【 ပြည်တွင်း 】 တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနား ကျင်းပ

【 ပြည်တွင်း 】 တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနား ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ - ၂၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ်မှာ စက်တင်ဘာ ၂၆ ရက် ညပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယင်းအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယာယီတာဝန်ခံ Ms. Cao Jing က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

“၇၄ နှစ်တာကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီက ပြည်သူတစ်ရပ်လုံးကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး ကြိုးပမ်းအားထုတ်မှုများကြောင့် ကမ္ဘာကျော်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကိုရရှိခဲ့ပြီး အင်အားတောင့်တင်းတဲ့ နိုင်ငံအဖြစ် တည်ဆောက်ရေး၊ အမျိုးသားပြန်လည်ရှင်သန်တိုးတက်ရေး ရည်မှန်းချက်များဆီသို့ လှမ်းချီလျက်ရှိပါတယ်” လို့ Ms. Cao Jing က ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင်  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း (ဗဟို) မှ နာယကနှင့် တာဝန်ရှိသူများ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အောင်အောင်