【 ပြည်တွင်း 】တရုတ်ဘာသာစကားပြောသင်တန်းကို အွန်လိုင်းကနေတက်ရောက် သင်ကြားသူများလာ

【 ပြည်တွင်း 】တရုတ်ဘာသာစကားပြောသင်တန်းကို အွန်လိုင်းကနေတက်ရောက် သင်ကြားသူများလာ

မြန်မာနိုင်ငံမှာ တရုတ်ဘာသာစကားကို လူမှုကွန်ရက်စာမျက်နှာကနေ သင်ကြားမှုပိုမိုများပြားလာတယ်လို့  အွန်လိုင်းကနေ တရုတ်ဘာသာစကားသင်တန်း သင်ကြားသူတွေနဲ့ တက်ရောက်ကြတဲ့သူတွေထံက သိရပါတယ်။

အွန်လိုင်းကနေ တရုတ်ဘာသာစာသင်တန်းဖွင့်လှစ်သင်ကြားမှုက ရန်ကုန်နဲ့ မန္တလေးမြို့မှာ အများဆုံးရှိနေတာ ဖြစ်ပြီး သင်တန်းတက်ရောက်သူတွေထဲမှာ ရန်ကုန်နဲ့ မန္တလေးမှာနေထိုင်တဲ့သူတွေအပြင် ဒေသအသီးသီးက တက်ရောက်ကြတာဖြစ်တယ်လို့ သိရပါတယ်။

“အခုက အရင်လိုမဟုတ်တော့ဘူး။ တရုတ်စကားပြောသင်တန်းကို အွန်းလိုင်းကနေတက်ရောက်တဲ့သူတွေ များတယ်။ နယ်ကသူတွေပါ အွန်လိုင်းကနေ သင်တန်းတက်တာတွေ့လာရတယ်။ ခရီးသွားတွေအများစု သွား ရောက်လည်ပတ်ကြတဲ့ ပုဂံကဟိုတယ်တွေမှာလည်း သင်တန်းသား၊ သင်တန်းသူတွေများတယ်။ တရုတ်စာသင်တန်းတက်တဲ့သူတွေကတော့ ပညာသင်သွားမယ့်သူတွေ၊ ဧည့်လမ်းညွှန်လုပ်မယ့်သူ၊ တရုတ်ကုမ္ပဏီတွေမှာ လုပ်မယ့်သူတွေ တက်ရောက်ကြတာများတယ်”လို့ ရန်ကုန်မြို့မှာ တရုတ်စကားပြောသင်တန်းသင်ကြားပေးနေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

အရင်က မြန်မာပြည်ပွားတရုတ်လူမျိုးတွေရဲ့ သားသမီးတွေသာ တရုတ်စာနဲ့ တရုတ်ဘာသာစကားကိုသင်ကြားတာများပေမယ့် အခုနောက်ပိုင်းမှာ မြန်မာလူမျိုးတွေကပါ တရုတ်ဘာသာစကားကို သင်ကြားမှုများလာကြောင်း၊ အွန်လိုင်းကနေသင်ကြားတဲ့ သင်တန်းတွေဟာအချိန်ပိုင်းသင်တန်းတွေဖြစ်‌ပြီး သင်တန်းကြေးတွေအနေနဲ့ ကျပ်ခြောက်သောင်း(၆၀၀၀၀)နဲ့ ကျပ်တစ်သိန်း(၁၀၀၀၀၀)အထိ စျေးနှုန်းအမျိုးမျိုးရှိတယ်လို့ သိရပါတယ်။

003

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၄