【 ပြည်တွင်း】အထည်ချုပ်လုပ်ငန်းများအတွင်းတရုတ်ဘက်မှ အော်ဒါမှာယူမှု ပြန်လည်မြင့်တက်လာဟုဆို

【 ပြည်တွင်း】အထည်ချုပ်လုပ်ငန်းများအတွင်းတရုတ်ဘက်မှ အော်ဒါမှာယူမှု ပြန်လည်မြင့်တက်လာဟုဆို

အထည်ချုပ်လုပ်ငန်းတွေမှာ အဓိကအော်ဒါမှာယူနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ယခုနောက်ပိုင်း ပြန်လည်ကာ အော်ဒါအများအပြားကို မှာယူနေတာကြောင့် လုပ်ငန်းတွေ ပြန်လည်ကာ လည်ပတ်နေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေ ဆီက သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေထဲ တရုတ်အပါအဝင် ဂျပန်၊ အီးယူ၊ အမေရိကန်တို့က အော်ဒါမှာယူလေ့ရှိပေမယ့် ၂၀၂၀ အတွင်းမှာ တဖြေးဖြေးကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းလောက်မှစတင်ကာ အော်ဒါမှာယူမှုပြန်လည် မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

“အော်ဒါမှာတာက မြင့်လာတယ်ဆိုပေမယ့် အရင် ၂၀၁၉ လောက်နဲ့ယှဉ်ရင်တော့ အခြေအနေက အများကြီး ကွာတာပေါ့နော်၊ အခုနောက်ပိုင်းတော့ အရင်နှစ်ထက် နည်းနည်းလေးပြန်ကောင်းလာတယ်၊ တရုတ်ကလည်း တော်တော်လေးကို အော်ဒါ မှာတာတွေများလာတယ်၊ အော်ဒါမှာတာတွေ များလာတော့ ပုံမှန်လေးတော့ လည် ပတ်ရတာပေါ့၊ တစ်ခုရှိတာက လျှပ်စစ်မီးပဲ၊ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး အထူးအစီအစဉ်နဲ့ လုပ်ပေးထားပေမယ့် အခက်အခဲရှိနေသေးတယ်”လို့လည်း လုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလကုန်အထိ စာရင်းများအရ မြန်မာနိုင်ငံက ပြည်ပသို့ ချုပ်ပြီးသော အထည်များ တင်ပို့မှုမှ ကိုးလတာ ကာလအတွင်း ဒေါ်လာ လေးဘီလျံကျော် ရရှိထားတယ်လို့လည်း စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

001

ရန်ကုန်၊ ဇန်နဝါရီ ၃၀