【 ပြည်တွင်း 】ဖုန်းဆက်ဆဲဆိုပြီးလိမ်လည်သူများကြောင့် အများပြည်သူစိတ်အနှောင့်အယှက် ဖြစ်နေ

【 ပြည်တွင်း 】ဖုန်းဆက်ဆဲဆိုပြီးလိမ်လည်သူများကြောင့် အများပြည်သူစိတ်အနှောင့်အယှက် ဖြစ်နေ

ဖုန်းဆက်ပြီးလိမ်လည်သူများက ဆဲဆိုခြိမ်းခြောက်လိမ်လည်တာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရတယ် လို့ မြို့နယ်ဆိုင်ရာလူမှုကွန်ယက်ဂရုများတွင် ရင်ဖွင့်သူများပြားလာတာကို တွေ့လာရတာဖြစ်ပါတယ်။

ဖုန်းဆက်လိမ်လည်မှုပုံစံအသစ်အနေဖြင့် ပုံစံမျိုးစုံတွေ့ရှိလာရချိန်တွင် လိမ်လည်သူတွေက လိမ်သည့်အပြင် မိုက်ရိုင်းတဲ့ပြောဆိုမှုတွေကို ပြုလုပ်နေကြတယ်လို့ ဖော်ပြနေကြပါတယ်။

“အမျိုးသမီးဖုန်းနံပါတ်နဲ့အာမခံထားလို့ ကျနော်မိန်းမကိုတရားစွဲမယ်တဲ့ ချေးတဲ့သူကဖုန်းနံပါတ်ပေးတိုင်း ခိုင်လုံတဲ့အာမခံဖြစ်လားလို့မေးတော့မင်းမိန်းမ လင်ငယ်ဖြစ်မှာပေါ့တဲ့။ မိမစစ်ဖမစစ်တိုင်းပဲရိုင်းစိုင်းတယ်” ဟု သာကေတမြို့နယ်မှ ပြည်သူတစ်ဦးက ငွေကြေးအာမခံပေးထားလို့တောင်းတဲ့ပုံစံနဲ့ လိမ်လည်ဆဲဆိုပြောဆို သွားတဲ့အပေါ်  အသိပေးဖော်ပြထားပါတယ်။

ဒါ့အပြင် မိန်းကလေးအသံဖြင့် “ကလေးကိုဘယ်လိုတာဝန်ယူမှာလဲဆိုတဲ့အမေးနဲ့” အမျိုးသားတွေကို လိမ်လည် ခြိမ်းခြောက်ကာ ဆက်သွယ်လိမ်လည်တာတွေရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂