【 ပြည်တွင်း 】လာမည့်နှစ်များအတွင်း ငလျင်ကြီးများ လှုပ်ခတ်လာနိုင်တယ်လို့ မြန်မာငလျင်ပညာရှင်များသတိပေး

【 ပြည်တွင်း 】လာမည့်နှစ်များအတွင်း ငလျင်ကြီးများ လှုပ်ခတ်လာနိုင်တယ်လို့ မြန်မာငလျင်ပညာရှင်များသတိပေး

မြန်မာနိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း ငလျင်လှုပ်ခတ်မှုအကြိမ်အရေအတွက် ပုံမှန်ထက် များပြားလာတာတွေ့ ရပြီး လာမည့်နှစ်များအတွင်း အင်အားကြီးတဲ့ ငလျင်ကြီးတွေ ထပ်မံလှုပ်ခတ်လာနိုင်ခြေရှိတယ်လို့ မြေင လျင် ဆိုင်ရာ ပညာရှင်အချို့က သတိပေးပြောကြားလိုက်ပါတယ်။
 
“၂၀၂၀ ကော ၂၀၁၉ ကော မှာ ငလျင်ပမာဏက ပိုပြီးတော့ကြီးလာသလို ငလျင် လှုပ် တဲ့အကြိမ်အရေအတွက် ကလည်းပိုများလာတယ်။ အဲ့တော့ သတိထားရမယ်ဆိုတဲ့အနေအထားက တော့ ဘယ်နေရာမဆို အကုန်လုံးသတိထားရမယ့်အနေအထားရှိတယ်။ ဘာလို့လဲဆိုရင် မြန်မာနိုင်ငံမှာ ပြတ်ရွေ့ တွေ အများ ကြီးရှိတယ်။ နာမည်ကြီးတွေဖြစ်တဲ့ ကဘော်ပြတ်ရွေ့ ၊ စစ်ကိုင်းပြတ်ရွေ့၊ ကျောက်တန်းပြတ်ရွေ့ရှိ တယ်။ မြန်မာ ပြည်အရှေ့ဖျားဘက် ရှမ်းကုန်ပြင်မြင့်မှာလည်း ပြတ်ရွေ့တွေကအများကြီးရှိတယ်။ အဲ့တော့ ပြတ်ရွေ့တွေ လည်း အများကြီးရှိတယ်။ Subduction Zone လို့ခေါ်တဲ့ ရခိုင်ရိုးမတောင်တန်း ကြီးရဲ့အောက်ဘက်မြေအနက် ပိုင်းမှာရှိတဲ့ ဇုန်မှာလည်း ငလျင်က တောက်လျှောက်လှုပ်နေတယ်။ ဘယ်အထိလှုပ်လဲဆိုရင် ကပ္ပလီကျွန်းဆွယ် အထိကို လှုပ်နေတယ်။ အဲ့မှာလည်း ၅ ဒသမ ၀ ကျော်ကျော်မှာ လှုပ်တယ်။ အကုန်လုံးကိုခြုံကြည့်လိုက်ရင် ပိုများ များလှုပ် လာတယ်။ ပိုပြီးတော့ ငလျင်အင်အားကြီးလာတယ်ဆိုတဲ့အတွက်ကြောင့် တချိန်ချိန်မှာ ဒီထက် ကြီးတဲ့ ငလျင် လှုပ်ခဲ့ မယ်လို့ ခန့်မှန်းမိတယ်။ ဒါပေမယ့် ငလျင်ဆိုတာက ကြိုတင်ခန့်မှန်းလို့ မရတဲ့ ဖြစ်စဉ်တစ်ခုဖြစ် တယ်။ ဘယ်မှာလှုပ် မယ်ဆိုတာလည်းမသိနိုင်ဘူး။ ဘယ်လောက်နဲ့လှုပ်မယ်ဆိုတာလည်းမသိနိုင်ဘူး။” လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီ နာယက ဒေါ်လှလှအောင် ကဆိုပါတယ်။
 
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းက မြန်မာနိုင်ငံမှာ အင်အားအသင့်အတင့်နှင့် အင်အား အနည်းငယ်ရှိ ငလျင် ၂၁၈ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါငလျင်များထဲမှာ မေလအတွင်း လှုပ်ခတ်ခဲ့သည့် အကြိမ်ရေမှာ ၂၈ ကြိမ်အထိဖြစ်ခဲ့ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်တွေဟာ အင်အား ၃ ဒသမ ဝ ရစ်ချ်တာစကေးရှိသည့် မြေငလျင်ငယ်များနှင့် ၄ ဒသမ ဝ ရစ်ခ်ျတာစကေး ရှိ အင်အားနည်း ငလျင်ငယ်များဖြစ်ပြီး အင်အား ၅ ဒသမ ဝ ရှိငလျင်ကြီး အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့လည်း မှတ်တမ်းများအရ သိရပါတယ်။
“၂၀၂၀- ၂၀၁၉ ကာလမှာ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက် ငလျင်လေးတွေက လှုပ်နေတာတွေ့ရတယ်။ တောင် ဘက်ပိုင်းက စပြောမယ်ဆိုရင် ၁၉၃၀ ပဲခူးငလျင်တို့ ဆွာငလျင်တို့ နောက်တစ်ခါ ၁၉၂၉ ဖြူးငလျင်တို့ စသည်ဖြင့် အဲ့ဒီသုံးခုလှုပ်ခဲ့တဲ့အပိုင်းမှာလည်း အခုနောက်ပိုင်းမှာ နည်းနည်းသေးသေးလေးတွေတွေ့လာတယ်။ နေပြည် တော်၊ ပျဉ်းမနား ပတ်ချာလည်ဆိုရင်လည်း ငလျင်သေးသေးလေးတွေလှုပ်လာတယ်။ နောက်တစ်ခု မြောက် ဘက်ခြမ်းမှာလည်း အခုလို ငလျင်သေးသေးလေးတွေလှုပ်နေတယ်ဆိုတဲ့အခါကျတော့ ဒီနေရာတွေက တော့ အင်အား ၇ ပတ်ချာလည်နဲ့အထက်ကတော့ လှုပ်ဖို့ပိုများလာတဲ့သဘောဆောင်လာတယ်။ မြန်မာနိုင်ငံရဲ့ အရှေ့ ဘက်ခြမ်း ရှမ်းကုန်ပြင်မြင့်ဒေသမှာဆိုရင် နောက်ဆုံးလှုပ်ခဲ့တာက ၂၀၁၁ တာလေငလျင်ပေါ့ ၆ဒသမ၈ရှိတဲ့ နမ္မားပြတ်ရွေ့ကနေလှုပ်ခဲ့တာပေါ့။ ကျန်တဲ့ပြတ်ရွေ့တွေကလည်း မလှုပ်တာတော်တော်ကြာပြီဆိုတော့ သူ လည်းပဲ လှုပ်နိုင်ခြေရှိတာပဲ။”လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့် ကဆိုပါတယ်။
 
၂၀၂၀ ပြည့်နှစ် အတွင်းဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်များတွင် ဖလမ်းမြို့နယ်၊ရေဦးမြို့နယ်၊ ဂန့်ဂေါမြို့နယ် တို့နှင့် မြစ် ကြီးနား ဖားကန့်မြို့တို့၌ ဖြစ်ပေါ်ခဲ့သည့် ငလျင်များမှာ အသိသာဆုံးဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 
မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင် ငလျင်လှုပ်ခတ်ခဲ့မှု ၄၂ ကြိမ်၊ ၂၀၁၇ တွင် ၆၉ ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ၁၆ဝ ကျော်နှင့် ၂၀၂၀ ခုနှစ်တွင်အကြိမ်ရေ ၂၁၈ ကြိမ် လှုပ်ခတ်ခဲ့ပြီး နှစ်စဉ် လှုပ်ခတ်မှုအကြိမ်ရေလည်း တိုးမြင့် လာသည်ကို တွေ့ရတယ်လို့လည်း မှတ်တမ်းများအရ သိရပါတယ်။
 
 
မင်းသုတ၊ စိုးမင်းအောင်
ရန်ကုန်၊ ဇန်နဝါရီ ၁၈
 
(  Zawgyi   )
 
 
 ျမန္မာႏိုင္ငံမွာ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ငလ်င္လႈပ္ခတ္မႈအႀကိမ္အေရအတြက္ ပုံမွန္ထက္ မ်ားျပားလာတာေတြ႕ ရၿပီး လာမည့္ႏွစ္မ်ားအတြင္း အင္အားႀကီးတဲ့ ငလ်င္ႀကီးေတြ ထပ္မံလႈပ္ခတ္လာႏိုင္ေျခရွိတယ္လို႔ ေျမင လ်င္ ဆိုင္ရာ ပညာရွင္အခ်ိဳ႕က သတိေပးေျပာၾကားလိုက္ပါတယ္။
 
“၂၀၂၀ ေကာ ၂၀၁၉ ေကာ မွာ ငလ်င္ပမာဏက ပိုၿပီးေတာ့ႀကီးလာသလို ငလ်င္ လႈပ္ တဲ့အႀကိမ္အေရအတြက္ ကလည္းပိုမ်ားလာတယ္။ အဲ့ေတာ့ သတိထားရမယ္ဆိုတဲ့အေန အထားက ေတာ့ ဘယ္ေနရာမဆို အကုန္လုံးသတိထားရမယ့္အေနအထားရွိတယ္။ ဘာလို႔လဲဆိုရင္ ျမန္မာႏိုင္ငံမွာ ျပတ္ေ႐ြ႕ ေတြ အမ်ား ႀကီးရွိတယ္။ နာမည္ႀကီးေတြျဖစ္တဲ့ ကေဘာ္ျပတ္ေ႐ြ႕ ၊ စစ္ကိုင္းျပတ္ေ႐ြ႕၊ ေက်ာက္တန္းျပတ္ေ႐ြ႕ရွိ တယ္။ ျမန္မာ ျပည္အေရွ႕ဖ်ားဘက္ ရွမ္းကုန္ျပင္ျမင့္မွာလည္း ျပတ္ေ႐ြ႕ေတြကအမ်ားႀကီးရွိတယ္။ အဲ့ေတာ့ ျပတ္ေ႐ြ႕ေတြ လည္း အမ်ားႀကီးရွိတယ္။ Subduction Zone လို႔ေခၚတဲ့ ရခိုင္႐ိုးမေတာင္တန္း ႀကီးရဲ႕ေအာက္ဘက္ေျမအနက္ ပိုင္းမွာရွိတဲ့ ဇုန္မွာလည္း ငလ်င္က ေတာက္ေလွ်ာက္လႈပ္ေနတယ္။ ဘယ္အထိလႈပ္လဲဆိုရင္ ကပၸလီကြၽန္းဆြယ္ အထိကို လႈပ္ေနတယ္။ အဲ့မွာလည္း ၅ ဒသမ ၀ ေက်ာ္ေက်ာ္မွာ လႈပ္တယ္။ အကုန္လုံးကိုၿခဳံၾကည့္လိုက္ရင္ ပိုမ်ား မ်ားလႈပ္ လာတယ္။ ပိုၿပီးေတာ့ ငလ်င္အင္အားႀကီးလာတယ္ဆိုတဲ့အတြက္ေၾကာင့္ တခ်ိန္ခ်ိန္မွာ ဒီထက္ ႀကီးတဲ့ ငလ်င္ လႈပ္ခဲ့ မယ္လို႔ ခန႔္မွန္းမိတယ္။ ဒါေပမယ့္ ငလ်င္ဆိုတာက ႀကိဳတင္ခန႔္မွန္းလို႔ မရတဲ့ ျဖစ္စဥ္တစ္ခုျဖစ္ တယ္။ ဘယ္မွာလႈပ္ မယ္ဆိုတာလည္းမသိႏိုင္ဘူး။ ဘယ္ေလာက္နဲ႔လႈပ္မယ္ဆိုတာလည္းမသိႏိုင္ဘူး။” လို႔ ျမန္မာႏိုင္ငံေျမငလ်င္ေကာ္မတီ နာယက ေဒၚလွလွေအာင္ ကဆိုပါတယ္။
 
ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္အတြင္းက ျမန္မာႏိုင္ငံမွာ အင္အားအသင့္အတင့္ႏွင့္ အင္အား အနည္းငယ္ရွိ ငလ်င္ ၂၁၈ ႀကိမ္ လႈပ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါငလ်င္မ်ားထဲမွာ ေမလအတြင္း လႈပ္ခတ္ခဲ့သည့္ အႀကိမ္ေရမွာ ၂၈ ႀကိမ္အထိျဖစ္ခဲ့ၿပီး အမ်ားဆုံးျဖစ္ခဲ့ပါတယ္။ လႈပ္ခတ္ခဲ့တဲ့ ေျမငလ်င္ေတြဟာ အင္အား ၃ ဒသမ ဝ ရစ္ခ်္တာစေကးရွိသည့္ ေျမငလ်င္ငယ္မ်ားႏွင့္ ၄ ဒသမ ဝ ရစ္ခ္်တာစေကး ရွိ အင္အားနည္း ငလ်င္ငယ္မ်ားျဖစ္ၿပီး အင္အား ၅ ဒသမ ဝ ရွိငလ်င္ႀကီး အနည္းငယ္ျဖစ္ပြားခဲ့တယ္လို႔လည္း မွတ္တမ္းမ်ားအရ သိရပါတယ္။
“၂၀၂၀- ၂၀၁၉ ကာလမွာ စစ္ကိုင္းျပတ္ေ႐ြ႕တစ္ေလွ်ာက္ ငလ်င္ေလးေတြက လႈပ္ေနတာေတြ႕ရတယ္။ ေတာင္ ဘက္ပိုင္းက စေျပာမယ္ဆိုရင္ ၁၉၃၀ ပဲခူးငလ်င္တို႔ ဆြာငလ်င္တို႔ ေနာက္တစ္ခါ ၁၉၂၉ ျဖဴးငလ်င္တို႔ စသည္ျဖင့္ အဲ့ဒီသုံးခုလႈပ္ခဲ့တဲ့အပိုင္းမွာလည္း အခုေနာက္ပိုင္းမွာ နည္းနည္းေသးေသးေလးေတြေတြ႕လာတယ္။ ေနျပည္ ေတာ္၊ ပ်ဥ္းမနား ပတ္ခ်ာလည္ဆိုရင္လည္း ငလ်င္ေသးေသးေလးေတြလႈပ္လာတယ္။ ေနာက္တစ္ခု ေျမာက္ ဘက္ျခမ္းမွာလည္း အခုလို ငလ်င္ေသးေသးေလးေတြလႈပ္ေနတယ္ဆိုတဲ့အခါက်ေတာ့ ဒီေနရာေတြက ေတာ့ အင္အား ၇ ပတ္ခ်ာလည္နဲ႔အထက္ကေတာ့ လႈပ္ဖို႔ပိုမ်ားလာတဲ့သေဘာေဆာင္လာတယ္။ ျမန္မာႏိုင္ငံရဲ႕ အေရွ႕ ဘက္ျခမ္း ရွမ္းကုန္ျပင္ျမင့္ေဒသမွာဆိုရင္ ေနာက္ဆုံးလႈပ္ခဲ့တာက ၂၀၁၁ တာေလငလ်င္ေပါ့ ၆ဒသမ၈ရွိတဲ့ နမၼားျပတ္ေ႐ြ႕ကေနလႈပ္ခဲ့တာေပါ့။ က်န္တဲ့ျပတ္ေ႐ြ႕ေတြကလည္း မလႈပ္တာေတာ္ေတာ္ၾကာၿပီဆိုေတာ့ သူ လည္းပဲ လႈပ္ႏိုင္ေျခရွိတာပဲ။”လို႔ ျမန္မာႏိုင္ငံေျမငလ်င္ေကာ္မတီ ဒုတိယဥကၠ႒ ေဒါက္တာမ်ိဳးသန႔္ ကဆိုပါတယ္။
 
၂၀၂၀ ျပည့္ႏွစ္ အတြင္းျဖစ္ပြားခဲ့သည့္ အင္အားျပင္း ငလ်င္မ်ားတြင္ ဖလမ္းၿမိဳ႕နယ္၊ေရဦးၿမိဳ႕နယ္၊ ဂန႔္ေဂါၿမိဳ႕နယ္ တို႔ႏွင့္ ျမစ္ ႀကီးနား ဖားကန႔္ၿမိဳ႕တို႔၌ ျဖစ္ေပၚခဲ့သည့္ ငလ်င္မ်ားမွာ အသိသာဆုံးျဖစ္ခဲ့တယ္လို႔လည္း ဆိုပါတယ္။ 
ျမန္မာႏိုင္ငံတြင္ ၂၀၁၆ ခုႏွစ္အတြင္ ငလ်င္လႈပ္ခတ္ခဲ့မႈ ၄၂ ႀကိမ္၊ ၂၀၁၇ တြင္ ၆၉ ႀကိမ္၊ ၂၀၁၈ ခုႏွစ္တြင္ ၁၆ဝ ေက်ာ္ႏွင့္ ၂၀၂၀ ခုႏွစ္တြင္အႀကိမ္ေရ ၂၁၈ ႀကိမ္ လႈပ္ခတ္ခဲ့ၿပီး ႏွစ္စဥ္ လႈပ္ခတ္မႈအႀကိမ္ေရလည္း တိုးျမင့္ လာသည္ကို ေတြ႕ရတယ္လို႔လည္း မွတ္တမ္းမ်ားအရ သိရပါတယ္။
 
 
မင္းသုတ၊ စိုးမင္းေအာင္
ရန္ကုန္၊ ဇန္နဝါရီ ၁၈