【 ပြည်တွင်း 】တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေ ၆၁ သန်းခန့် ပံ့ပိုးပေးခဲ့

【 ပြည်တွင်း 】တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေ ၆၁ သန်းခန့် ပံ့ပိုးပေးခဲ့

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေ ၆၁ သန်းခန့် ပံ့ပိုးပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ 
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ပံ့ပိုးကူညီသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။  
ယခုအကြိမ် ပံ့ပိုးပေးသော ကာကွယ်ဆေး ၃ သန်းကို ကျောင်းနေအရွယ်ကလေးငယ်များနှင့် နာတာရှည်ရောဂါခံစားနေရသော သက်ကြီးရွယ်အိုများအတွက် ထပ်ဆောင်းကာကွယ်ဆေး (booster) အဖြစ် ထိုးနှံပေးမယ်လို့လည်း ဆိုပါတယ်။ 
ဒါ့အပြင် တရုတ်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာနကိုလည်း ၂၀၂၃ ခုနှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် စီစဉ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။ 
 
002
 
ရန်ကုန်၊ ဇန်နဝါရီ ၂၄