【 ပြည်တွင်း 】ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ - တရုတ်ကုန်သွယ်မှု ယခင်မီနီဘတ်ဂျက်ကာလ ကုန်သွယ်မှုပမာဏထက် ကန်ဒေါ် လာသန်း ၂၆၀၀ ကျော်ပိုရှိထား

【 ပြည်တွင်း 】ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ - တရုတ်ကုန်သွယ်မှု ယခင်မီနီဘတ်ဂျက်ကာလ ကုန်သွယ်မှုပမာဏထက် ကန်ဒေါ် လာသန်း ၂၆၀၀ ကျော်ပိုရှိထား

ယခုဘဏ္ဍာနှစ် ၉ လအတွင်း မြန်မာ - တရုတ်ကုန်သွယ်မှုပမာဏဟာ ယခင်မီနီဘတ်ဂျက်ကာလ ကုန်သွယ်မှု ပမာဏထက် ကန်ဒေါ်လာသန်း ၂၆၀၀ ကျော်ပိုမိုရရှိထားတယ်လို့ စီးပွားကူးသန်းရဲ့ အချက်လက်တွေအရ သိရပါတယ်။

မြန်မာ - တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏဟာ ပင်လယ်ရေကြောင်းနဲ့နယ်စပ်ကုန်သွယ်ရေး စခန်းတွေက တစ်ဆင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ပို့ကုန်အမေရိကန်ဒေါ်လာသန်း ၂၆၄၀ ကျော် ၊ သွင်းကုန် တန်ဖိုး ကန်ဒေါ်လာ သန်း ၄၂၈၀ ကျော် ရှိကာ ကုန်သွယ်မှုပမာဏပေါင်း အမေရိကန်ဒေါ်လာ ၆၉၂၀.၂၆၅ သန်း ရှိခဲ့တာပါ။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်(၆) လတာကာလအတွင်း ပို့ကုန်အမေရိကန် ဒေါ်လာ ၂၀၀၈.၂၂၇ သန်း နဲ့ သွင်းကုန် ၂၂၉၇.၆၁၅ သန်းရှိထားပြီး ကုန်သွယ်မှုပမာဏပေါင်း အမေရိကန်ဒေါ်လာ ၄၃၀၅.၈၄၃ သန်းရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ - တရုတ် နှစ်နိုင်ငံကြား ပြီးခဲ့သည့်မီနီဘတ်ဂျက်ကာလဖြစ်တဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလကနေ မတ်လအထိ ၆ လတာကာလနဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာသန်း ၂၆၀၀ ကျော်ပိုရှိလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ နှစ်နိုင်ငံကုန်သွယ်မှုဟာ ပို့ကုန်အမေရိကန် ဒေါ်လာ ၅၁၇၉.၇၃၃ သန်းရှိခဲ့ပြီး  သွင်းကုန် ဒေါ်လာသန်း ၄၆၄၆.၂၁၄ နဲ့  ကုန်သွယ်မှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၉၈၂၅.၉၄၇ ရှိခဲ့ပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြန်မာနိုင်ငံနဲ့ နိုင်ငံအလိုက် ပင်လယ်ရေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ကုန်သွယ်ထားတဲ့ နိုင်ငံပေါင်း ၁၅၀ ဝန်းကျင်ရှိခဲ့ပြီး အဲဒီထဲမှာ တရုတ်နိုင်ငံနဲ့ကုန်သွယ်မှုပမာဏအများဆုံးရှိနေခဲ့ပါတယ်။

၀၀၅ 

ရန်ကုန် ၊ မတ် ၂၇