【 ပြည်တွင်း 】ဒေါ်လာစျေးတွေပြန်ကျပေမယ့် အခြေခံကုန်ပစ္စည်းစျေးနှုန်း အမြင့်စျေးမှာသာ ဆက်ရှိနေ

【 ပြည်တွင်း 】ဒေါ်လာစျေးတွေပြန်ကျပေမယ့်  အခြေခံကုန်ပစ္စည်းစျေးနှုန်း အမြင့်စျေးမှာသာ ဆက်ရှိနေ

ဒေါ်လာစျေးနှုန်းတွေမြင့်တက်မှုနဲ့အတူ အခြေခံစားသောက်ကုန်စျေးနှုန်းတွေဆက်တိုက်မြင့်တက်လာ လျက်ရှိရာ လက်ရှိမှာ ဒေါ်လာစျေးတွေအနည်းငယ်ပြန်ကျသွားပေမယ့် အခြေခံကုန်ပစ္စည်းစျေးနှုန်းက ကျဆင်းသွားခြင်းမရှိပဲ အမြင့်စျေးမှာသာ ဆက်ရှိနေတယ်လို့ ပြည်သူတွေထံက သိရပါတယ်။

နေ့စဉ်စားသောက်နေရတဲ့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့  ဆန်၊ ဆီ၊ ဆား၊ငရုပ်သီး ၊ ကြက်သွန် တွေအပြင် အာလူး၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးများသာမက ဆပ်ပြာမှုန့်၊ ကိုယ်တိုက်ဆပ်ပြာ၊ သွားတိုက်ဆေး၊ ကော်ဖီမစ်စတဲ့ အခြေခံစားသောက်ကုန်နဲ့  လူသုံးကုန်ပစ္စည်းတွေက  ဒေါ်လာစျေးတွေ ကျသွားပေမယ့်     ယခင်ထက် လေးဆနီးပါးလောက်မြင့်တက်နေဆဲဖြစ်တယ်လို့  ရန်ကုန်မြို့နေပြည်သူ တွေထံကသိရပါ တယ်။

“ဩဂုတ်လကစပြီး ဒေါ်လာစျေးတွေတက်တာနဲ့ အပြိုင် အခြေခံစားသောက်ကုန်၊အိမ်သုံးကုန်၊ လူသုံးကုန်ပစ္စည်း စျေးနှုန်းတွေက  အမျိုးအစားအလိုက် စျေးနှုန်းက သုံးလေးဆလောက်တက်သွားတယ်။ အခုအချိန်မှာ ဒေါ်လာစျေးတွေ၊ရွှေစျေးတွေကျနေပေမယ့်လည်းအခြေခံစားသောက်ကုန်ပစ္စည်းတွေရဲ့စျေးနှုန်းတွေက ကျမသွားဘဲ အမြင့်စျေးမှာပဲဆက်ရှိနေတယ်။ကုန်စျေးနှုန်းတွေကကြီးပြီး ဝင်ငွေက တိုးမလာပဲပုံမှန်အတိုင်းပဲ ဖြစ်နေတယ်ဆိုတော့ ရေရှည်မှာ အခက်အခဲအကျပ်အတည်းတွေပိုဖြစ်လာနိုင်တယ်”လို့ လှိုင်သာယာမြို့နယ်နေ ကိုအောင် ကျော်သူက ပြောပါတယ်။

လက်ရှိမှာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေက  ယခင်နှစ်တွေကထက် ၄ ဆခန့်ထိ မြင့်တက်လျက် ရှိနေပေမယ့်  လုပ်ခလစာတွေ မြင့်တက်လာတာမရှိတဲ့အတွက်  အခြေခံလူတန်းစားအများစုမှာ ဝင်ငွေထွက်ငွေ မျှတမှု မရှိဘဲ ပိုမိုကျပ်တည်းလာတယ်လို့ ပြည်သူတွေထံကသိရပါတယ်။

မြန်မာနိုင်ငံမှာ  စားသုံးဆီ၊ စက်သုံးဆီ အပါအဝင် စားသောက်ကုန်နဲ့  အိမ်သုံးကုန်၊ လူသုံးကုန် ပစ္စည်းတွေ ၊ အလှ ကုန်ပစ္စည်းတွေ၊ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းတွေကို ပြည်ပနိုင်ငံအသီးသီးကနေ တင်သွင်းနေရတာဖြစ်တဲ့ အတွက် ဒေါ်လာစျေးတွေတက်လာတာနဲ့ အဆို  သွင်းကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းက လည်း လိုက်ပါမြင့်တက် နေတာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်၊ စက်တက်ဘာ ၂၅