【 ပြည်တွင်း 】မဲခေါင် - လန်ချန်း ဒေသတွင်းနိုင်ငံများမှ လူငယ်ပန်းပုအနုပညာရှင်များ ဖန်တီးမှုပန်းပုရုပ်ထုများအကြောင်း ဆွေးနွေး

【 ပြည်တွင်း 】မဲခေါင် - လန်ချန်း ဒေသတွင်းနိုင်ငံများမှ လူငယ်ပန်းပုအနုပညာရှင်များ ဖန်တီးမှုပန်းပုရုပ်ထုများအကြောင်း ဆွေးနွေး

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်း အစီအစဉ်တွေကို ဇန်နဝါရီလကုန်ပိုင်းက မန္တလေးမြို့ မြနန်းဘုံစံ ရတနာပုံခန်းမ၌ Virtual စနစ်နဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပူးပေါင်းဆောင်ရွက်ဆွေးနွေးမှုတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ယဉ်ကျေးမှုပန်းပုအနုပညာ လက်ရာတွေ၊ ရန်ကုန်တိုင်း ဒါးပိန်မြို့တွင် ထုလုပ်နေတဲ့ သစ်သားပန်းပု ထုလုပ်ပုံအဆင့်ဆင့်နဲ့ ထုလုပ်နည်းတွေ ကို Video Clicks နဲ့ ဖွင့်လှစ်ပြသခဲ့ကြပါတယ်။

အခမ်းအနားတွင် မဲခေါင် - လန်ချန်း ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံတို့မှ လူငယ်ပန်းပု အနုပညာရှင်များက သက်ဆိုင်ရာ နိုင်ငံအလိုက် ၎င်းတို့ဖန်တီးထုလုပ်ခဲ့ကြသည့် ပန်းပုရုပ်ထုများ ဖန်တီးထုလုပ်ပုံတို့ကို ရှင်းလင်းတင်ပြခဲ့ကြကာ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ဆွေးနွေးဖလှယ်မှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းကျင်းပ ပြုလုပ်နိုင်ခဲ့တာကြောင့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများရှိ ပန်းချီ၊ ပန်းပု လူငယ်အနုပညာရှင်များအချင်းချင်း အပြန်အလှန် ချစ်ခင်ရင်းနှီးမှု၊ တစ်ဦးယဉ်ကျေးမှုကို တစ်ဦးကအပြန်အလှန်လေးစားတန်ဖိုးထားမှုများ တိုးပွားကာ မဲခေါင်ဒေသတွင်း နိုင်ငံများအကြားရှိ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်၊မြှင့်တင်၊ထိန်းသိမ်းခြင်းတွေမှာ များစွာအထောက်အကူပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဝ၀၅

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁