【 ပြည်တွင်း 】တစ်နှစ်နီးပါးကြာပိတ်ထားရတဲ့ မန္တလေးကျောက်ဝိုင်းကို ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်ခွင့်ရဖို့တိုင်းအစိုးရအဖွဲ့ထံ တင်ပြထား

【 ပြည်တွင်း 】တစ်နှစ်နီးပါးကြာပိတ်ထားရတဲ့ မန္တလေးကျောက်ဝိုင်းကို ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်ခွင့်ရဖို့တိုင်းအစိုးရအဖွဲ့ထံ တင်ပြထား

တစ်နှစ်နီးပါးကြာပိတ်ထားရတဲ့ မန္တလေးကျောက်ဝိုင်းကို ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်ခွင့်ရဖို့ အတွက် ကျောက်ဝိုင်းအကျိုးတော်ဆောင်များက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြထားတယ်လို့ သိရပါတယ်။
အဆိုပါ ကျောက်ရောင်းဝယ်ရေးဈေးကွက်(ကျောက်ဝိုင်း)ကို ပြီးခဲ့သည့်နှစ် မတ်လ ၂၄ ရက်နေ့မှ စတင်၍ ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားခဲ့ရတာပါ။ ထို့ကြောင့် ယခုဆိုပါက အချိန်ကာလအားဖြင့် တစ်နှစ်နီးပါးကြာမြင့်လာသည်အထိ ကျောက်ဝိုင်းကို ပိတ်ထားရသည့်အတွက် ကျောက်ဝယ်ရောင်းသမားများ၏ မိသားစုတွေရဲ့စားဝတ်နေရေးပိုင်းတွေမှာ အခက်အခဲတွေကို ကြုံတွေ့လာနေရတဲ့အတွက် ကျန်းမာရေးနဲ့လျော်ညီစွာ ကျောက်ဝိုင်းကို ပြန်လည်ခင်းကျင်းပြီး ဖွင့်ခွင့်ပေးဖို့အတွက် တင်ပြထားခြင်းဖြစ်တယ်လို့လည်း မန္တလေးမြို့ အခြေစိုက် ကျောက်ဝိုင်း အကျိုးဆောင်များက ဆိုပါတယ်။
 
 
“ကျွန်တော်တို့ ပြန်လည်ဖွင့်နိုင်ဖို့အတွက် ကျောက်ဝိုင်း အကျိုးဆောင်တွေအနေနဲ့ တိုင်းဒေသကြီးကိုစာတင်ထားပါတယ်။ စာကတော့ ၂၁ ရက်နေ့ကစပြီးတော့တင်ပေးထားပါတယ်။ ဒါလည်း အခုဆိုရင် ဇန်နဝါရီ ၄ ရက်နေ့က စစ်ဆေးရေးအဖွဲ့များနဲ့လာရောက်စစ်ဆေးသွားပါတယ်။ ကျွန်တော်တို့ကျောက်ဝိုင်းကြီးဖွင့်ဖို့အတွက်ကတော့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်း လက်ဆေးရည်သုံးဖို့ Mask တပ်ဖို့ Face shield တွေတပ်ဖို့ စတာတွေကို ညွှန်ကြားချက်အတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့တတ်နိုင်သလောက်ပေါ့နော်၊ ကျွန်တော်တို့ ကြိုးပမ်းပေးပြီး ကျန်းမာရေးဝန်ကြီးဌာနက မည်သို့ဆောင်ရွက်ရမည်ကို ညွှန်ကြားလာတာနဲ့ ညွှန်ကြားချက်အတိုင်း ကျောက်ဝိုင်းကိုစဖွင့်ပြီဆိုတာနဲ့ ကျောက်သမားဝင်ခွင့်ကဒ်လေးတွေလည်း ကိုယ်စီလုပ်ပေးထားပါတယ်။ မလုပ်ရသေးတဲ့လူတွေကိုလည်း ထပ်လုပ်ပေးဖို့စီစဉ်ထားပြီး ကျောက်သမားမှန်ရင်ဝင်ခွင့်ကဒ်နဲ့ ဝင်ခွင့်ပေးမှာဖြစ်ပါတယ်”လို့ မဟာအောင်မြေကျောက်မြတ်ရတနာရောင်းဝယ်ရေးစခန်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ကဆိုပါတယ်။
 
အဆိုပါ ကျောက်ဝိုင်း ပြန်လည်ဖွင့်လှစ်ခွင့်ရရေးနဲ့ပတ်သက်လို့ ကျောက်ဝိုင်းအကျိုးတော်ဆောင်အဖွဲ့၊ မန္တလေးကျောက်မျက်လုပ်ငန်းရှင်များအသင်းနှင့် ပူးတွဲပြီးတော့ဆောင်ရွက်နေကြသလို သက်ဆိုင်ရာ တိုင်းဒေသကြီး အာဏာပိုင်အဖွဲ့များကလည်း မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်မှုတွေကို ပြုလုပ်နေကြတာတွေရှိတယ်လို့ မဟာအောင်မြေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ် က ဆိုပါတယ်။ 
“ဒီကျောက်ဝိုင်းဖွင့်လှစ်ရေးကတော့ ကျောက်သမားအတော်များများရဲ့ လိုလားတဲ့ဆန္ဒတစ်ခုပါပဲ။ ကျောက်ဝိုင်းကလည်းပဲ ဒီနှစ်ရှည်လကျော်ကြာသွားပြီပေါ့နော်။ တစ်နှစ်နီးပါးလောက် ကျောက်ဝိုင်းကို ပိတ်ထားတာပေါ့နော်။ ပိတ်ထားရတဲ့အခါမှာ ကျောက်သမားတွေရဲ့ စားဝတ်နေရေးကလည်း အခက်အခဲဖြစ် လာတာကိုတွေ့ရပါတယ်။ နောက်ပြီးကျတော့ ကျောက်ဝိုင်းကသာဖွင့်လှစ်ထားရတာပေါ့နော်။
 
တချို့ ကျောက်သမားတွေက ကျောက်ဝိုင်းရဲ့အပြင်ဘက်မှာရှိတဲ့ လမ်းတွေမှာ ဘုန်းကြီးကျောင်းတွေမှာ နောက်ပြီးကျတော့မြောင်းဘောင်တွေမှာဆိုရင်လည်းပဲသူတို့ရောင်းချနေကြတာတွေ့ရတယ်ပေါ့နော်။ ရောင်းချနေတဲ့အခါမှာလူအုပ်ပေါင်း တစ်ရာ၊နှစ်ရာမကဘူးပေါ့နော်။အဲ့ ဒီလူအုပ်တွေနဲ့ထောင်ဂဏန်းလောက်ထိ ရောင်းချနေကြတာကိုတွေ့ရတယ်။ တွေ့ရတဲ့အခါကျတော့လည်း သူတို့ကို mask တပ်ဖို့ hand gel ဆေးဖို့ social distancing နဲ့ကိုက်ညီအောင်ရောင်းချဖို့ဆိုတာဘယ်သူကမှ လမ်းညွန်မှုမပေးနိုင်ဘူး။ ဒါတွေကို တကယ်လို့ စည်ပင်ကနေပြီးတော့ အဲ့လိုရောင်းချဖို့လမ်းညွန်လိုက်မယ်ဆိုရင်လည်း သူတို့ကို တရားဝင်ခွင့်လွှတ်ထား သလိုခွင့်ပြုထားသလိုဖြစ်သွားမယ်။  ထူးခြားတာလေးတစ်ခုပြောရမယ်ဆိုရင် ဒီကျောက်ဝိုင်းတွေ ပြင်ပမှာ ဘုန်းကြီးကျောင်းတွေရဲ့ ဘေးမှာမြောင်း၊ချောင်းဘေးတွေမှာ သူတို့ လုပ်နေတာတွေဆိုရင် အလွန်အင်မတန် အန္တရယ်ကြီးပါတယ်။ ဒါတွေကိုမြို့တော်စည်ပင်ကလည်းတင်ပြထားတာရှိတယ်။ လမ်းဘေးဝဲယာမှာ ကျောက်ဝိုင်းက ကျောက်သမားတွေနဲ့စည်ကားနေတာကို ဝန်ကြီးချုပ်ကိုယ်တိုင်တွေ့ပါတယ်။ ဒါကြောင့်သူတို့အတွက်တော့ တစ်ခုခုစီစဉ်မှဖြစ်တော့မယ်ဆိုတာကို ဝန်ကြီးချုပ်ကသဘောထားရှိပါတယ်။” 
 
ကျောက်ဝိုင်းပြန်လည်ဖွင့်လှစ်ခွင့်ရပါက ပြန်ကျခင်းကျောက်ဝိုင်းကို မနက် ၅ နာရီမှ ၉ နာရီအထိ လည်းကောင်း၊ လွှာကျပ်လက်ကောက်ကို မနက် ၉ နာရီမှ ၁၂ နာရီအထိ ဖွင့်လှစ်လုပ်ကိုင်ဖို့စီစဉ်ထားပြီး ဖြတ်သွေးကိုတော့ တစ်နေကုန်ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ ကျောက်ဝိုင်းအကျိုးဆောင်များက ဆိုပါတယ်။ ယင်းကျောက်ဝိုင်းကြီး အတွင်းမှာဆိုရင်တော့ တရားဝင်ဆိုင်ခန်းပေါင်း ၁၁၁ ခန်းရှိပြီး ပြန်ကျဆိုင်ခန်းများကတော့ ၆၁၆ ခန်းအထိရှိကာ  ပုံမှန်ကာလများမှာဆိုပါက လူဦးရေက နေ့စဉ်သိန်းချီဝင်ရောက်ပြီး အရောင်း၊အဝယ် ပြုလုပ်နေကြတဲ့ ကျောက်ဈေးကွက်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။
 
 
ကိုအောင်မှူး(မန္တလေး)
မန္တလေး၊ ဇန်နဝါရီ ၁၈ 
 
(  Zawgyi  )
 
 တစ္ႏွစ္နီးပါးၾကာပိတ္ထားရတဲ့ မႏၲေလးေက်ာက္ဝိုင္းကို က်န္းမာေရးစည္းကမ္းခ်က္ေတြနဲ႔အညီ ျပန္လည္ဖြင့္ခြင့္ရဖို႔ အတြက္ ေက်ာက္ဝိုင္းအက်ိဳးေတာ္ေဆာင္မ်ားက မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံသို႔ တင္ျပထားတယ္လို႔ သိရပါတယ္။
အဆိုပါ ေက်ာက္ေရာင္းဝယ္ေရးေဈးကြက္(ေက်ာက္ဝိုင္း)ကို ၿပီးခဲ့သည့္ႏွစ္ မတ္လ ၂၄ ရက္ေန႔မွ စတင္၍ ကိုဗစ္ေရာဂါျဖစ္ပြားမႈေၾကာင့္ ပိတ္ထားခဲ့ရတာပါ။ ထို႔ေၾကာင့္ ယခုဆိုပါက အခ်ိန္ကာလအားျဖင့္ တစ္ႏွစ္နီးပါးၾကာျမင့္လာသည္အထိ ေက်ာက္ဝိုင္းကို ပိတ္ထားရသည့္အတြက္ ေက်ာက္ဝယ္ေရာင္းသမားမ်ား၏ မိသားစုေတြရဲ႕စားဝတ္ေနေရးပိုင္းေတြမွာ အခက္အခဲေတြကို ႀကဳံေတြ႕လာေနရတဲ့အတြက္ က်န္းမာေရးနဲ႔ေလ်ာ္ညီစြာ ေက်ာက္ဝိုင္းကို ျပန္လည္ခင္းက်င္းၿပီး ဖြင့္ခြင့္ေပးဖို႔အတြက္ တင္ျပထားျခင္းျဖစ္တယ္လို႔လည္း မႏၲေလးၿမိဳ႕ အေျခစိုက္ ေက်ာက္ဝိုင္း အက်ိဳးေဆာင္မ်ားက ဆိုပါတယ္။
 
 
“ကြၽန္ေတာ္တို႔ ျပန္လည္ဖြင့္ႏိုင္ဖို႔အတြက္ ေက်ာက္ဝိုင္း အက်ိဳးေဆာင္ေတြအေနနဲ႔ တိုင္းေဒသႀကီးကိုစာတင္ထားပါတယ္။ စာကေတာ့ ၂၁ ရက္ေန႔ကစၿပီးေတာ့တင္ေပးထားပါတယ္။ ဒါလည္း အခုဆိုရင္ ဇန္နဝါရီ ၄ ရက္ေန႔က စစ္ေဆးေရးအဖြဲ႕မ်ားနဲ႔လာေရာက္စစ္ေဆးသြားပါတယ္။ ကြၽန္ေတာ္တို႔ေက်ာက္ဝိုင္းႀကီးဖြင့္ဖို႔အတြက္ကေတာ့ က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ၾကားထားတဲ့အတိုင္း လက္ေဆးရည္သုံးဖို႔ Mask တပ္ဖို႔ Face shield ေတြတပ္ဖို႔ စတာေတြကို ၫႊန္ၾကားခ်က္အတိုင္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့တတ္ႏိုင္သေလာက္ေပါ့ေနာ္၊ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းေပးၿပီး က်န္းမာေရးဝန္ႀကီးဌာနက မည္သို႔ေဆာင္႐ြက္ရမည္ကို ၫႊန္ၾကားလာတာနဲ႔ ၫႊန္ၾကားခ်က္အတိုင္း ေက်ာက္ဝိုင္းကိုစဖြင့္ၿပီဆိုတာနဲ႔ ေက်ာက္သမားဝင္ခြင့္ကဒ္ေလးေတြလည္း ကိုယ္စီလုပ္ေပးထားပါတယ္။ မလုပ္ရေသးတဲ့လူေတြကိုလည္း ထပ္လုပ္ေပးဖို႔စီစဥ္ထားၿပီး ေက်ာက္သမားမွန္ရင္ဝင္ခြင့္ကဒ္နဲ႔ ဝင္ခြင့္ေပးမွာျဖစ္ပါတယ္”လို႔ မဟာေအာင္ေျမေက်ာက္ျမတ္ရတနာေရာင္းဝယ္ေရးစခန္း ဒုတိယ ဥကၠ႒ ဦးေက်ာ္ေက်ာ္ဦး ကဆိုပါတယ္။
 
အဆိုပါ ေက်ာက္ဝိုင္း ျပန္လည္ဖြင့္လွစ္ခြင့္ရေရးနဲ႔ပတ္သက္လို႔ ေက်ာက္ဝိုင္းအက်ိဳးေတာ္ေဆာင္အဖြဲ႕၊ မႏၲေလးေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းႏွင့္ ပူးတြဲၿပီးေတာ့ေဆာင္႐ြက္ေနၾကသလို သက္ဆိုင္ရာ တိုင္းေဒသႀကီး အာဏာပိုင္အဖြဲ႕မ်ားကလည္း ေျမျပင္ကြင္းဆင္း စစ္ေဆးေဆာင္႐ြက္မႈေတြကို ျပဳလုပ္ေနၾကတာေတြရွိတယ္လို႔ မဟာေအာင္ေျမၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၿငိမ္းသစ္ က ဆိုပါတယ္။ 
“ဒီေက်ာက္ဝိုင္းဖြင့္လွစ္ေရးကေတာ့ ေက်ာက္သမားအေတာ္မ်ားမ်ားရဲ႕ လိုလားတဲ့ဆႏၵတစ္ခုပါပဲ။ ေက်ာက္ဝိုင္းကလည္းပဲ ဒီႏွစ္ရွည္လေက်ာ္ၾကာသြားၿပီေပါ့ေနာ္။ တစ္ႏွစ္နီးပါးေလာက္ ေက်ာက္ဝိုင္းကို ပိတ္ထားတာေပါ့ေနာ္။ ပိတ္ထားရတဲ့အခါမွာ ေက်ာက္သမားေတြရဲ႕ စားဝတ္ေနေရးကလည္း အခက္အခဲျဖစ္ လာတာကိုေတြ႕ရပါတယ္။ ေနာက္ၿပီးက်ေတာ့ ေက်ာက္ဝိုင္းကသာဖြင့္လွစ္ထားရတာေပါ့ေနာ္။ 
 
တခ်ိဳ႕ ေက်ာက္သမားေတြက ေက်ာက္ဝိုင္းရဲ႕အျပင္ဘက္မွာရွိတဲ့ လမ္းေတြမွာ ဘုန္းႀကီးေက်ာင္းေတြမွာ ေနာက္ၿပီးက်ေတာ့ေျမာင္းေဘာင္ေတြမွာဆိုရင္လည္းပဲသူတို႔ေရာင္းခ်ေနၾကတာေတြ႕ရတယ္ေပါ့ေနာ္။ ေရာင္းခ်ေနတဲ့အခါမွာလူအုပ္ေပါင္း တစ္ရာ၊ႏွစ္ရာမကဘူးေပါ့ေနာ္။အဲ့ ဒီလူအုပ္ေတြနဲ႔ေထာင္ဂဏန္းေလာက္ထိ ေရာင္းခ်ေနၾကတာကိုေတြ႕ရတယ္။ ေတြ႕ရတဲ့အခါက်ေတာ့လည္း သူတို႔ကို mask တပ္ဖို႔ hand gel ေဆးဖို႔ social distancing နဲ႔ကိုက္ညီေအာင္ေရာင္းခ်ဖို႔ဆိုတာဘယ္သူကမွ လမ္းၫြန္မႈမေပးႏိုင္ဘူး။ ဒါေတြကို တကယ္လို႔ စည္ပင္ကေနၿပီးေတာ့ အဲ့လိုေရာင္းခ်ဖို႔လမ္းၫြန္လိုက္မယ္ဆိုရင္လည္း သူတို႔ကို တရားဝင္ခြင့္လႊတ္ထား သလိုခြင့္ျပဳထားသလိုျဖစ္သြားမယ္။  ထူးျခားတာေလးတစ္ခုေျပာရမယ္ဆိုရင္ ဒီေက်ာက္ဝိုင္းေတြ ျပင္ပမွာ ဘုန္းႀကီးေက်ာင္းေတြရဲ႕ ေဘးမွာေျမာင္း၊ေခ်ာင္းေဘးေတြမွာ သူတို႔ လုပ္ေနတာေတြဆိုရင္ အလြန္အင္မတန္ အႏၲရယ္ႀကီးပါတယ္။ ဒါေတြကိုၿမိဳ႕ေတာ္စည္ပင္ကလည္းတင္ျပထားတာရွိတယ္။ လမ္းေဘးဝဲယာမွာ ေက်ာက္ဝိုင္းက ေက်ာက္သမားေတြနဲ႔စည္ကားေနတာကို ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ေတြ႕ပါတယ္။ ဒါေၾကာင့္သူတို႔အတြက္ေတာ့ တစ္ခုခုစီစဥ္မွျဖစ္ေတာ့မယ္ဆိုတာကို ဝန္ႀကီးခ်ဳပ္ကသေဘာထားရွိပါတယ္။” 
 
ေက်ာက္ဝိုင္းျပန္လည္ဖြင့္လွစ္ခြင့္ရပါက ျပန္က်ခင္းေက်ာက္ဝိုင္းကို မနက္ ၅ နာရီမွ ၉ နာရီအထိ လည္းေကာင္း၊ လႊာက်ပ္လက္ေကာက္ကို မနက္ ၉ နာရီမွ ၁၂ နာရီအထိ ဖြင့္လွစ္လုပ္ကိုင္ဖို႔စီစဥ္ထားၿပီး ျဖတ္ေသြးကိုေတာ့ တစ္ေနကုန္ေဆာင္႐ြက္ဖို႔ စီစဥ္ထားတယ္လို႔ ေက်ာက္ဝိုင္းအက်ိဳးေဆာင္မ်ားက ဆိုပါတယ္။ ယင္းေက်ာက္ဝိုင္းႀကီး အတြင္းမွာဆိုရင္ေတာ့ တရားဝင္ဆိုင္ခန္းေပါင္း ၁၁၁ ခန္းရွိၿပီး ျပန္က်ဆိုင္ခန္းမ်ားကေတာ့ ၆၁၆ ခန္းအထိရွိကာ  ပုံမွန္ကာလမ်ားမွာဆိုပါက လူဦးေရက ေန႔စဥ္သိန္းခ်ီဝင္ေရာက္ၿပီး အေရာင္း၊အဝယ္ ျပဳလုပ္ေနၾကတဲ့ ေက်ာက္ေဈးကြက္ႀကီးတစ္ခုလည္း ျဖစ္ပါတယ္။
 
 
ကိုေအာင္မႉး(မႏၲေလး)
မႏၲေလး၊ ဇန္နဝါရီ ၁၈