2008 ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အငြင်းပွား ရမယ့်အချိန်မဟုတ်ဘူးလို့ လွှတ်တော်နာယကဆို

2008 ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အငြင်းပွား ရမယ့်အချိန်မဟုတ်ဘူးလို့ လွှတ်တော်နာယကဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပဒေကြမ်းတွေကို ပေါင်းစည်း ဆွေးနွေးဖို့အတွက် ဆုံးဖြတ်ချိန်မှာ မတ်တပ်ရပ်ကန့်ကွက် စကားပြောဆိုခဲ့တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို အငြင်းပွားရမယ့် အချိန် မဟုတ်ဘူးလို့ လွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးပြောဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမမြောက်နေ့ အစီအစဉ်မှာ အခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ပြီးနောက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က မတ်တပ်ရပ်ပြောဆိုချိန်မှာ လွှတ်တော်နာယက က အခုလိုသတိပေး စကားပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

“ဆွေးနွေးရမယ့်အချိန် ဒီမှာ အငြင်းပွားရမယ့် အချိန်မဟုတ်ပါဘူး။ ခွင့်မပြုနိုင်ပါဘူး” လို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ကို လွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးပြောဆိုခဲ့တာပါ။ အခြေခံဥပဒေပြင်ဆင်ရေး(၄၅)ဦး ပါ ပူးပေါင်းကော်မတီကနေ ဥပဒေကြမ်း ၂ခု၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နဲ့ တပ်မတော်တို့က သီးခြားစီတင်သွင်းထားတဲ့ ဥပဒေကြမ်း ၅ခုတို့ကို တူရာစီ စုပြီး ဥပဒေကြမ်း ၂ခုအဖြစ် ပြန်လည် ပေါင်းစည်းထားတာကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက လက်မခံဘဲ သီးခြားစီ ဆွေးနွေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုမှုကို လွှတ်တော်နာယက က လက်ခံခဲ့ခြင်းမရှိဘဲ စိစစ်ရေး ပူးပေါင်း‌ကော်မတီရဲ့အစီရင်ခံစာအတိုင်းပဲ မိမိတို့လွှတ်တော်က ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပြီး အစီရင်ခံစာအပေါ် ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဖေဖော်ဝါရီ ၁၄ရက်နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်းဖို့ကြေညာခဲ့ပါတယ်။

ဇေယျာမော်
ဓါတ်ပုံ- ပြည်ထောင်စုလွှတ်တော်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀

(  Zawgyi  )

 ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအတြက္ လႊတ္ေတာ္မွာ တင္သြင္းထားတဲ့ ဥပေဒၾကမ္းေတြကို ေပါင္းစည္း ေဆြးေႏြးဖို႔အတြက္ ဆုံးျဖတ္ခ်ိန္မွာ မတ္တပ္ရပ္ကန႔္ကြက္ စကားေျပာဆိုခဲ့တဲ့ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ကို အျငင္းပြားရမယ့္ အခ်ိန္ မဟုတ္ဘူးလို႔ လႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က သတိေပးေျပာဆိုလိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ၁၅ ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး သတၱမေျမာက္ေန႔ အစီအစဥ္မွာ အေျခခံဥပေဒျပင္ဆင္ေရးဥပေဒမူၾကမ္း ေလ့လာစိစစ္ေရး ပူးေပါင္းေကာ္မတီက အစီရင္ခံစာ တင္သြင္းခဲ့ၿပီးေနာက္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္က မတ္တပ္ရပ္ေျပာဆိုခ်ိန္မွာ လႊတ္ေတာ္နာယက က အခုလိုသတိေပး စကားေျပာဆိုခဲ့တာလည္း ျဖစ္ပါတယ္။

“ေဆြးေႏြးရမယ့္အခ်ိန္ ဒီမွာ အျငင္းပြားရမယ့္ အခ်ိန္မဟုတ္ပါဘူး။ ခြင့္မျပဳႏိုင္ပါဘူး” လို႔ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ကို လႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က သတိေပးေျပာဆိုခဲ့တာပါ။ အေျခခံဥပေဒျပင္ဆင္ေရး(၄၅)ဦး ပါ ပူးေပါင္းေကာ္မတီကေန ဥပေဒၾကမ္း ၂ခု၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ နဲ႔ တပ္မေတာ္တို႔က သီးျခားစီတင္သြင္းထားတဲ့ ဥပေဒၾကမ္း ၅ခုတို႔ကို တူရာစီ စုၿပီး ဥပေဒၾကမ္း ၂ခုအျဖစ္ ျပန္လည္ ေပါင္းစည္းထားတာကို တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြက လက္မခံဘဲ သီးျခားစီ ေဆြးေႏြးဖို႔ ေတာင္းဆိုခဲ့တာလည္း ျဖစ္ပါတယ္။

တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ေတာင္းဆိုမႈကို လႊတ္ေတာ္နာယက က လက္ခံခဲ့ျခင္းမရွိဘဲ စိစစ္ေရး ပူးေပါင္း‌ေကာ္မတီရဲ႕အစီရင္ခံစာအတိုင္းပဲ မိမိတို႔လႊတ္ေတာ္က ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္လို႔ ေျပာဆိုခဲ့ၿပီး အစီရင္ခံစာအေပၚ ေဆြးေႏြးလိုတဲ့ ကိုယ္စားလွယ္ေတြအေနနဲ႔ ေဖေဖာ္ဝါရီ ၁၄ရက္ေနာက္ဆုံးထားၿပီး အမည္စာရင္းေပးသြင္းဖို႔ေၾကညာခဲ့ပါတယ္။

ေဇယ်ာေမာ္
ဓါတ္ပုံ- ျပည္ေထာင္စုလႊတ္ေတာ္
ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၁၀