【 ပြည်တွင်း 】The First CNPC Youth Short-Video Challenge လူငယ်များအကြား စိတ်ဝင်စားမှုရှိလာ
【 ပြည်တွင်း 】The First CNPC Youth Short-Video Challenge လူငယ်များအကြား စိတ်ဝင်စားမှုရှိလာ
ပထမဆု ကျပ်ငွေ ၅ သန်း အပါအ၀င် ဆုကြေးငွေ စုစုပေါင်း ကျပ် သန်း ၃၀ အထိပေးအပ်မည့် The First CNPC Youth Short-Video Challenge ပြိုင်ပွဲကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဇန်နဝါရီလ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲကို ဝင်ရောက်ရန် လူငယ်များစိတ်ဝင်စားမှုရှိနေကြောင်းသိ ရပါတယ်။ အဆိုပါပြိုင်ပွဲတွင် ဝင်ပြိုင်သူများအနေဖြင့် ၂၀၂၀ နှစ်ဟောင်းကို ပြန်လှည့် ကြည့်ပြီး ၂၀၂၁ နှစ်သစ်အတွက် ဘာတွေများ လုပ်ဆောင်ချင်ပါလဲဆိုသည့် အကြောင်းအရာ၊ ကိုယ့်ရဲ့ မိသားစုအပေါ် အလေးထား ချစ်ခင်ကြောင်း တွေကိုလည်း ဖေါ်ပြရသည့်အကြောင်းအရာ ၊ ကိုယ်အပေါ် ကူညီပေးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းများကိုလည်း ကျေးဇူးတင် ချစ်ခင်ကြောင်းကို ဖေါ်ပြသည့် အကြောင်းအရာ၊ မိမိနှစ်သက်သည့် တရုတ်ဇာတ်ကား ဇာတ်လမ်းတွဲ ထဲက သရုပ်ဆောင် characters ပုံစံများ (သို့မဟုတ်) တခြား ဇာတ်ကားများထဲမှ သရုပ်ဆောင်ပြီး ပုံစံတူ လုပ်ပြ သည့် အ‌ကြောင်းအရာဖြင့် အကြောင်းအရာ ၄ မျိုးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ဖြစ်သည့် ရုပ်ရှင်သရုပ်ဆောင် နန်းခင်ဇေယျာ က “အဓိက short video clip ရိုက်တာက ကိုယ်သိတဲ့ဟာလေးတွေကို ကိုယ့်ရဲ့ ပရိသတ်ကို sharing လုပ်တဲ့ သဘောပေါ့နော်။ တစ်ခါ တစ်လေ work out video လေးတွေလည်း short video လေးတွေရိုက်ပြီး တင်ဖြစ်တယ်ပေါ့။ ဒီဟာလေးကို ပါဝင် ဖြစ်တာကပေါ့နော် (The First CNPC Youth Short Video Challenge) လူတိုင်းမှာ တတ်ကျွမ်း တာတစ်ခုခုရှိ နေတယ်။ ကိုယ်ကျွမ်းကျင်ရာကို ထုတ်ပြခွင့်ရတဲ့ ပြိုင်ပွဲဖြစ်တာကြောင့်မို့ ဒါသည် အရမ်းကောင်းပါတယ်။ပြီးတော့ လူငယ်တွေအတွက်က ကြိုးစားတဲ့သူကို သူတို့က award ပေးတယ် အဲ့ဒါကြောင့်မို့ ဝင်ဖြစ်သွားတာပါ။
ပထမဆု မရလည်း တခြားဆုတွေရဖို့ အခွင့်အရေးတွေ အများကြီးရှိတယ်ပေါ့နော်။ နန်းခင်ကလည်း အရမ်း လည်းရင်ခုန်နေတယ်၊ ဘယ်သူတွေဆုရမလဲ ဆိုတာလည်း သိချင်နေပါတယ်။”လို့ ပြောခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် နန်းခင်ဇေယျာကဲ့သို့ပင် ပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် အဆိုတော်၊ အကပညာရှင်နှင့် မင်းရတုပိုင်ကလည်း “အိမ်ထဲမှာနေနေရင်း တစ်ခုခုပေါ့နော် ပျော်ရွှင်မှုလည်းရတယ်၊ သူတို့ဆီမှာရှိတဲ့ talent ကို သူတို့ ထုတ်ပြခွင့်ရတဲ့ အတွက်လည်း ကောင်းမွန်တဲ့ အရာလေးတစ်ခုလို့ ကျွန်တော် ကတော့ မြင်မိပါတယ်။ ကျွန်တော်ရဲ့ သီချင်းသီဆိုခြင်း အတတ်ပညာနဲ့ fan လေးတွေကို ရှေ့ဆောင်လမ်းပြဖြစ်အောင်လည်း ပါဝင်ဖြစ်သွားတာပါ။ ဆုကြေးငွေတွေကလည်း အများကြီးပဲပေါ့နော်။ အားလုံးကိုလည်း ရစေချင် ပါတယ်။ ကုမ္ပဏီကလည်း တစ်ကယ် ကြီးတဲ့ ကုမ္ပဏီပါ၊ ဆုကြေးငွေကလည်း တစ်ကယ်ရမှာမို့ ပါဝင်စေချင်ပါတယ်” ဟု ရှင်းလင်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် TikTok ဗီဒီယို ရိုက်ကူးခြင်း ရေပန်းစားလာခြင်းနှင့် အတူ ယခုစိန်ခေါ်မှု ပြိုင်ပွဲသည် လူငယ်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ ပါတယ်။ ယခုပြိုင်ပွဲသို့ မန္တလေးမှ ပါဝင်ယှဉ်ပြိုင်ခဲ့သူ မခိုင်နှင်းဇင်ကျော်က “ညီမ ဒီ CNPC ကို ပြိုင်ဖြစ်တာက ဒီဇင်ဘာမတိုင်ခင် နိုဝင်ဘာ အကုန် လောက်မှာ facebook မှာတွေ့လို့ ပြိုင်ဖြစ်တာပါ။
ညီမက Ni Ni Khin Zaw Song Challenge နဲ့ Vlog Challenge မှာ ဝင်ပြိုင်ခဲ့ပါတယ်။ CNPC အကြောင်းကိုတော့ အရင်ကတည်းက သိထားပါတယ်။ ဒီ Youth Power Challenge က အရမ်းကောင်းပါတယ်။ အထူးသဖြင့် လူငယ်တွေပေါ့နော် ဒီကာလအတွင်းမှာ သူတို့ရဲ့ အရည်အချင်းကို ဖော်ပြနိုင်တယ်။ ပြိုင်ပွဲမှာ ပြိုင်ရတာ အရမ်းလည်း စိတ်လှုပ်ရှားတယ်။ challenge တွေက theme ၄ခုအောက်မှာ ပြိုင်ရမှာပါ။ တခြားသူတွေရဲ့ video တွေ ကြည့်ရတာလည်း ပျော်ဖို့ကောင်းပါတယ်။”လိုဆိုပါတယ်။ ယခုပြိုင်ပွဲကို ဗိုင်းရပ်စ်ကန့်သတ်ချက်များကြောင်း အများပြည်သူတို့ ပြင်ပ မထွက်နိုင်သော အားလပ်ရက် တွင် အားပေးလိုသည့် သဘောနှင့် နှစ်သစ်ကို အိမ်အတွင်းမှ ကျင်းပရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကာ ပါဝင်ယှဉ်ပြိုင် သူများသည် အထက်ဖေါ်ပြပါ အကြောင်းအရာ ၄ ခုအောက်မှ လူငယ်များ၏ စွမ်းရည်ကို ဗီဒီယို ရိုက်ကူးပြီး ထို ဗီဒီယိုကို Facebook (သို့) TikTok တွင် ၂၀၂၀ ခုနှစ် ( နိုဝင်ဘာ )၂၅ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့အတွင်း တင်ကာ hashtags #SeaopYouthPowerChallenge သို့မဟုတ် #CNPCYouthPowerChallenge နဲ့ @SEAOP-SEAGP တို့ကို tag တွဲရမည် ဖြစ်ကြောင်း သိရပါတယ်။
ကိုမင်း(OL)
ရန်ကုန် ၊ ဇန်နဝါရီ ၅ 
( Zawgyi  )
ကိုမင်း(OL)
ရန်ကုန် ၊ ဇန်နဝါရီ ၅