【 ပြည်တွင်း 】 မြိတ်မြို့မှာ ဒေါက်တင်ထားတဲ့ ဆီတင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား

【 ပြည်တွင်း 】 မြိတ်မြို့မှာ ဒေါက်တင်ထားတဲ့ ဆီတင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ - ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ထူးတိုးရေပေါ်လွန်းကျင်းဧရိယာတွင် ယနေ့မနက်ပိုင်းက ဒေါက်တင်ထားတဲ့ သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

စက်တင်ဘာ ၁၈ ရက် မနက် ၈ နာရီခွဲခန့်တွင် စက်လှေမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး မနက် ၉ နာရီ ၅ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့တယ်လို့လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒေါက်တင်ထားသည့် သံခွံလှေတစ်စီး၏ ပဲ့ပိုင်းတွင် မီးလောင်ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိဘဲ သင်္ဘောအနောက်ပိုင်းတစ်ပိုင်းလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါမီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းနဲ့ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။

အောင်အောင်
Photo - MFSD