【 ပြည်တွင်း 】သုံးလကျော်ပိတ်ထားခဲ့တဲ့ ရန်ကုန်မြို့က ယုဇနပလာဇာဈေးကြီး

【  ပြည်တွင်း  】သုံးလကျော်ပိတ်ထားခဲ့တဲ့ ရန်ကုန်မြို့က ယုဇနပလာဇာဈေးကြီး

ရန်ကုန်မြို့ရဲ့  အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံကို လက်လီ၊လက္ကား ဖြန့်ချိရောင်းချနေသော ဈေးကြီးတစ်ခုဖြစ်တဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်က ယုဇနပလာဇာဈေးကြီးကို ဒီကနေ့(ဇန်နဝါရီ ၆ ရက်)မှာ COVID 19 ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ အဆိုပါယုဇနပလာဇာဈေးကြီးရဲ့ စီမံခန့်ခွဲမှုကော်မတီမှ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်ဝင်ရောက်နေတဲ့ COVID 19 ကပ်ရောဂါဟာ အခုဆိုရင်တစ်နှစ်နီးပါးလောက် ကြာမြင့်လာသလို အချိန်ကြာလာတာနဲ့အမျှ ရေရှည်မှာ စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်လာတာကြောင့် ရောဂါကိုလည်းကာကွယ်ရင်းနဲ့ တစ်ဖက်ကလည်း စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ထူထောင်လုပ်ကိုင်နိုင်အောင် ကြိုးပမ်းရင်း အကောင်အထည်ဖော် နေတယ်လို့ သိရပါတယ်။

ယနေ့ ပြန်လည်ဖွင့်လှစ်ရာမှာ ဈေးဝင်ပေါက်အားလုံးကို မဖွင့်ပေးဘဲဝင်ပေါက် ၅ ပေါက်ကနေ ဖွင့်ခဲ့တာလို့ ယုဇနပလာဇာ ဈေးစီမံခန့်ခွဲမှုကော်မတီ ရဲ့ ဈေးအုပ်ချုပ်မှုတာဝန်ခံ ဦးမင်းမင်းစိုး ကဆိုပါတယ်။ “ဝင်ပေါက်စုစုပေါင်း ၂၈ ပေါက်ရှိတယ် ဆိုပေမယ့် အဲ့ဒီ ၂၈ ပေါက်စလုံး ပေးမသုံးတော့ဘူး၊ အဲ့ဒီထဲက ငါးနေရာလောက် ဖွင့်ပေးထားတယ်၊ လူအဝင်အထွက်တွေ ကန့်သတ်တယ်၊ အဝင်မှာအပူချိန်တိုင်းတယ်၊ လက်သန့်ဆေးနဲ့လက်ဆေးခိုင်းတယ်၊ Mask တွေတပ်မှ ဝင်ခွင့်ပေးတယ်၊ ဈေးသူဈေးသားတွေကို အသိပညာပေးတာတွေကို အသံချဲ့စက်နဲ့ ဆက်တိုက်လုပ်နေတယ်၊ ဆက်ပြီးတော့လည်း လုပ်သွားမယ်၊ ပိတ်ထားတာလည်းကြာပြီဆိုတော့ ဈေးသူဈေးသားတွေအနေနဲ့ စီးပွားရေးအရ အဆင်မပြေတာတွေလည်း များလာပြီ၊ အဲ့ဒီအတွက် ပြန်ဖွင့်ပေးရတာပေါ့၊ ကျန်းမာရေးအတွက်ကတော့ ကိုယ်ကိုယ်တိုင်လည်း ကာကွယ်၊ ကိုယ့်ကိုယ်ကို ကာကွယ်ရင်းနဲ့ပဲ အလုပ်ဖြစ်အောင်လုပ်သွားဖို့ ဒီလိုဟာလေးနဲ့ပဲ သွားမှာပါ”

လွန်ခဲ့သော စက်တင်ဘာ ၁၂ရက်လောက်ကတည်းက ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ဈေးကြီးပြန်ဖွင့်ဖို့ ဇန်နဝါရီ ၅ ရက်မှာ ဆိုင်တွေအနေနဲ့ သန့်ရှင်းရေးလုပ်တာတွေ ပြင်ဆင်တာတွေကို ကြိုတင်လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုခဲ့သလို ဆိုင်ဝန်ထမ်းတွေ အနေနဲ့လည်း သွားလာရလွယ်ကူစေဖို့ လက်ရှိမှာ မနက် ၉ နာရီ ကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ထိုယုဇနပလာဇာ စတင်ခဲ့စဉ်ကတည်းက ယခုအချိန်အထိ ယောကျာ်းလေးဝတ်၊ မိန်းကလေးဝတ် အဝတ်အထည်မျိုးစုံ၊ ဇာနဲ့ ပိုးထည်၊ ဇာပစ္စည်းမျိုးစုံ လက်လီလက္ကား အရောင်းဆိုင် ဖွင့်ထားတဲ့ ဒေါ်ကြူက အခုလိုပြောပါတယ်။

ဒေါ်ကြူ (ဆိုင်ပိုင်ရှင်-မကြူ အဝတ်အထည်နဲ့ ပိုးထည်ဇာပစ္စည်းမျိုးစုံလက်လီလက္ကားဆိုင်)
================

“အန်တီတို့က COVID ကာလမှာ ဝင်ငွေတွေအကုန်လုံး နည်းပါးသွားပါပြီ၊ ဝန်ထမ်းတွေအနေနဲ့လည်း အလုပ်ကလေးတွေ ပြန်လုပ်မှ စားရသောက်ရမှာဆိုတော့ COVID သတ်မှတ်ချက်တွေနဲ့အညီ အန်တီတို့တွေက ပြည့်စုံအောင်ဝတ်ဆင်ပြီးတော့ စနစ်တကျနဲ့  ပြန်လည်ရောင်းဝယ်ဖောက်ကားမယ်လို့ စိတ်ကူးထားပါတယ်၊ အရင်ကဆိုရင် သူ့ရာသီအလိုက် ရောင်းရတယ်၊ မင်္ဂလာဆောင်ရာသီဆိုရင် မင်္ဂလာဆောင်နဲ့ဆိုင်တဲ့ အဝတ်အထည်လေးတွေ၊ ဆောင်းရာသီဆိုရင် အနွေးထည်လေးတွေ ရောင်းရတယ်၊ ပူအိုက်လာပြီဆိုရင် အမျိုးသမီးဝတ်လေးတွေ၊ အတိုအပြတ်လေးတွေ ရောင်းရတယ်၊ အခုဆိုဈေးကြီးက ပြန်ဖွင့်လာတော့ ကြိုးစားပြီးရောင်းရမှာပေ့ါ၊ ဝယ်သူတွေလည်း စိတ်ချလက်ချနဲ့ ယုံယုံကြည်ကြည်ဝယ်နိုင်အောင် ကိုယ်လည်းကြိုးစားပြီးတော့ ရောင်းသွားမယ်”ထိုဈေးကြီး ပိတ်ထားစဉ်ကာလမှာ အပြင်မှာယာယီရောင်းချနေရပေမယ့် အခုလိုဈေးပြန်ဖွင့်ချိန်မှာ ရောင်းအားပြန်လည်ကောင်းလာဖို့ အရောင်းဆိုင်အသီးသီးက မျှော်လင့်နေကြတယ်လို့ သိရပါတယ်။

 

မပိုပို  (အရောင်းဝန်ထမ်း- အဝတ်အထည်နဲ့ ဖက်ရှင်ပစ္စည်းမျိုးစုံအရောင်းဆိုင်)
==================

“ညီမတို့က အပြင်မှာတုန်းကတော့ ပုံမှန်တော့မရှိဘူးပေါ့နော်၊ ပလာဇာမဖွင့်ခင်အပြင်မှာရောင်းတာကတော့ ရောင်းအားက မမှန်ဘူးပေါ့၊ ပလာဇာထဲမှာတော့ ဖောက်သည်လည်းပိုများလတယ်၊ အပြင်မှာတုန်းကတော့ တစ်ချို့ဖောက်သည်တွေ လောက်ပဲလာတယ်၊ ပလာဇာထဲမှာ အရင်တုန်းကရောင်းသလိုတော့ မရောင်းရဘူးပေါ့၊ အခု ပြန်ဖွင့်တော့ အရင်လိုပဲ ရောင်းအားပြန်ကောင်းချင် တာပေါ့နော်၊ အရင်လိုပဲ ဖောက်သည်တွေကိုယ့်ဆီမှာလာဝယ်၊ ကိုယ့်ဆိုင်ကလည်း အရင်လို ရောင်းအား ပြန်ကောင်းချင်တယ်၊ ညီမတို့က ရောဂါကူးစက်မှုမရှိအောင် Mask တပ်တယ်၊ Hand Gel သုံးတယ်၊ ဝယ်သူ တွေကိုလည်း ကူးစက်မှုမရှိအောင် ဆောင်ရွက်နေပါတယ်၊ ပိုက်ဆံအမ်းပြီးတဲ့အခါမှာလည်း Hand Gel တွေသုံးပြီးတော့ သေချာ စည်းစနစ်လေးနဲ့ ရောင်းပေးတာပေါ့။

မြန်မာနိုင်ငံရဲ့ အဝတ်အထည်နဲ့လူသုံးကုန်ပစ္စည်းမျိုးစုံလက်လီလက္ကားဈေးကွက်ကိုအထောက်အကူပြုနေတဲ့ အဆိုပါ ယုဇနပလာဇာဈေးဟာ အထပ်ပေါင်း ၅ ထပ်ရှိပြီး ဈေးဆိုင်ပေါင်း ၂၀၀၀ ကျော်ရှိသလို COVID မဖြစ်ခင်က သာမန်အားဖြင့် ဆိုင်ရဲ့ဖောက်သည်ပျံ့နှံ့မှုအခြေအနေပေါ်မူတည်ကာ တစ်ရက်လျှင် သိန်း ဆယ်ဂဏန်းအနည်းဆုံး ရောင်းချရလေ့ရှိတယ်လို့ သိရပါတယ်။

ဇွဲမာန်၊ ပြေသိမ်း၊ ဘိုဘိုသိန်း

 

(  Zawgyi  )

 

【  ျပည္တြင္း  】သုံးလေက်ာ္ပိတ္ထားခဲ့တဲ့ ရန္ကုန္ၿမိဳ႕က ယုဇနပလာဇာေဈးႀကီး

ရန္ကုန္ၿမိဳ႕ရဲ႕  အဝတ္အထည္နဲ႔ လူသုံးကုန္ပစၥည္းမ်ိဳးစုံကို လက္လီ၊လကၠား ျဖန႔္ခ်ိေရာင္းခ်ေနေသာ ေဈးႀကီးတစ္ခုျဖစ္တဲ့ မဂၤလာေတာင္ၫြန႔္ ၿမိဳ႕နယ္က ယုဇနပလာဇာေဈးႀကီးကို ဒီကေန႔(ဇန္နဝါရီ ၆ ရက္)မွာ COVID 19 ကာကြယ္ေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္း ခ်က္ေတြနဲ႔အညီ ျပန္လည္ဖြင့္လွစ္လိုက္တယ္လို႔ အဆိုပါယုဇနပလာဇာေဈးႀကီးရဲ႕ စီမံခန႔္ခြဲမႈေကာ္မတီမွ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ကူးစက္ဝင္ေရာက္ေနတဲ့ COVID 19 ကပ္ေရာဂါဟာ အခုဆိုရင္တစ္ႏွစ္နီးပါးေလာက္ ၾကာျမင့္လာသလို အခ်ိန္ၾကာလာတာနဲ႔အမွ် ေရရွည္မွာ စီးပြားေရးလုပ္ငန္းေတြလည္း ထိခိုက္လာတာေၾကာင့္ ေရာဂါကိုလည္းကာကြယ္ရင္းနဲ႔ တစ္ဖက္ကလည္း စီးပြားေရးလုပ္ငန္းေတြကို ျပန္လည္ထူေထာင္လုပ္ကိုင္ႏိုင္ေအာင္ ႀကိဳးပမ္းရင္း အေကာင္အထည္ေဖာ္ ေနတယ္လို႔ သိရပါတယ္။

ယေန႔ ျပန္လည္ဖြင့္လွစ္ရာမွာ ေဈးဝင္ေပါက္အားလုံးကို မဖြင့္ေပးဘဲဝင္ေပါက္ ၅ ေပါက္ကေန ဖြင့္ခဲ့တာလို႔ ယုဇနပလာဇာ ေဈးစီမံခန႔္ခြဲမႈေကာ္မတီ ရဲ႕ ေဈးအုပ္ခ်ဳပ္မႈတာဝန္ခံ ဦးမင္းမင္းစိုး ကဆိုပါတယ္။ “ဝင္ေပါက္စုစုေပါင္း ၂၈ ေပါက္ရွိတယ္ ဆိုေပမယ့္ အဲ့ဒီ ၂၈ ေပါက္စလုံး ေပးမသုံးေတာ့ဘူး၊ အဲ့ဒီထဲက ငါးေနရာေလာက္ ဖြင့္ေပးထားတယ္၊ လူအဝင္အထြက္ေတြ ကန႔္သတ္တယ္၊ အဝင္မွာအပူခ်ိန္တိုင္းတယ္၊ လက္သန႔္ေဆးနဲ႔လက္ေဆးခိုင္းတယ္၊ Mask ေတြတပ္မွ ဝင္ခြင့္ေပးတယ္၊ ေဈးသူေဈးသားေတြကို အသိပညာေပးတာေတြကို အသံခ်ဲ႕စက္နဲ႔ ဆက္တိုက္လုပ္ေနတယ္၊ ဆက္ၿပီးေတာ့လည္း လုပ္သြားမယ္၊ ပိတ္ထားတာလည္းၾကာၿပီဆိုေတာ့ ေဈးသူေဈးသားေတြအေနနဲ႔ စီးပြားေရးအရ အဆင္မေျပတာေတြလည္း မ်ားလာၿပီ၊ အဲ့ဒီအတြက္ ျပန္ဖြင့္ေပးရတာေပါ့၊ က်န္းမာေရးအတြက္ကေတာ့ ကိုယ္ကိုယ္တိုင္လည္း ကာကြယ္၊ ကိုယ့္ကိုယ္ကို ကာကြယ္ရင္းနဲ႔ပဲ အလုပ္ျဖစ္ေအာင္လုပ္သြားဖို႔ ဒီလိုဟာေလးနဲ႔ပဲ သြားမွာပါ”

လြန္ခဲ့ေသာ စက္တင္ဘာ ၁၂ရက္ေလာက္ကတည္းက ပိတ္ထားခဲ့ၿပီးေနာက္ ယခုအခါ ေဈးႀကီးျပန္ဖြင့္ဖို႔ ဇန္နဝါရီ ၅ ရက္မွာ ဆိုင္ေတြအေနနဲ႔ သန႔္ရွင္းေရးလုပ္တာေတြ ျပင္ဆင္တာေတြကို ႀကိဳတင္လုပ္ေဆာင္ႏိုင္ဖို႔ ခြင့္ျပဳခဲ့သလို ဆိုင္ဝန္ထမ္းေတြ အေနနဲ႔လည္း သြားလာရလြယ္ကူေစဖို႔ လက္ရွိမွာ မနက္ ၉ နာရီ ကေန ညေန ၅ နာရီအထိ ဖြင့္လွစ္ေပးခဲ့တယ္လို႔ သိရပါတယ္။ ထိုယုဇနပလာဇာ စတင္ခဲ့စဥ္ကတည္းက ယခုအခ်ိန္အထိ ေယာက်ာ္းေလးဝတ္၊ မိန္းကေလးဝတ္ အဝတ္အထည္မ်ိဳးစုံ၊ ဇာနဲ႔ ပိုးထည္၊ ဇာပစၥည္းမ်ိဳးစုံ လက္လီလကၠား အေရာင္းဆိုင္ ဖြင့္ထားတဲ့ ေဒၚၾကဴက အခုလိုေျပာပါတယ္။

ေဒၚၾကဴ (ဆိုင္ပိုင္ရွင္-မၾကဴ အဝတ္အထည္နဲ႔ ပိုးထည္ဇာပစၥည္းမ်ိဳးစုံလက္လီလကၠားဆိုင္)
================

“အန္တီတို႔က COVID ကာလမွာ ဝင္ေငြေတြအကုန္လုံး နည္းပါးသြားပါၿပီ၊ ဝန္ထမ္းေတြအေနနဲ႔လည္း အလုပ္ကေလးေတြ ျပန္လုပ္မွ စားရေသာက္ရမွာဆိုေတာ့ COVID သတ္မွတ္ခ်က္ေတြနဲ႔အညီ အန္တီတို႔ေတြက ျပည့္စုံေအာင္ဝတ္ဆင္ၿပီးေတာ့ စနစ္တက်နဲ႔  ျပန္လည္ေရာင္းဝယ္ေဖာက္ကားမယ္လို႔ စိတ္ကူးထားပါတယ္၊ အရင္ကဆိုရင္ သူ႔ရာသီအလိုက္ ေရာင္းရတယ္၊ မဂၤလာေဆာင္ရာသီဆိုရင္ မဂၤလာေဆာင္နဲ႔ဆိုင္တဲ့ အဝတ္အထည္ေလးေတြ၊ ေဆာင္းရာသီဆိုရင္ အေႏြးထည္ေလးေတြ ေရာင္းရတယ္၊ ပူအိုက္လာၿပီဆိုရင္ အမ်ိဳးသမီးဝတ္ေလးေတြ၊ အတိုအျပတ္ေလးေတြ ေရာင္းရတယ္၊ အခုဆိုေဈးႀကီးက ျပန္ဖြင့္လာေတာ့ ႀကိဳးစားၿပီးေရာင္းရမွာေပ့ါ၊ ဝယ္သူေတြလည္း စိတ္ခ်လက္ခ်နဲ႔ ယုံယုံၾကည္ၾကည္ဝယ္ႏိုင္ေအာင္ ကိုယ္လည္းႀကိဳးစားၿပီးေတာ့ ေရာင္းသြားမယ္”ထိုေဈးႀကီး ပိတ္ထားစဥ္ကာလမွာ အျပင္မွာယာယီေရာင္းခ်ေနရေပမယ့္ အခုလိုေဈးျပန္ဖြင့္ခ်ိန္မွာ ေရာင္းအားျပန္လည္ေကာင္းလာဖို႔ အေရာင္းဆိုင္အသီးသီးက ေမွ်ာ္လင့္ေနၾကတယ္လို႔ သိရပါတယ္။

မပိုပို  (အေရာင္းဝန္ထမ္း- အဝတ္အထည္နဲ႔ ဖက္ရွင္ပစၥည္းမ်ိဳးစုံအေရာင္းဆိုင္)
==================

“ညီမတို႔က အျပင္မွာတုန္းကေတာ့ ပုံမွန္ေတာ့မရွိဘူးေပါ့ေနာ္၊ ပလာဇာမဖြင့္ခင္အျပင္မွာေရာင္းတာကေတာ့ ေရာင္းအားက မမွန္ဘူးေပါ့၊ ပလာဇာထဲမွာေတာ့ ေဖာက္သည္လည္းပိုမ်ားလတယ္၊ အျပင္မွာတုန္းကေတာ့ တစ္ခ်ိဳ႕ေဖာက္သည္ေတြ ေလာက္ပဲလာတယ္၊ ပလာဇာထဲမွာ အရင္တုန္းကေရာင္းသလိုေတာ့ မေရာင္းရဘူးေပါ့၊ အခု ျပန္ဖြင့္ေတာ့ အရင္လိုပဲ ေရာင္းအားျပန္ေကာင္းခ်င္ တာေပါ့ေနာ္၊ အရင္လိုပဲ ေဖာက္သည္ေတြကိုယ့္ဆီမွာလာဝယ္၊ ကိုယ့္ဆိုင္ကလည္း အရင္လို ေရာင္းအား ျပန္ေကာင္းခ်င္တယ္၊ ညီမတို႔က ေရာဂါကူးစက္မႈမရွိေအာင္ Mask တပ္တယ္၊ Hand Gel သုံးတယ္၊ ဝယ္သူ ေတြကိုလည္း ကူးစက္မႈမရွိေအာင္ ေဆာင္႐ြက္ေနပါတယ္၊ ပိုက္ဆံအမ္းၿပီးတဲ့အခါမွာလည္း Hand Gel ေတြသုံးၿပီးေတာ့ ေသခ်ာ စည္းစနစ္ေလးနဲ႔ ေရာင္းေပးတာေပါ့။

ျမန္မာႏိုင္ငံရဲ႕ အဝတ္အထည္နဲ႔လူသုံးကုန္ပစၥည္းမ်ိဳးစုံလက္လီလကၠားေဈးကြက္ကိုအေထာက္အကူျပဳေနတဲ့ အဆိုပါ ယုဇနပလာဇာေဈးဟာ အထပ္ေပါင္း ၅ ထပ္ရွိၿပီး ေဈးဆိုင္ေပါင္း ၂၀၀၀ ေက်ာ္ရွိသလို COVID မျဖစ္ခင္က သာမန္အားျဖင့္ ဆိုင္ရဲ႕ေဖာက္သည္ပ်ံ႕ႏွံ႔မႈအေျခအေနေပၚမူတည္ကာ တစ္ရက္လွ်င္ သိန္း ဆယ္ဂဏန္းအနည္းဆုံး ေရာင္းခ်ရေလ့ရွိတယ္လို႔ သိရပါတယ္။

ဇြဲမာန္၊ ေျပသိမ္း၊ ဘိုဘိုသိန္း