【 ပြည်တွင်း 】တရုတ်နယ်စပ်ကုန်သွယ်မှု ကာလတူထက် ကန်ဒေါ်လာသန်း ၅၀၀ နီးပါး ပိုမိုရရှိထား

【 ပြည်တွင်း 】တရုတ်နယ်စပ်ကုန်သွယ်မှု ကာလတူထက် ကန်ဒေါ်လာသန်း ၅၀၀ နီးပါး ပိုမိုရရှိထား

တရုတ်နယ်စပ်စခန်း ၅ ခုမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ၁၁လနီးပါးကာလအတွင်း ကုန်သွယ်မှုတန်ဖိုးမှာ ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာသန်း ၅၀၀ နီးပါး ပိုလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်များအရသိရပါတယ်။

တရုတ်နယ်စပ်စခန်း(၅)ခုဖြစ်တဲ့  မူဆယ်၊ချင်းရွှေဟော်၊လွယ်ဂျယ်၊ ကံပိုင်တည်၊ကျိုင်းတုံ စသည့်စခန်းတွေရဲ့ ကုန်သွယ်မှုဟာ ၂၀၂၁ ခုနှစ်ဧပြီ (၁) ရက်ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄  ရက်အထိ ပို့ကုန်သွင်းကုန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၀၀ ကျော်သာရှိခဲ့ကာ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ်ဖေဖေါ်ဝါရီလ ၂၄ ရက်အထိ ပို့ကုန်၊ သွင်းကုန်စုစုပေါင်း ကန်ဒေါ်လာသန်း ၂၆၀၀ ကျော် ရှိခဲ့တာကြောင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ သန်း ၅၀၀ နီးပါးပိုလာတာကို တွေ့ရပါတယ်။

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ တရုတ်နယ်စပ်စခန်းအလိုက် ကုန်သွယ်မှုတွင် မူဆယ်နယ်စပ်စခန်းမှ အများဆုံး ကုန်သွယ်ထားကာ စုစုပေါင်း ပို့ကုန်သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း ၂၆၀၀ကျော်ရှိခဲ့ပြီး ပို့ကုန်ပေါင်း အမေရိကန်ဒေါ်လာသန်း ၂၁၆၀ကျော်ရှိနဲ့ သွင်းကုန်ပမာဏပေါင်း ဒေါ်လာ ၄၄၃သန်းကျော်  ရှိခဲ့တယ်လို့ သိရပါတယ်။

၀၀၅

ရန်ကုန်၊ မတ် ၁၈