【 ပြည်တွင်း 】 မြန်မာနိုင်ငံ ဖူရှင်းကွန်ဖြူးရှပ် တရုတ်စာသင်တန်းကျောင်းမှာ ၂၀၂၃ ခုနှစ် လမုန့်ပွဲတော်ကျင်းပ

【 ပြည်တွင်း 】 မြန်မာနိုင်ငံ ဖူရှင်းကွန်ဖြူးရှပ် တရုတ်စာသင်တန်းကျောင်းမှာ ၂၀၂၃ ခုနှစ် လမုန့်ပွဲတော်ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ - ၂၈

ရန်ကုန်မြို့၊ လသာမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ ဖူရှင်းကွန်ဖြူးရှပ် တရုတ်စာသင်တန်းကျောင်းမှာ စက်တင်ဘာလ ၂၄ ရက် ညနေပိုင်းက ၂၀၂၃ ခုနှစ် လမုန့်ပွဲတော်အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ယင်းအခမ်းအနားသို့ ဟုတ်ကြန့် တရုတ်အမျိုးသားအသင်းချုပ် ဥက္ကဋ္ဌ Mr.Xu Zhimin၊ ဟုတ်ကြန့် တရုတ်အမျိုး သားအသင်းချုပ် ဒုဥက္ကဋ္ဌ Mr. Gao Jingchuan၊ ဟုတ်ကြန့် တရုတ်အမျိုးသားအသင်းချုပ် အတွင်းရေးမှူးချုပ် Mr. Lin Wendun၊ ဟုတ်ကြန့် လူငယ်များအသင်း ဥက္ကဋ္ဌ Mr. Su Xia၊ Bright Success Education Center ကျောင်းအုပ် Ms. Wen Guaixiang၊ ဖူရှင်းကွန်ဖြူးရှပ် တရုတ်စာသင်တန်းကျောင်း ကျောင်းအုပ် Mr. Wu Weizhong တို့ တက်ရောက်ခဲ့ကြပြီး ဧည့်သည်များနဲ့အတူ ဆရာ၊ ဆရာမ၊ ကျောင်းသား အယောက် ၆၀ ကျော် ပျော်ရွှင်စွာဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

ဟုတ်ကြန့် တရုတ်အမျိုးသားအသင်းချုပ် ဥက္ကဋ္ဌ Mr.Xu Zhimin က  လမုန့်ပွဲတော်ဟာ ပေါင်းဆုံစုဝေးရတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး တစ်မိသားစုလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရတဲ့နေ့လည်းဖြစ်သလို ဖူရှင်းကွန်ဖြူးရှပ် တရုတ်စာသင်တန်းကျောင်းမှာ ဆရာ၊ ဆရာမ/ကျောင်းသား၊ ကျောင်းသူများအတူ ပွဲတော်ဆင်နွှဲရတာ အလွန်ပျော်ရွှင်မိကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။  

အခုအကြိမ်ကျင်းပတဲ့ လမုန့်ပွဲတော်ပျော်ပွဲရွှင်ပွဲမှာ အစီအစဉ် ၁၂ ခုနဲ့ တင်ဆက်ခဲ့ပြီး ပုံပြောခြင်း၊ အကအလှ၊ ကဗျာရွတ်ဆိုမှု၊ အဆိုအက၊ သီချင်းသီဆိုမှုတို့ပါဝင်ခဲ့ပြီး ကျောင်းဥက္ကဋ္ဌများမှ ဆုရကျောင်းသားများကို ဆုလက်ဆောင်များ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အောင်အောင်