင့္ဆုံးျဖစ္ေနတဲ့ အေမရိကန္ဆိုရင္ Pfizer ဆီကေန ေနာက္ထပ္ထိုးေဆး သန္း ၁၀၀ လို ခ်င္လို႔ ကုမၸဏီဘက္က လိုအပ္တဲ့ပစၥည္းေတြေထာက္ပံ့ေပးၿပီး ရယူခဲ့တာကို ေတြ႕ရပါတယ္။အေမရိကန္လိုႏိုင္ငံမွာေတာင္ ေဆးထိုးရေသးတာ ဒီဇင္ဘာ၂၃ ရက္အထိ တစ္သန္းေက်ာ္ဘဲ ရွိပါေသးတယ္။
 
ႏိုင္ငံအားလုံးအတြက္ ကာကြယ္ေဆးရရင္ ႏိုင္ငံ့စီးပြားေရး၊ လူမႈေရးကို ျမန္ျမန္ျပန္လည္ႏိုင္မွာျဖစ္လို႔ ဒီကုမၸဏီ ၃ ခုကေန ကာကြယ္ေဆးရဖို႔ အသည္းအသန္လိုက္ေနသလို တ႐ုတ္ထုတ္ ကာကြယ္ေဆးနဲ႔ ႐ုရွားထုတ္ ကာကြယ္ေဆးေတြကိုလည္း အလုပ္ျဖစ္၊ မျဖစ္ ေစာင့္‌ၾကည့္ေနတာေတြရွိပါတယ္။ဒီေဆးထဲမွာ တ႐ုတ္ထုတ္ sinovac ရယ္၊ Sinopharm ရယ္ကို ေစာင့္ၾကည့္ေနတာပါ။ Sinopharm က မၾကာခင္ကမွ တ႐ုတ္က အသုံးျပဳခြင့္အတည္ျပဳခဲ့လို႔ မၾကာခင္ ေဈးကြက္ထဲဝင္လာႏိုင္မွာပါ။ဒါေပမယ့္ ႏိုင္ငံအမ်ားစုက ကမာၻ႔ေဆးဝါးစက္႐ုံလို႔ေခၚတဲ့ အိႏၵိယႏိုင္ငံက ေဆးဝါးထုတ္လုပ္ေရးနဲ႔ တြဲထုတ္မယ့္ သိုေလွာင္ရာမွာ ကရိကထနည္းတဲ့ Oxford နဲ႔ AstraZeneca ေဆးကိုဘဲ အဓိကေမွ်ာ္ေနၾကတာပါ။ေဆးေဈးကလည္း နည္းတဲ့အျပင္ ထုတ္တာလည္း ၾကာေနတဲ့အတြက္ ေဈးကြက္ကို ေနာက္ပိုင္းမွာ Oxfordနဲ႔ AstraZeneca ေဆးက ကမာၻ႔အႏွံ႔အသုံးျပဳၾကမယ့္ေဆး ျဖစ္လာဖို႔မ်ားေနပါတယ္။
 
ဒီေနရာမွာ ေျပာစရာရွိတာက အခုထြက္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးေတြက မကာကြယ္ႏိုင္ ဘူးလားဆိုတာပါဘဲ။လက္ရွိမွာ အသုံးျပဳဖို႔ အေရးေပၚအတည္ျပဳခြင့္ေပးလိုက္တာ ဒီဇင္ဘာ ၃၁ ရက္အထိ ေဆး ၃ မ်ိဳးဘဲ ရွိပါေသးတယ္။ဒီထဲမွာ Oxford နဲ႔ AstraZeneca ထုတ္ေဆးက ကာကြယ္ႏိုင္မယ္နဲ႔ Pfizer က ကာကြယ္ႏိုင္ဖို႔ အနည္းငယ္ျပင္ရမယ္ဆိုတာပါဘဲ။ဒီထဲမွာ တစ္မ်ိဳးျဖစ္တဲ့ Pfizer က ကမာၻအႏွံ႔ကို ေရာက္ဖို႔ေနေနသာသာ ခ်မ္းသာတဲ့ ႏိုင္ငံေတြ ႀကိဳတင္ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ပမာဏကိုျပည့္မီေအာင္ မနည္းလုပ္ေနရတဲ့ အေျခအေနျဖစ္သလို ေနာက္တစ္ခုျဖစ္တဲ့ Oxford နဲ႔ AstraZeneca ကလည္း မူရင္းၿဗိတိန္မွာေတာင္ မျဖန႔္ေဝရေသးလို႔ ျပင္းထန္တဲ့ မ်ိဳးကြဲဗိုင္းရပ္စ္ကို ကာကြယ္ဖို႔ဆိုတာ ႏိုင္ငံငယ္ေတြ၊ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြအဖို႔ လက္လွမ္းမီစရာမရွိတဲ့အတြက္ အရင္အတိုင္း ကန႔္သတ္ပိတ္ဆို႔ရတဲ့နည္းေဟာင္းကို အဓိကသုံးေနရဆဲပါ။
 
ေဆးေတြနဲ႔ ဗိုင္းရပ္စ္ ယွဥ္ၿပိဳင္ေနမႈမွာ ကမာၻႀကီး ဘယ္အခ်ိန္ပုံမွန္ျပန္လည္ပတ္လာမလဲဆိုတာ လူတိုင္းသိခ်င္ေနၾကတဲ့ အေျဖပါ။ေဆးဝါးေစာင့္ေရွာက္မႈ အျပည့္စုံဆုံးနဲ႔ အဆင့္အတန္းအျမင့္ဆုံးျဖစ္တဲ့ အေမရိကန္ႏိုင္ငံရဲ႕ ထိပ္တန္း ကူးစက္ေရာဂါပညာရွင္ ေဒါက္တာအန္တိုနီေဖာ္စီကေတာင္ ကာကြယ္ေဆးကို ႏိုင္ငံသားအားလုံး အျပည့္အဝထိုးၿပီးရင္ေတာင္ လာမည့္ ၂၀၂၁ ေဆာင္းရာသီမွ ပုံမွန္အေနအထားနီးပါးသို႔ ျပန္လည္ ေရာက္ရွိမယ္လို႔ ခန႔္မွန္းထားတဲ့အတြက္ ကူးစက္ကပ္ေရာဂါကို ေနာက္ထပ္ တစ္ႏွစ္၊ ယခု ၂၀၂၁ တစ္ႏွစ္လုံး ထပ္ေတာင့္ခံရမွာ ေသခ်ာေနတဲ့ အတြက္ ဗိုင္းရပ္စ္‌ေၾကာင့္ အေသအေပ်ာက္ ဘယ္ေလာက္ရွိလာမလဲ၊ ဗိုင္းရပ္စ္ေၾကာင့္ ကမာၻ႔ ႏိုင္ငံေရးအခင္းအက်င္း ဘယ္ေလာက္ထိ ေျပာင္းလဲလာမလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
 
ျပင္းထန္လာႏိုင္တဲ့ သဘာဝေဘးေတြ
 
ၿပီးခဲ့တဲ့ႏွစ္အတြင္း ရာသီဥတုေဘးေတြ၊ လူလုပ္ေဘးေတြေၾကာင့္ ေသေၾကဆုံးရႈံးမႈေတြ၊ ထိခိုက္ဒဏ္ရာရမႈေတြ၊ အေဆာက္အဦးနဲ႔ အေျခခံလမ္းပန္းဆက္သြယ္ေရး ပ်က္စီးခဲ့မႈေတြက ေၾကာက္ခမန္းလိလိ ျဖစ္ခဲ့ပါတယ္။တိုင္ဖြန္းမုန္တိုင္းေတြေၾကာင့္ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ဖိလစ္ပိုင္၊ဗီယက္နမ္၊ တ႐ုတ္ စတဲ့ႏိုင္ငံေတြ၊ ဟာရီကိန္းေတြ ေၾကာင့္ လက္တင္အေမရိက၊ ကာေရဘီယံနဲ႔ အေမရိကန္ႏိုင္ငံ၊ ဆိုင္ကလုံးေၾကာင့္ အိႏၵိယ၊ ဘဂၤလား ေဒရွ႕္ စတဲ့ႏိုင္ငံေတြမွာ ျပင္းထန္တဲ့ ဗိုင္းရပ္စ္ကပ္ေဘးႀကဳံေနရစဥ္မွာ တစ္ၿပိဳင္နက္တည္း ဒီေဘးကို ရင္ဆိုင္ခဲ့ရပါတယ္။
 
ဒီႏွစ္ထဲမွာ ငလ်င္ေတြ၊ မီးေတာင္ေပါက္ကြဲတာေတြ ကလည္း အထင္ကရျဖစ္ခဲ့တာရွိခဲ့ပါတယ္။ေသ ဆုံးမႈရွိခဲ့တဲ့ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္က မီးေတာင္ေပါက္ကြဲမႈေတြ၊ ပစိဖိတ္မီးကြင္းေပၚမွာရွိတဲ့ ႏိုင္ငံေတြမွာ ငလ်င္ေၾကာင့္ ေသေၾကပ်က္စီးခဲ့ရတာေတြလည္း အမ်ားႀကီးရွိခဲ့ပါတယ္။ Christian Aid ပရ ဟိတအဖြဲ႕၏ အစီရင္ခံစာအရ ဆိုရင္ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္မွာ လူေသဆုံးမႈနဲ႔ စီးပြားေရးအရ ဆုံးရႈံးမႈႀကီးႀကီးမားမားျဖစ္ခဲ့တဲ့ ျဖစ္ရပ္ ၁၀ ခုေတာင္ ရွိတယ္ဆိုပါတယ္။ဒီထဲမွာ ၆ ခုက အာရွတိုက္မွာျဖစ္ၿပီး က်န္ ၄ ခုက အေမရိကဘက္နဲ႔ တျခားေဒသေတြမွာပါ။အထူးသျဖင့္ တ႐ုတ္ႏွင့္ အိႏၵိယတြင္ ေရႀကီး ေရလွ်ံျခင္းမ်ားေၾကာင့္ ကန္ေဒၚလာ ၄၀ ဘီလ်ံေက်ာ္ပမာဏ ဆုံးရႈံးပ်က္စီးခဲ့ၿပီး အေမရိကန္မွာဆိုရင္ ဟာရီကိန္းမုန္တိုင္းေတြနဲ႔ ေတာမီးေတြေၾကာင့္ ကန္ေဒၚလာ ၆၀ ဘီလ်ံခန႔္ ဆုံးရႈံးခဲ့ရတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။အာဖရိကဆိုရင္ အလြန္ႀကီးမားသည့္ က်ိဳင္းေကာင္အုပ္အႏၲရာယ္ေၾကာင့္ ကန္ေဒၚလာ ၈ ဒသမ ၅ ဘီလ်ံခန႔္ ဆုံးရႈံးခဲ့ရတယ္ ဆိုပါတယ္။ဒီစာရင္းထဲမွာ ကမာၻတလႊား မုန္တိုင္းေတြ၊ ေရႀကီးေရလွ်ံမႈေတြ၊ ေတာမီးေလာင္တာေတြ ပါပါတယ္။
 
ဒါဟာ လူေတြရဲ႕ တရားလြန္အက်ိဳးစီးပြားေၾကာင့္ ပ်က္စီးခဲ့ရတဲ့ သဘာဝကေန လူေတြကိုျပန္ေပးခဲ့တဲ့ တုံ႔ျပန္မႈေတြပါ။ဒါေတြကမၿပီးေသးပါဘူး။ယခုရက္ထဲမွာလည္း ထုံးစံအတိုင္း ဥေရာပနဲ႔ အာရွအပါအဝင္ ကမာၻတစ္ဝန္းက်ေရာက္ေနတဲ့ေဆာင္းရာသီေၾကာင့္ တျခားအစြန္းေရာက္ျဖစ္တဲ့ ကမာၻႀကီးပူေႏြးလာမႈေၾကာင့္ အာတိတ္ဘက္မွာ ေရခဲေတြေပ်ာ္လာတာ၊ ႏွင္းထု အရင္လိုမသိပ္သည္းေတာ့တာေတြေၾကာင့္ ႏွင္းၿပိဳက်လို႔ ေသဆုံးတာေတြလည္းညျဖစ္ခဲ့တာရွိပါတယ္။ဒါ့အျပင္ ရွည္ၾကာတဲ့ မိုး႐ြာသြန္းမႈေတြေၾကာင့္လည္း ေျမၿပိဳတာေတြျဖစ္ခဲ့တာ ရွိခဲ့ပါတယ္။
 
အာရွက ဂ်ပန္မွာဆိုရင္ ႏိုင္ငံအေနာက္ေတာင္ပိုင္းက ကြၽန္းတစ္ကြၽန္းမွာ မီးေတာင္ေပါက္ကြဲလို႔ သတိ ေပးထားရေပမယ့္ အေရွ႕ပိုင္းႏွင့္ အေနာက္ပိုင္းမွာ ေလျပင္းေတြတိုက္ခတ္လို႔ ႏွင္းခဲၿပိဳက်မႈေတြ ျဖစ္ပြားႏိုင္လို႔ ႏွင္းမုန္တိုင္းက်ေရာက္ႏိုင္သည့္ကာလအတြင္း မလိုအပ္ဘဲ အိမ္အျပင္မထြက္ဖို႔ သတိေပးခဲ့ပါတယ္။
 
အီရန္ဆိုရင္လည္း တီဟီရန္ေျမာက္ပိုင္းရွိ ေတာင္တန္းေပၚမွာ ႏွင္းမုန္တိုင္းတိုက္ခတ္လို႔ ေတာင္တက္သမားေတြ ႏွင္းခဲမ်ားေအာက္ပိတ္မိေနလို႔ ကယ္ထုတ္ခဲ့ရၿပီး ေတာင္တက္သမား ၁၂ ဦးေသဆုံးခဲ့ပါတယ္။
 
ပါပူအာနယူးဂီနီမွာဆိုရင္ ေ႐ႊတူးတဲ့ေနရာမွာ မိုးသည္းထန္စြာ႐ြာတဲ့အတြက္ ေတာင္ေစာင္းတစ္ေလွ်ာက္ ေျမၿပိဳက်ၿပီး လူ ၁၅ ဦး ေသဆုံးခဲ့ပါ တယ္။
 
ဥေရာပမွာဆိုရင္ ေနာ္ေဝႏိုင္ငံ ေအာ္စလိုၿမိဳ႕ေတာ္ အျပင္ဖက္ရွိ Ask ေက်း႐ြာမွာ ေျမၿပိဳမႈျဖစ္တဲ့အ တြက္ ၁၀ ဦးဒဏ္ရာရၿပီး လူ ၇၀၀ ခန႔္ကို အေရးေပၚ ေနရာေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။အဂၤလန္ အလယ္ပိုင္းမွာ မုန္တိုင္းဘယ္လာ ဝင္ေရာက္တိုက္ခတ္ခဲ့လို႔ ရာႏွင့္ခ်ီတဲ့ ေဒသခံျပည္သူေတြကို ေနအိမ္မ်ားကေန ကယ္ဆယ္ေ႐ႊ႕ေျပာင္းေပးခဲ့ရသလို ၿဗိတိန္ႏိုင္ငံတစ္ဝန္းတြင္ ေရႀကီးမႈျဖစ္ပြားႏိုင္တယ္ဆိုၿပီး သတိေပးခ်က္ေတြ ထုတ္ထားရပါတယ္။
 
ခ႐ိုေအးရွားမွာဆိုရင္ ငလ်င္လႈပ္ခတ္ခဲ့လို႔ ယခုထိ လူေတြကယ္ထုတ္ၿပီး ကယ္ဆယ္ေရးလုပ္ းေနရတုန္းပါ။
 
ဒါေတြကိုၾကည့္ရင္ ကမာၻႀကီးရဲ႕ယိုယြင္းမႈေတြေၾကာင့္ ျဖစ္လာမႈေတြက ေလ်ာ့က်လာဖြယ္မရွိဘဲ ပိုမ်ားလာစရာရွိေနပါတယ္။စစ္တမ္းေတြအရ မုန္တိုင္းေတြက အဖ်က္စြမ္းအားပိုႀကီးလာသလို သဘာဝေဘးဒဏ္ကို ခုခံႏိုင္စြမ္းကလည္း ယုတ္ေလ်ာ့လာတဲ့အတြက္ ေရွ႕ဆက္ ရာသီဥတုနဲ႔ သဘာဝပတ္ဝန္းက်င္ကို ေစာင့္ေရွာက္မႈက အေရးႀကီးေနၿပီဆိုတာကို ျပေနပါတယ္။ဒီလထဲ က်င္းပခဲ့တဲ့ ပါရီသေဘာတူညီခ်က္ ႏွစ္ပတ္လည္မွာ ႐ုပ္ႂကြင္းေလာင္စာအသုံးျပဳမႈကို လာမည့္ ၂၀၃၀ မွာ တခ်ိဳ႕ႏိုင္ငံေတြက ရပ္တန႔္ဖို႔ႀကိဳးစားမယ္ဆိုတဲ့အတြက္ ကမာၻ႔ႀကီးရဲ႕မနက္ျဖန္ဟာ ပိုေကာင္းလာ၊ မလာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
 
စစ္ေရးႏွင့္ တင္းမာမႈ
 
လတ္တေလာ ကမာၻ႔အေရးကိုၾကည့္မယ္ဆိုရင္ အေမရိကန္ကို ဗဟိုျပဳၿပီးၾကည့္မွ ျဖစ္ပါလိမ့္မယ္။တ႐ုတ္နဲ႔ အေမရိကန္၊ အီရန္နဲ႔ အေမရိကန္၊ တူရကီနဲ႔ အေမရိကန္။ၿပီးခဲ့တဲ့ ၂၀၂၀ ထဲမွာ အီရန္နဲ႔ အေမရိကန္အၾကားျဖစ္ခဲ့တဲ့ ျပႆနာေတြက စစ္ျဖစ္လာနီးနီးျဖစ္ခဲ့ၿပီး ထရမ့္ကိုယ္တိုင္ ပင္တဂြန္က စစ္ဘက္အႀကံေပးေတြကို အီရန္ကိုဝင္တိုက္ဖို႔အထိ အႀကံေတာင္းခဲ့တာကိုၾကည့္ရင္ ဘယ္ေလာက္ထိ စစ္နဲ႔ ကမာၻက နီးစပ္ခဲ့သလဲဆိုတာ သိႏိုင္ပါလိမ့္မယ္။
 
အေမရိကန္အေနနဲ႔ အီရန္ဘက္ကေန အေရးႀကီးတဲ့ ဗိုလ္ခ်ဳပ္ကို ဒ႐ုန္းနဲ႔ လုပ္ႀကံသတ္ျဖတ္ခဲ့သလို ႏွစ္ကုန္ခါနီးမွာ အီရန္ န်ဴကလီးယားဖခင္ႀကီးလို႔ သတ္မွတ္ခံထားရတဲ့ န်ဴကလီးယားပညာရွင္ကို တီဟီရန္ၿမိဳ႕ျပင္မွာ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရပါတယ္။ဒီသတ္ျဖတ္မႈမွာ ဘယ္သူ႔လက္ခ်က္ဆိုတာ ေရေရရာရာ တိတိက်က် စြပ္စြဲႏိုင္ေလာက္ေအာင္ စာရင္းမေပၚခဲ့ေပမယ့္ အဓိကအားျဖင့္ အစၥေရးနဲ႔ အေမရိကန္လက္ခ်က္ဆိုတာ အားလုံးက ရိပ္စားမိၾကပါတယ္။
 
ပထမလုပ္ႀကံသတ္ျဖတ္မႈမွာ အီရန္ေမာ္ေတာ္ဘုတ္ေတြက အေမရိကန္စစ္သေဘၤာကို မထီေလးစားလုပ္သလို အီရတ္မွာရွိတဲ့ အေမရိကန္သံ႐ုံးနဲ႔ စစ္အေျခစိုက္စခန္းေတြကို အီရန္ေက်ာေထာက္ေနာက္ခံေပးထားတဲ့ အီရတ္ျပည္သူ႔စစ္ေတြက မၾကာခဏဆိုသလို ဒုံးက်ည္နဲ႔ တိုက္ခိုက္ေနလို႔ ျပန္လက္တုံ႔ျပန္တာျဖစ္ေပမယ္‌ အရွိန္ရေနတဲ့ အီရန္ န်ဴကလီးယားအစီအစဥ္ကို အရွိန္တန႔္ေအာင္ န်ဴကလီးယားသိပၸံပညာရွင္ကို တီဟီရန္မွာဘဲ အေဝးထိန္းစနစ္နဲ႔ လုပ္ႀကံသတ္ျဖတ္တာကေတာ့ အီရန္အတြက္ အထိနာခဲ့ပါတယ္။ဒါေၾကာင့္လည္း ျပင္းျပင္းထန္ထန္ လက္တုံ႔ျပန္မယ္ဆိုၿပီး ႀကဳံးဝါးခဲ့ပါတယ္။အၿမဲစစ္မက္ထူေျပာေနတဲ့ အေရွ႕အလယ္ပိုင္းေဒသကို အေမရိကန္တပ္ေတြ ဇန္နဝါရီ ပထမအပတ္ထဲမွာ ဆုတ္ခြာမယ္လို႔ ေျပာၿပီးေနာက္မွာ ျဖစ္ခဲ့တာျဖစ္လို အေမရိကန္ရဲ႕အခင္းအက်င္းက အေတာ္ေလးစိတ္ဝင္စားဖို႔ ေကာင္းခဲ့ပါတယ္။
 
အေမရိကန္အေနနဲ႔ ဒီလိုဆုတ္ခြာဖို႔ ဒီလို လုပ္ခဲ့တာလား၊ ဒါမွမဟုတ္ ဘာအစီအစဥ္ရွိလို႔ ဒီအခင္းအက်င္းက ခ်ခင္းတာလဲဆိုတာ အီရန္ဘက္က အေမရိကန္ စစ္ျမဴတဲ့အတိုင္း မလိုက္လာတဲ့ အတြက္ မွန္းဆလို႔မရခဲ့ပါဘူး။ထူးဆန္းတာက အစၥေရးနဲ႔ အာရပ္ႏိုင္ငံအခ်ိဳ႕ သံတမန္ဆက္ဆံေရး ထူေထာင္တာပါ။ဒါဟာ အီရန္လို ျပင္းထန္တဲ့ အစၥလာမၼစ္အယူဝါဒရွိတဲ့ ႏိုင္ငံအတြက္ လက္မခံႏိုင္စရာပါ။ဒီထဲမွာ ထူးျခားတာက တူရကီပါ။ဒီႏွစ္ထဲမွာ ဆီးရီးယားကေန အေမရိကန္တပ္ေတြဆုတ္တဲ့ အခါ အူယားဖားယား အေမရိကန္ေနရာကို ဝင္ယူတဲ့အတြက္ ေနာက္ဆုံးမွာ စစ္ႏြံထဲပိၿပီး ႐ုရွားနဲ႔ထိပ္တိုက္ေတြ႕တဲ့အထိ ျဖစ္ခဲ့ရသလို အာေမးနီး ယားစစ္ပြဲမွာလည္း အဇာဘိုင္ဂ်န္ဘက္ကဝင္လို႔ ႐ုရွားရဲ႕မ်က္မုန္းက်ိဳး သတိေပးခံရတဲ့အထိ ႐ုရွားနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရး ပ်က္ခဲ့ရပါတယ္။ယခု အီရတ္ကေန အေမရိကန္ထြက္တဲ့အခါ ဒီေနရာကို တူရကီကဝင္ယူတဲ့အခါ တူရကီအတြက္ အစြန္းေရာက္စစ္ေသြးႂကြေတြကို ဆက္ရင္ဆိုင္ေနရဖို႔ရွိေနပါတယ္။အစၥလာမ္ကမာၻမွာ စြာလာတဲ့ တူရကီကို စစ္ႏြံထဲဝင္မွန္းမသိဝင္ေနေအာင္ အေမရိကန္ကလုပ္ေနသလားဆိုတာ စိတ္ဝင္စားစရာပါ။တ႐ုတ္နဲ႔ဆိုရင္လည္း မၿပီးေသးတဲ့ ကုန္သြယ္ေရးျပႆနာ၊ ေတာင္တ႐ုတ္ပင္လယ္ျပႆနာေတြ၊ ထိုင္ဝမ္နဲ႔ ေဟာင္ေကာင္အေရးေတြက အေမရိကန္သမၼတ အေျပာင္းအလဲရွိလည္း ဆက္ျဖစ္ေနဖို႔ရွိတယ္လို႔ ႏိုင္ငံတကာကြၽမ္းက်င္သူေတြက ခန႔္မွန္းထားတဲ့ အတြက္ ၂၀၂၁ က ၿပီးခဲ့တဲ့ ၂၀၂၀ ကထက္ ပိုၿပီး ဆိုးမလား/ေကာင္းမလားဆိုတာ ရင္တမမနဲ႔ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
 
ဒီလိုစိတ္ဝင္စားဖြယ္ရာ သတင္းေတြအျပင္ ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ သတင္းမီဒီယာသမား ၅၀ အထိ သတ္ျဖတ္ခံခဲ့ရၿပီး အမ်ားစုမွာ စစ္ပြဲထဲမွာမဟုတ္ ဘူးလို႔ နယ္စည္းမျခားသတင္းေထာက္မ်ားအဖြဲ႕က ထုတ္ျပန္သတိေပးခဲ့တဲ့သတင္း၊ ပါကစၥတန္ ေျမာက္ပိုင္းမွာ စစ္ရဟတ္ယာဥ္ပ်က္က်လို႔ ရဟတ္ယာဥ္မႉး အပါအဝင္ ေလးဦးေသဆုံးခဲ့တဲ့ သတင္း၊ ဘားရင့္ပင္လယ္ျပင္အတြင္း ႐ုရွားသေဘၤာတစ္စင္း နစ္ျမဳပ္ခဲ့ရာမွာ သေဘၤာအမႈထမ္း ၁၉ ဦးအနက္ ႏွစ္ဦးကိုသာ ကယ္ဆယ္ႏိုင္ခဲ့တဲ့ သတင္းေတြကလည္း သတိထားမိတဲ့ သတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။
 
မင္းထက္
ဇန္နဝါရီ - ၁