【 ပြည်တွင်း 】တရုတ်နယ်စပ် ကုန်သွယ်မှုပမာဏ ကာလတူထက်တိုးလာ

【 ပြည်တွင်း 】တရုတ်နယ်စပ်ကုန်သွယ်မှုပမာဏ ကာလတူထက်တိုးလာ

လက်ရှိဘဏ္ဍာနှစ် ၁၀ လအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာလတူထက် ကန်ဒေါ်လာသန်း ၃၇၀နီးပါး တိုးလာတယ်လို့  စီးပွားကူးသန်းရဲ့အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ရက်အထိ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၁၉၃၂သန်းကျော်ရှိခဲ့ပြီး ယခုဘဏ္ဍာနှစ် အလားတူကာလတွင် နယ်စပ်ကုန်သွယ်မှုပမာဏမှာ ကန် ဒေါ်လာ သန်း ၂၃၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။

ယခုဘဏ္ဍာနှစ် ၁၀ လ နီးပါးကာလအတွင်း တရုတ်ဘက်သို့ ကန်ဒေါ်လာ သန်း ၁၉၀၀ကျော် တင်ပို့ခဲ့ရပြီး သွင်းကုန်အနေနဲ့ ကန်ဒေါ်လာ သန်း ၃၉၀ကျော် တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းများ အများဆုံးပြုလုပ်နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း မူဆယ်နယ်စပ်မှတစ်ဆင့် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ သန်း ၁၆၀၀ ကျော်နဲ့ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၂၃၆သန်းကျော် တင်သွင်းခဲ့တာဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုကို မူဆယ်၊ လွယ်ဂျယ် ၊ ချင်းရွှေဟော် ၊ ကံပိုက်တီ၊ ကျိုင်းတုံ စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပါတယ်။

002

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂