【 ပြည်တွင်း 】တရုတ်ဈေးကွက်သို့ မြန်မာထွက်ကုန်များပိုမိုတင်ပို့နိုင်ရန်အတွက် အကန့်အသတ်အချို့ဖြေလျှော့ပေးဖို့ တိုက်တွန်းထား

【 ပြည်တွင်း 】တရုတ်ဈေးကွက်သို့ မြန်မာထွက်ကုန်များပိုမိုတင်ပို့နိုင်ရန်အတွက် အကန့်အသတ်အချို့ဖြေလျှော့ပေးဖို့ တိုက်တွန်းထား

တရုတ်ဈေးကွက်အတွင်းသို့ မြန်မာနိုင်ငံကထွက်ရှိတဲ့ ပို့ကုန်များပိုမိုတင်ပို့နိုင်ရန်အတွက် အကန့်အသတ်အချို့ ဖြေလျှော့ပေးဖို့ တိုက်တွန်းထားတယ်လို့ ပြီးခဲ့တဲ့မေလကုန်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ တရုတ်-မြန်မာ စီးပွားရေးကုန်စည်ပြပွဲမှ သိရပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးမှာ မြန်မာနိုင်ငံက အဓိကတင်ပို့လျက်ရှိတဲ့ ထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံဈေးကွက်အတွင်း ကျယ်ပြန့်စွာတင်ပို့နိုင်ရန် အရေးကြီးသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း သဘောတူညီချက်များကိုလည်း လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပြီး မြန်မာပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေး အကန့်အသတ်များ၊ အတားအဆီးများ လျှော့ချပေးစေလိုကြောင်း တိုက် တွန်းခဲ့တာလို့ ဆိုပါတယ်။ ထို့အတူ နှစ်ဖက်နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နယ်စပ်ဒေသများတွင် ဘဏ်လုပ်ငန်းစနစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ထောက်ပံ့ပို့ ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လွယ်ကူစေရေးတို့ကိုလည်း နှစ်ဖက်ပူးပေါင်း ဆောင်ရွက်သွားကြဖို့လိုတယ်လို့လည်း နယ်စပ်ကုန်သည်တွေကပြောပါတယ်။

ပြီးခဲ့တဲ့မေလကုန်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ တရုတ်-မြန်မာစီးပွားရေးကုန်စည်ပြပွဲမှာတော့ မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ကုမ္ပဏီ ၆၅ ခုမှ ပြခန်းပေါင်း ၇၉ ခန်း၊ တရုတ်နိုင်ငံကုန်သည်လုပ်ငန်းရှင် ၇၀ မှ ပြခန်းပေါင်း ၄၀ ခန့်က ဒေသထွက်စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ ကျောက် မျက်ရတနာများ၊ လက်ဖက်နှင့်ကော်ဖီ၊ လယ်ယာထွက်ကုန်များ၊ ကြိမ်နှင့် ဝါးထွက်ကုန်များ၊ သစ်သားပန်းပုများ၊ ပရိဘောဂများနှင့် ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းစသည်ဖြင့် ကဏ္ဍစုံပါဝင် ပြသခဲ့တယ်လို့ သိရပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာသဘောတူစာချုပ် စုစုပေါင်း ၉ ခုနဲ့ နားလည်မှုစာချွန်လွှာ ၂ ခုတို့ကို စတုတ္ထအကြိမ် မြန်မာ (လားရှိုး) - တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးကုန်စည်ပြပွဲအတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အောင်အောင်

ရန်ကုန် ၊ ဇွန် ၃