【 ပြည်တွင်း 】 ဆံတော်ရှင်မြတ် မော်တင်စွန်းဘုရားပွဲတော် ကျင်းပမည်

【 ပြည်တွင်း 】 ဆံတော်ရှင်မြတ် မော်တင်စွန်းဘုရားပွဲတော် ကျင်းပမည်

ပုသိမ်၊ ဖေဖော်ဝါရီ - ၂၁

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မော်တင်စွန်းအငူ၌ တည်ရှိသော ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို လာမယ့် မတ်လ ၁၀ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဘုရားပွဲတော်ကို မတ်လ ၁၀ ရက်ကနေ မတ်လ ၂၄ ရက် (တပေါင်းလပြည့်) နေ့အထိ ၁၅ ရက်ကြာ ကျင်းပရန် စီစဉ်ထားကြောင်း စေတီဂေါပကအဖွဲ့ထံမှ သိရပါတယ်။

ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီးတွင် နှစ်စဉ် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို တစ်လနီးပါး ကြာမြင့်သည်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိခဲ့သော်လည်း ကိုဗစ်ကာလတွင် အကျဉ်းချုံး ကျင်းပခဲ့ရသလို ယခုနှစ်တွင်လည်း ၁၅ ရက်သာ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

ကိုဗစ်မတိုင်ခင်ကာလများတွင် အဆိုပါဘုရားပွဲတော်သို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးအများအပြား လာရောက်လေ့ရှိခဲ့ကြောင်း သိရပါတယ်။

အောင်အောင်