【 ပြည်တွင်း 】 နေပြည်တော် အိမ်ခြံမြေဈေး မြင့်တက်မှုကြောင့် ဝယ်လက်နည်းဟု ဆို

【 ပြည်တွင်း 】 နေပြည်တော် အိမ်ခြံမြေဈေး မြင့်တက်မှုကြောင့် ဝယ်လက်နည်းဟု ဆို

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၁

နေပြည်တော်တွင် ယနေ့နောက်ပိုင်း အိမ်ခြံမြေဈေး မြင့်တက်လာသည့်အတွက် ဝယ်လက်နည်းသွားကြောင်း အိမ်ခြံမြေပွဲစားများထံမှ သိရပါတယ်။

“၂၀၂၃ နှစ်လယ်လောက်ထဲက နေပြည်တော်မှာ အိမ်ခြံမြေ ဝယ်လက်တွေ များလာတယ်၊ အရောင်းအဝယ်လည်းဖြစ်ခဲ့တယ်၊ အမြင့်လိုင်းရော အနိမ့်လိုင်းရော အဝယ်လိုက်လာနဲ့အမျှ အိမ်ခြံ‌မြေရောင်းတဲ့သူတွေက ဈေးတွေ စွတ်အော်တော့တာပဲ။ကုန်ဈေးနှုန်းမြင့်တာ၊ ရွှေဈေးမြင့်တာတွေ အကြောင်းပြပြီး သိန်းတစ်ထောင်ဆိုတဲ့ အကွက်တွေက သိန်းနှစ်ထောင်ဆိုလို့ဆို၊ သိန်းတစ်ရာတန်ကနေ သိန်းနှစ်ရာဆိုလို့ဆိုပေါ့၊ ဝယ်တဲ့သူကလည်း ဝယ်တာကိုး၊ အခုနောက်ပိုင်း အနိမ့်ကွက်တွေဆို သိန်းငါးရာအောက် မရောက်သလို အမြင့်ကွက်ဆို သိန်းတစ်ထောင့်ငါးရာအထက်မှာပဲရှိတယ်” လို့ အိမ်ခြံမြေအရောင်းအဝယ် ပွဲစားတစ်ဦးက ဆိုပါတယ်။

နေပြည်တော်တွင် အဓိက အိမ်ဝိုင်းခြံမြေအရောင်းအဝယ်ဖြစ်သည့် နေရာများမှာ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဇမ္ဗူသီရိမြို့နယ်များဖြစ်ကြောင်း သိရှိရပါတယ်။

ဒက္ခိဏသီရိ၊ ပုပ္ဗသီရိမြို့နယ်များတွင် အိမ်ခြံ‌မြေအရောင်းများရှိသော်လည်း အဝယ်နည်းကြောင်း သိရပါတယ်။

ဘော်ဘော်