【 ပြည်တွင်း 】အအေးလှိုင်းဖြတ်နိုင်ခြေမရှိသော်လည်း လာနီညာအရှိန်ကြောင့် ဒေသအချို့ အအေးပိုလာနိုင်

【 ပြည်တွင်း 】အအေးလှိုင်းဖြတ်နိုင်ခြေမရှိသော်လည်း လာနီညာအရှိန်ကြောင့် ဒေသအချို့ အအေးပိုလာနိုင် 

ယခုဆောင်းကာလတွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေသည့် အတွက် ယခုရက်ပိုင်းအတွင်းမှာ အအေးအနည်းငယ်ပိုနိုင်မယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
 
“အမှန်က ပြီးခဲ့တဲ့ဇန်နဝါရီလ ပထမဆယ်ရက်လောက်မှာ အေးရမယ့်ဟာကိုမအေးပဲနဲ့ သွားပြီးတော့ နွေးနေတယ်။ ဇန်နဝါရီလ ဒုတိယဆယ်ရက်ဘက် ရောက်လာတဲ့အချိန်ကျတော့ နည်းနည်းလေးအေးလာတဲ့ အတွက် လူတွေက ရာသီဥတုပြောင်းလဲသွားရင် အအေးပိုလာတယ်လို့ စိတ်ကထင်တာပေါ့နော်။
 
အဓိက ကတော့ မီဒီယာတွေပေါ်မှာ တချို့က အအေးလှိုင်းဖြတ်မယ်ဆိုပြီးတော့လေ၊ ကျွန်တော်တို့ နိုင်ငံတွေအနေနဲ့ ပြောရမယ် ဆိုရင် အအေးလှိုင်း ဖြတ်ဖို့ဆိုတာက တော်ရုံတန်ရုံ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံက ကပ္ပလီ ပြင်လယ်အော်နဲ့ ဘင်္ဂလားပင်လယ်အော်မှာရှိတယ် သူတို့မှာရှိတဲ့ အနီးကပ်သူများဆီက ပူတဲ့အပူက ရေခိုးရေငွေ့ တွေဖြစ်ပြီး ဒီတိမ်တိုက်တွေက ညဘက်ဆိုကျွန်တော်တို့ အပေါ်မှာ ဖြတ်နေတဲ့ အနေအထားမှာရှိတဲ့အတွက် အအေးလှိုင်း ဖြတ်ဖို့ဆိုတာ တော်ရုံတန်ရုံမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့တစ်ချို့ရက်တွေပေါ့ တစ်ရက်နှစ်ရက်၊ သုံးရက် လောက် အေးသွားနိုင်တဲ့ အနေအထားမျိုးတော့ ရှိပါတယ်။ ဆောင်းကာလ တလျှောက်လုံးမှာလည်း လာနီညာ တော့ ဖြစ်နေပေမဲ့ ပြန်ကြည့်တဲ့အချိန်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ဒီဇင်ဘာလတွေမှာတော့ ပုံမှန်အပူချိန် လောက်ရှိခဲ့တယ်။ အခုဇန်နဝါရီလရောက်လာတဲ့ အချိန်ကျတော့ ဒီဇန်နဝါရီလရက် ၂၀ ပေါ့နော်၊ ၁ ရက်ကနေ ရက် ၂ဝ မှာကြည့်လိုက်တဲ့အခါမှာ အပူချိန်ကပုံမှန်ထက် အနည်းငယ်ပိုနေတဲ့ အနေအထားတွေ တွေ့တယ် ။အပူချိန်ကတော့ လာနီညာ ရဲ့သက်ရောက်မှုက ဒီကမ္ဘာကြီးပူနွေးလာမှုအပေါ် ဟန့်တားနိုင်တဲ့အနေအထား မရှိတာတွေ့ ရတယ်။ ဒါပေမဲ့လာနီညာဖြစ်နေတဲ့အတွက် အနီးစပ်ဆုံးနှစ်တွေနဲ့ယှဉ်ရင်တော့ အနည်းငယ်အေးတဲ့အနေ အထားမျိုးရှိပါတယ်။”
 
အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် ယခုဆောင်းရာသီကာလအတွင်းမှာ အရှေ့မြောက်မုတ်သုံလေ အားကောင်းပြီး မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း အစရှိသည့် ရာသီတုဖြစ်စဉ်များလည်း ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
 
ထို့အပြင် ယခုကာလဟာ အနောက်ဘက်မှလေတွေ မြန်မာနိုင်ငံမြောက်ပိုင်းဒေသကိုဖြတ်ဝင်သည့် ကာလ ဖြစ်သောကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နှစ်ရက်မှသုံးရက်ခန့် အထိ မိုးအနည်းငယ်ရွာသွန်းနိုင်မယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန် ထားပါတယ်။
 
ပြေသိမ်း၊သော်တာဆွေဇင်
ရန်ကုန်၊ ဇူလိုင် ၂၃
 
( Zawgyi )
 
 ယခုေဆာင္းကာလတြင္ အားအနည္းငယ္မွ အားအသင့္အတင့္ရွိေသာ လာနီညာအေျခအေနသို႔ ေရာက္ရွိေနသည့္ အတြက္ ယခုရက္ပိုင္းအတြင္းမွာ အေအးအနည္းငယ္ပိုႏိုင္မယ္လို႔ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ သိရပါတယ္။ 
 
“အမွန္က ၿပီးခဲ့တဲ့ဇန္နဝါရီလ ပထမဆယ္ရက္ေလာက္မွာ ေအးရမယ့္ဟာကိုမေအးပဲနဲ႔ သြားၿပီးေတာ့ ေႏြးေနတယ္။ ဇန္နဝါရီလ ဒုတိယဆယ္ရက္ဘက္ ေရာက္လာတဲ့အခ်ိန္က်ေတာ့ နည္းနည္းေလးေအးလာတဲ့ အတြက္ လူေတြက ရာသီဥတုေျပာင္းလဲသြားရင္ အေအးပိုလာတယ္လို႔ စိတ္ကထင္တာေပါ့ေနာ္။ 
 
အဓိက ကေတာ့ မီဒီယာေတြေပၚမွာ တခ်ိဳ႕က အေအးလႈိင္းျဖတ္မယ္ဆိုၿပီးေတာ့ေလ၊ ကြၽန္ေတာ္တို႔ ႏိုင္ငံေတြအေနနဲ႔ ေျပာရမယ္ ဆိုရင္ အေအးလႈိင္း ျဖတ္ဖို႔ဆိုတာက ေတာ္႐ုံတန္႐ုံ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ ႏိုင္ငံက ကပၸလီ ျပင္လယ္ေအာ္နဲ႔ ဘဂၤလားပင္လယ္ေအာ္မွာရွိတယ္ သူတို႔မွာရွိတဲ့ အနီးကပ္သူမ်ားဆီက ပူတဲ့အပူက ေရခိုးေရေငြ႕ ေတြျဖစ္ၿပီး ဒီတိမ္တိုက္ေတြက ညဘက္ဆိုကြၽန္ေတာ္တို႔ အေပၚမွာ ျဖတ္ေနတဲ့ အေနအထားမွာရွိတဲ့အတြက္ အေအးလႈိင္း ျဖတ္ဖို႔ဆိုတာ ေတာ္႐ုံတန္႐ုံမျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့တစ္ခ်ိဳ႕ရက္ေတြေပါ့ တစ္ရက္ႏွစ္ရက္၊ သုံးရက္ ေလာက္ ေအးသြားႏိုင္တဲ့ အေနအထားမ်ိဳးေတာ့ ရွိပါတယ္။ ေဆာင္းကာလ တေလွ်ာက္လုံးမွာလည္း လာနီညာ ေတာ့ ျဖစ္ေနေပမဲ့ ျပန္ၾကည့္တဲ့အခ်ိန္မွာေတာ့ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ဒီဇင္ဘာလေတြမွာေတာ့ ပုံမွန္အပူခ်ိန္ ေလာက္ရွိခဲ့တယ္။ အခုဇန္နဝါရီလေရာက္လာတဲ့ အခ်ိန္က်ေတာ့ ဒီဇန္နဝါရီလရက္ ၂၀ ေပါ့ေနာ္၊ ၁ ရက္ကေန ရက္ ၂ဝ မွာၾကည့္လိုက္တဲ့အခါမွာ အပူခ်ိန္ကပုံမွန္ထက္ အနည္းငယ္ပိုေနတဲ့ အေနအထားေတြ ေတြ႕တယ္ ။အပူခ်ိန္ကေတာ့ လာနီညာ ရဲ႕သက္ေရာက္မႈက ဒီကမာၻႀကီးပူေႏြးလာမႈအေပၚ ဟန္႔တားႏိုင္တဲ့အေနအထား မရွိတာေတြ႕ ရတယ္။ ဒါေပမဲ့လာနီညာျဖစ္ေနတဲ့အတြက္ အနီးစပ္ဆုံးႏွစ္ေတြနဲ႔ယွဥ္ရင္ေတာ့ အနည္းငယ္ေအးတဲ့အေန အထားမ်ိဳးရွိပါတယ္။”
 
အဆိုပါ လာနီညာျဖစ္စဥ္ေၾကာင့္ ယခုေဆာင္းရာသီကာလအတြင္းမွာ အေရွ႕ေျမာက္မုတ္သုံေလ အားေကာင္းၿပီး ျမန္မာႏိုင္ငံတြင္ ညအပူခ်ိန္မ်ား ေလ်ာ့နည္းျခင္း၊ အေအးပိုျခင္း၊ အေရွ႕ဘက္မွ ေလေပြလႈိင္းမ်ား တိုက္ခတ္ျခင္း၊ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းမႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ေပၚလာျခင္း အစရွိသည့္ ရာသီတုျဖစ္စဥ္မ်ားလည္း ျဖစ္ေပၚႏိုင္တယ္လို႔ ဆိုပါတယ္။
 
ထို႔အျပင္ ယခုကာလဟာ အေနာက္ဘက္မွေလေတြ ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသကိုျဖတ္ဝင္သည့္ ကာလ ျဖစ္ေသာေၾကာင့္ ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသေတြျဖစ္တဲ့ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ မႏၲေလးတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတို႔တြင္ ႏွစ္ရက္မွသုံးရက္ခန႔္ အထိ မိုးအနည္းငယ္႐ြာသြန္းႏိုင္မယ္လို႔လည္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ အသိေပးထုတ္ျပန္ ထားပါတယ္။
 
ေျပသိမ္း၊ေသာ္တာေဆြဇင္ 
ရန္ကုန္၊ ဇူလိုင္ ၂၃