【 ပြည်တွင်း 】 တရုတ်ကို တင်ပို့ရန် ခက်ခဲလို့ ဖရဲနဲ့ သခွားမွှေးတွေကို အမြန်လမ်းမပေါ်မှာ တောင်သူတွေကိုယ်တိုင် ရောင်းချနေရ

【 ပြည်တွင်း 】 တရုတ်ကို တင်ပို့ရန် ခက်ခဲလို့ ဖရဲနဲ့ သခွားမွှေးတွေကို အမြန်လမ်းမပေါ်မှာ တောင်သူတွေကိုယ်တိုင် ရောင်းချနေရ

မန္တလေး၊ ဖေဖော်ဝါရီ - ၂၀

တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတာကြောင့် ဖရဲနဲ့ သခွားမွှေး သီးနှံတွေကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်မှာ ကိုယ်တိုင်ခင်းကျင်း ရောင်းချနေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးနဲ့ နမ့်ခမ်း-ဗန်းမော်လမ်းတွေဟာ နယ်မြေအခြေအနေ မတည်ငြိမ်မှုတွေကြောင့် အသွားအလာပိတ်ဆို့မှုတွေရှိနေတာကြောင့် မန္တလေးဒေသတစ်ဝိုက်က သီးနှံတွေကို တရုတ်နိုင်ငံဖက် တင်ပို့ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

“တရုတ်ကိုပို့ဖို့က ဘယ်လိုမှ အဆင်မပြေတော့ဘူးလေ။ရတဲ့လမ်းကြောင်းက တင်မယ်ဆိုရင်လည်း ကားခအရမ်းများတော့ ဒီမှာပဲ ရတဲ့ဈေးနဲ့ ရောင်းနေရတာပေါ့” လို့ တံတားဦးမြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။

တရုတ်နှစ်သစ်ကူးကာလမှာ အများဆုံးထွက်လေ့ရှိတဲ့ ဖရဲနဲ့ သခွားမွှေးကို အရင်က တရုတ်နိုင်ငံကို အဓိကတင်ပို့ ရောင်းချခဲ့ရပြီး ဈေးကောင်းရလေ့ရှိပေမယ့် အခုနှစ်မှာတော့ ပြည်တွင်းမှာပဲ ရောင်းချနေရတာကြောင့် အမြတ်အစွန်းရရှိမှု နည်းပါးတယ်လို့ တောင်သူတွေက ပြောပါတယ်။

အောင်မန်း