【 ပြည်တွင်း 】YPS ကတ် အသုံးပြုသူများပိုမို အဆင်ပြေစေရန် ယာဉ်အတက်တွင်သာ ကတ်ဖြတ်ငွေပေးချေသည့်စနစ် ကျင့်သုံးမည်

【  ပြည်တွင်း  】YPS ကတ် အသုံးပြုသူများပိုမို အဆင်ပြေစေရန် ယာဉ်အတက်တွင်သာ ကတ်ဖြတ်ငွေပေးချေသည့်စနစ် ကျင့်သုံးမည်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBSယာဉ်လိုင်များတွင် ငွေအကြွေအစား YPS ကတ် အသုံးပြုသူများပိုမို အဆင်ပြေစေရန် အတွက် ယာဉ်အတက်တွင်သာ ကတ်ဖြတ်ငွေပေးချေသည့် စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ဖို့ YPS ကတ်စနစ်ကိုလုပ်ဆောင်နေသည့် ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)ထံမှ သိရပါတယ်။  
 
“ပြည်သူလူထုရဲ့ သွားလာမှုအနေအထားရယ် လက်ရှိယာဉ်လိုင်းတွေရဲ့ အခြေအနေရဲ့ သုံးစွဲမှု အနေအထားရယ်ကို ကြည့်ပြီးတော့ သက်ဆိုင်ရာ Company နဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ဖို့သွားနေပါတယ်။ အဲ့လို သုံးစွဲမှုကို သွားတဲ့ အခါမှာလည်း ပြည်သူလူထုရဲ့ သုံးစွဲမှုကို မူတည်ပြီးတော့ ကျတော်တို့က ဥပမာအားဖြင့် အရင်တုန်းကဆိုရင် အတက်တစ်ခါ၊အဆင်းတစ်ခါ Card ဖြတ်ရတာကနေ အခုတော့ ပြည်သူလူထုရဲ့ သွားလာမှုအကြံပေးမှုကို ကြည့်ပြီးတော့ အတက်တစ်ခါပဲ Card ဖြတ်ဖို့ လိုအောင်လို့ ကျတော်တို့ အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်။”လို့ YRTA အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
 
အဆိုပါ YPS(Yangon Payment System)ကတ်ဖြင့် ယာဉ်စီးခပေးချေသည့် စနစ်ကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၂၁ ရက်နေ့က ခရီးသွားပြည်သူတွေနဲ့ စတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့ လက်ရှိအချိန်ထိ YPS ကတ်ဖြင့်ယာဉ်စီးခပေးချေမှုကို YBS ယာဉ်လိုင်း(၃၅)လိုင်းမှ ယာဉ်အစီးရေပေါင်း (၁၆၀၀)ကျော်တွင် အသုံးပြုနေကြတာပါ။
 
“Company ကနေ တက်ဆင်ပေးထားတာကတော့ ယာဉ်အစီးရေ ၂၀၀၀ လောက်ရှိပြီး လက်ရှိမှာ ပြေးဆွဲနေတာကတော့ ပုံသေယာဉ်စီးခကောက်ခံတဲ့ ယာဉ်လိုင်းပေါင်း ၃၅ လိုင်းနဲ့ ကားအစီးရေ ၁၆၀၀ ကျော်လောက်မှာ အသုံးပြုနေပါတယ်။ ဒီကိုဗစ်ကာလမှာတော့ အခြေအနေတွေ အားလုံးမှာ သက်ရောက်မှုက ရှိတာဆိုတော့ ဒီစက်တင်ဘာလလောက်မှာ စီးနင်းသူကျဆင်းသွားတယ်။ နိုဝင်ဘာလလောက်မှာမှ Branch လေးတွေ ပြန်ဖွင့်တာမျိုးလေးတွေရှိပါတယ်။ ကိုဗစ်ကာလဖြစ်နေပေမယ့်လည်း ဇန်နဝါရီလလောက်မှာတော့ ကား ၃၀၀ နီးပါးလောက်မှာ စက်တွေထပ်ပြီး တိုးချဲ့တပ်ဆင်သွားဖို့တော့ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဘက်ကနေလည်း နောက်ပိုင်းမှာ Cashless စနစ်ကို သွားဖို့ ရှိတာဆိုတော့ အခု ကိုဗစ်ကာလမှာ အစ်မတို့ ဆို ပထမလှိုင်းပြီးထဲက စတာဆိုတော့ ဒီ Card စနစ်ကနေပြီးတော့ ငွေကြေး ကိုင်တွယ်သုံးစွဲမှု ကနေ ကူးနိုင်မယ့် ရောဂါတွေကို လည်း ကာကွယ်နိုင်တာပေါ့။”လို့ YPS ကတ်စနစ်ကိုလုပ်ဆောင်နေသည့် Asia Starmar Transport Intelligent ကုမ္ပဏီမှ တာဝန်ရှိသူ ဒေါ်ရီရီခင်ကဆိုပါတယ်။ 
လက်ရှိတွင် YBPC company, YUPT company ,  Bandoola public company co., Ltd ရွှေတောင်ပိုင်း company , CITY transit company,  GYCT company တို့မှ ယာဉ်အစီးရေ ၁၆၀၀ နီးပါးခန့်တွင် YPS  Card system ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး တစ်ခြားသော ယာဉ်လိုင်းများမှာလည်း YPS  Card system ဖြင့် ပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 
 
 
မင်းသုတ၊ပြေသိမ်း
ရန်ကုန်၊ ဇန်နဝါရီ ၁၈ 
 
(  Zawgyi  )
 
 ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနသည့္ YBSယာဥ္လိုင္မ်ားတြင္ ေငြအေႂကြအစား YPS ကတ္ အသုံးျပဳသူမ်ားပိုမို အဆင္ေျပေစရန္ အတြက္ ယာဥ္အတက္တြင္သာ ကတ္ျဖတ္ေငြေပးေခ်သည့္ စနစ္ကို ေျပာင္းလဲက်င့္သုံးႏိုင္ဖို႔ YPS ကတ္စနစ္ကိုလုပ္ေဆာင္ေနသည့္ ကုမၸဏီႏွင့္ ပူးေပါင္း ေဆာင္႐ြက္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕(YRTA)ထံမွ သိရပါတယ္။  
 
“ျပည္သူလူထုရဲ႕ သြားလာမႈအေနအထားရယ္ လက္ရွိယာဥ္လိုင္းေတြရဲ႕ အေျခအေနရဲ႕ သုံးစြဲမႈ အေနအထားရယ္ကို ၾကည့္ၿပီးေတာ့ သက္ဆိုင္ရာ Company နဲ႔ ေပါင္းစပ္ၿပီးေတာ့ ေဆာင္႐ြက္ဖို႔သြားေနပါတယ္။ အဲ့လို သုံးစြဲမႈကို သြားတဲ့ အခါမွာလည္း ျပည္သူလူထုရဲ႕ သုံးစြဲမႈကို မူတည္ၿပီးေတာ့ က်ေတာ္တို႔က ဥပမာအားျဖင့္ အရင္တုန္းကဆိုရင္ အတက္တစ္ခါ၊အဆင္းတစ္ခါ Card ျဖတ္ရတာကေန အခုေတာ့ ျပည္သူလူထုရဲ႕ သြားလာမႈအႀကံေပးမႈကို ၾကည့္ၿပီးေတာ့ အတက္တစ္ခါပဲ Card ျဖတ္ဖို႔ လိုေအာင္လို႔ က်ေတာ္တို႔ အတတ္ႏိုင္ဆုံး အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးေနပါတယ္။”လို႔ YRTA အတြင္းေရးမႉး ဦးလွေအာင္က ေျပာပါတယ္။
 
အဆိုပါ YPS(Yangon Payment System)ကတ္ျဖင့္ ယာဥ္စီးခေပးေခ်သည့္ စနစ္ကို ၿပီးခဲ့သည့္ႏွစ္ ဇူလိုင္လ ၂၁ ရက္ေန႔က ခရီးသြားျပည္သူေတြနဲ႔ စတင္မိတ္ဆက္ေပးခဲ့ျခင္းျဖစ္ၿပီး ယေန႔ လက္ရွိအခ်ိန္ထိ YPS ကတ္ျဖင့္ယာဥ္စီးခေပးေခ်မႈကို YBS ယာဥ္လိုင္း(၃၅)လိုင္းမွ ယာဥ္အစီးေရေပါင္း (၁၆၀၀)ေက်ာ္တြင္ အသုံးျပဳေနၾကတာပါ။
 
“Company ကေန တက္ဆင္ေပးထားတာကေတာ့ ယာဥ္အစီးေရ ၂၀၀၀ ေလာက္ရွိၿပီး လက္ရွိမွာ ေျပးဆြဲေနတာကေတာ့ ပုံေသယာဥ္စီးခေကာက္ခံတဲ့ ယာဥ္လိုင္းေပါင္း ၃၅ လိုင္းနဲ႔ ကားအစီးေရ ၁၆၀၀ ေက်ာ္ေလာက္မွာ အသုံးျပဳေနပါတယ္။ ဒီကိုဗစ္ကာလမွာေတာ့ အေျခအေနေတြ အားလုံးမွာ သက္ေရာက္မႈက ရွိတာဆိုေတာ့ ဒီစက္တင္ဘာလေလာက္မွာ စီးနင္းသူက်ဆင္းသြားတယ္။ ႏိုဝင္ဘာလေလာက္မွာမွ Branch ေလးေတြ ျပန္ဖြင့္တာမ်ိဳးေလးေတြရွိပါတယ္။ ကိုဗစ္ကာလျဖစ္ေနေပမယ့္လည္း ဇန္နဝါရီလေလာက္မွာေတာ့ ကား ၃၀၀ နီးပါးေလာက္မွာ စက္ေတြထပ္ၿပီး တိုးခ်ဲ႕တပ္ဆင္သြားဖို႔ေတာ့ရွိပါတယ္။ ရန္ကုန္တိုင္းေဒသႀကီး အစိုးရ ဘက္ကေနလည္း ေနာက္ပိုင္းမွာ Cashless စနစ္ကို သြားဖို႔ ရွိတာဆိုေတာ့ အခု ကိုဗစ္ကာလမွာ အစ္မတို႔ ဆို ပထမလႈိင္းၿပီးထဲက စတာဆိုေတာ့ ဒီ Card စနစ္ကေနၿပီးေတာ့ ေငြေၾကး ကိုင္တြယ္သုံးစြဲမႈ ကေန ကူးႏိုင္မယ့္ ေရာဂါေတြကို လည္း ကာကြယ္ႏိုင္တာေပါ့။”လို႔ YPS ကတ္စနစ္ကိုလုပ္ေဆာင္ေနသည့္ Asia Starmar Transport Intelligent ကုမၸဏီမွ တာဝန္ရွိသူ ေဒၚရီရီခင္ကဆိုပါတယ္။ 
လက္ရွိတြင္ YBPC company, YUPT company ,  Bandoola public company co., Ltd ေ႐ႊေတာင္ပိုင္း company , CITY transit company,  GYCT company တို႔မွ ယာဥ္အစီးေရ ၁၆၀၀ နီးပါးခန႔္တြင္ YPS  Card system ျဖင့္ ေျပးဆြဲေပးလ်က္ရွိၿပီး တစ္ျခားေသာ ယာဥ္လိုင္းမ်ားမွာလည္း YPS  Card system ျဖင့္ ေျပးဆြဲႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိတယ္လို႔ သိရပါတယ္။ 
 
 
မင္းသုတ၊ေျပသိမ္း
ရန္ကုန္၊ ဇန္နဝါရီ ၁၈