【 ပြည်တွင်း 】မူဆယ် နယ်စပ်ဂိတ်ပေါက်မှ မြန်မာနိုင်ငံသား ၁၇၀ ကျော် ပြန်လည်ဝင်ရောက်လာ

【 ပြည်တွင်း 】မူဆယ် နယ်စပ်ဂိတ်ပေါက်မှ မြန်မာနိုင်ငံသား ၁၇၀ ကျော် ပြန်လည်ဝင်ရောက်လာ

တရုတ်နိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဦးရေ ၁၇၀ကျော် ဟာ မြန်မာ-တရုတ်နယ်စပ်ဂိတ်ပေါက်ဖြစ်တဲ့ နန်းတော်ဂိတ်ပေါက်မှတစ်ဆင့်မူဆယ်မြို့ကို ပြန်လည်ဝင်ရောက်လာတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

 ၂၀၂၃ခုနှစ် ဇန်နဝါရီ တတိယအပတ်ကစပြီး မူဆယ်မြို့ရှိ  တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်တဲ့ နန်းတော် ဂိတ်ကို ပြန်လည်ဖွင့်ပေးပြီးတဲ့နောက် တရုတ်နိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ဦးရေ ၁၇၀ကျော် ပြန်လည်ဝင်ရောက်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ ပြည်တော်ပြန်တွေအနေနဲ့ နန်းတော်ဂိတ်ပေါက်ကနေ ၂၀၂၃ခုနှစ် ဇန်နဝါရီ ၁၈ရက်နေ့က ၁၀၀ ဦးကျော်ပြန်လည်ဝင်ရောက်လာပြီး ဖေဖော်ဝါရီ ၃ရက်နေ့မှာ ၇၀ဦး ထပ်မံဝင်ရောက်လာတာဖြစ်တယ်လို့ မူဆယ်မြို့အခြေစိုက်လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ရက်က ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ မူဆယ်ခရိုင်လဝကရုံးက မူဆယ်ခရိုင်အတွင်းအိမ်ထောင်စုရှိသူတွေကို စာအုပ်အနီပြုလုပ်ပေးလျက်ရှိပြီး မူဆယ်ခရိုင်ပြင်ပ အိမ်ထောင်စုကိုင်ဆောင်ထားသူတွေကိုတော့  မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံကို ဝင်ထွက်နိုင်ဖို့ နှစ်နိုင်ငံဆွေးနွေးလျက်ရှိနေပေမယ့်  ယခုအချိန်ထိ ဝင်ထွက်ခွင့် (BP,TBP) ပြုလုပ်ခွင့်မပြုသေးဘူးလို့ သိရပါတယ်။

003

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀