【 ပြည်တွင်း 】ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက ယခုနှစ်နွေရာသီတွင် သင်တန်း ၆ခု ဖွင့်လှစ်သင်ကြားပေးခဲ့

【 ပြည်တွင်း 】ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက ယခုနှစ်နွေရာသီတွင် သင်တန်း ၆ခု ဖွင့်လှစ်သင်ကြားပေးခဲ့

ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာအနေနဲ့ ယခုနှစ်နွေရာသီတွင် သင်တန်း ၆ခု ဖွင့်လှစ်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ယခုနှစ် မတ်လ (၇) ရက်နေ့မှစတင်၍ စင်တာတွင် မြန်မာများအတွက် ရည်ရွယ်ပြီး ဝူရှူး (ထောက်လု)၊ ထိုက်ကျီသိုင်း၊ တရုတ်စာစုတ်တံလက်ရေးလှ၊ တရုတ်စာဖောင်တိန်လက်ရေးလှ၊ တရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင်ခြင်းနှင့် ယူနန်ဟင်းလျာအချက်အပြုတ်သင်တန်းများကို ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် သင်တန်း (၆)ခုလုံးကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ယခုတစ်ကြိမ် ဖွင့်လှစ်သော နွေရာသီသင်တန်းများသည် သင်တန်းကာလ (၃) လခန့် ကြာမြင့်ပြီး သင်တန်းအပ် စတင် လက်ခံသည့် အချိန်တိုအတွင်းမှာပင် သတ်မှတ်သင်တန်းသားဦးရေစာရင်းပြည့်ခဲ့ရသည်အထိ သင်တန်း သား တက်ရောက်သူများခဲ့တယ်လို့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ နွေရာသီသင်တန်းများတွင် သင်တန်းသားဦး ရေ (၁၀၀) ခန့် လက်ခံခဲ့ပြီး သင်တန်းသားအများစုမှာ လူငယ်လေးများ ဖြစ်ကြတယ်လို့ သိရပါတယ်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ယခင်ကလည်း ထိုကဲ့သို့သော သင်တန်းများ၊ လှုပ်ရှားမှုပွဲများကို ပုံမှန်ကျင်းပ ပြုလုပ်လေ့ရှိပြီး ယခုတစ်ခေါက် နွေရာသီသင်တန်းသည် ကိုဗစ်ကာလအလွန်တွင် ပြန်လည်ကျင်းပပြုလုပ်သည့် အစီ အစဉ်များအနက်မှ တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

အောင်အောင်

ရန်ကုန်၊ ဇွန် ၁၁