Control စင်တာမှ သတိပေးချက်ရသော YBS ယာဉ်များမှ Telematic စက်များကို စစ်ဆေးနေ

Control စင်တာမှ သတိပေးချက်ရသော YBS ယာဉ်များမှ Telematic စက်များကို စစ်ဆေးနေ

Telematic စက်တွေနဲ့ပတ်သက်ပြီး Control စင်တာမှ သတိပေးချက် ရရှိထားတဲ့ YBS ယာဉ်တွေကို ခေါ်ယူကာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ ရှင်စောပုကားဝင်းတွင် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောပါတယ်။

“ဒီစက်တွေကို နည်းလမ်းပေါင်း ၁၀၀ ကျော်နဲ့ မပျက် ပျက်အောင် ဖျက်ဆီးနေတဲ့ အခြေအနေရှိပါတယ်၊ ဒီလို လုပ်ဆောင်ထားတဲ့ Telematic စနစ်ဟာ ယာဉ်မောင်း တွေကို ထုတ်ပေးထားတဲ့ စမတ်ကတ်စနစ်နဲ့ နောက်ပိုင်းမှာ ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်၊ ဒါမှ ဘယ်ယာဉ်မှာ ဘယ်ယာဉ်မောင်း မောင်းနေတယ်ဆိုတာ live သိရမယ်၊ ကျွန်တော်တို့ အနေနဲ့ တစ်စုံတခုကြောင့် ချို့ယွင်းတဲ့ စက်တွေကို ပြုပြင်ဖို့တွေ သံသယရှိတာမျိုးကို စစ်ဆေးနိုင်ဖို့ ရှင်စောပုကားဝင်းကို ခေါ်ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။ ထိုစနစ်ဟာ YBS ယာဉ် တစ်စီးရဲ့ သွားလာရာ လမ်းကြောင်းများအပါအဝင် ပြေးဆွဲမှုအခြေအနေကို Control စင်တာ ကနေ ခေတ်မီနည်းဖြင့် စောင့်ကြည့်ကြပ်မတ်နိုင်‌သော စနစ် ဖြစ်သလို ယင်းစနစ်အတွက် ကြိုးများကို ထိခိုက်မိပါက လည်းကောင်း၊ စက်ကိုတစ်စုံတခု လုပ်ဆောင်ပါကလည်း Control စင်တာတွင် အချက်ပြသော အခြေအနေများ ရှိခဲ့တဲ့အတွက် ယင်းကဲ့သို့ ကြုံလာသော ယာဉ်များကို ပြင်ဆင် စစ်ဆေးနိုင်ရန် ခေါ်ယူ လုပ်ဆောင်နေ တာဖြစ်ပါတယ်။

ထိုသို့စစ်ဆေးလုပ်ဆောင်တဲ့အခါ စက်ပျက်စီးတဲ့အခြေခအနေမျိုးတွေ့ပါက စက်ဖိုးအဖြစ်ငွေကျပ် နှစ်သိန်းခွဲဒဏ်ရိုက်လေ့ရှိပြီး ပြင်ဆင်လို့ရပါက မှတ်တမ်းယူခံဝန်ရေးထိုးခိုင်းကာ ပြန်တပ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့က အကုန်လုံးကို ချိတ်တွေနဲ့ ပိတ်ထားတာ တွေရှိ တယ်၊ တစ်ချို့ကျတော့လည်း ယာဉ်ရဲ့ ဝါယာရိန်းပိုင်းကို ပြုပြင်ရင်း စက်ရဲ့စနစ်ကိုထိပြီးအချက်ပေးတာမျိုးတွေလည်း ရှိနိုင်ပါတယ်၊ စစ်တဲ့အခါ စက်မှုအင်ဂျင်နီယာတွေပါ ခေါ်ပြီး ကုမ္ပဏီလူတွေရော ခေါ်ပါတယ်၊ ဘာကြောင့်ဆိုတာကို မှတ်ချက်ရေးသွင်းစေပါတယ်၊ ခံဝန်လည်း ရေးထိုး ခိုင်းစေတာပေါ့”လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ ၆

(  Zawgyi  )

 Telematic စက္ေတြနဲ႔ပတ္သက္ၿပီး Control စင္တာမွ သတိေပးခ်က္ ရရွိထားတဲ့ YBS ယာဥ္ေတြကို ေခၚယူကာ ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းၿမိဳ႕နယ္ ရွင္ေစာပုလမ္းရွိ ရွင္ေစာပုကားဝင္းတြင္ စစ္ေဆးေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA)မွ မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးေအာင္ညီညီေမာ္က ေျပာပါတယ္။

“ဒီစက္ေတြကို နည္းလမ္းေပါင္း ၁၀၀ ေက်ာ္နဲ႔ မပ်က္ ပ်က္ေအာင္ ဖ်က္ဆီးေနတဲ့ အေျခအေနရွိပါတယ္၊ ဒီလို လုပ္ေဆာင္ထားတဲ့ Telematic စနစ္ဟာ ယာဥ္ေမာင္း ေတြကို ထုတ္ေပးထားတဲ့ စမတ္ကတ္စနစ္နဲ႔ ေနာက္ပိုင္းမွာ ခ်ိတ္ဆက္သြားမွာ ျဖစ္ပါတယ္၊ ဒါမွ ဘယ္ယာဥ္မွာ ဘယ္ယာဥ္ေမာင္း ေမာင္းေနတယ္ဆိုတာ live သိရမယ္၊ ကြၽန္ေတာ္တို႔ အေနနဲ႔ တစ္စုံတခုေၾကာင့္ ခ်ိဳ႕ယြင္းတဲ့ စက္ေတြကို ျပဳျပင္ဖို႔ေတြ သံသယရွိတာမ်ိဳးကို စစ္ေဆးႏိုင္ဖို႔ ရွင္ေစာပုကားဝင္းကို ေခၚၿပီး လုပ္ေဆာင္တာ ျဖစ္ပါတယ္”လို႔ သူကဆိုပါတယ္။ ထိုစနစ္ဟာ YBS ယာဥ္ တစ္စီးရဲ႕ သြားလာရာ လမ္းေၾကာင္းမ်ားအပါအဝင္ ေျပးဆြဲမႈအေျခအေနကို Control စင္တာ ကေန ေခတ္မီနည္းျဖင့္ ေစာင့္ၾကည့္ၾကပ္မတ္ႏိုင္‌ေသာ စနစ္ ျဖစ္သလို ယင္းစနစ္အတြက္ ႀကိဳးမ်ားကို ထိခိုက္မိပါက လည္းေကာင္း၊ စက္ကိုတစ္စုံတခု လုပ္ေဆာင္ပါကလည္း Control စင္တာတြင္ အခ်က္ျပေသာ အေျခအေနမ်ား ရွိခဲ့တဲ့အတြက္ ယင္းကဲ့သို႔ ႀကဳံလာေသာ ယာဥ္မ်ားကို ျပင္ဆင္ စစ္ေဆးႏိုင္ရန္ ေခၚယူ လုပ္ေဆာင္ေန တာျဖစ္ပါတယ္။

ထိုသို႔စစ္ေဆးလုပ္ေဆာင္တဲ့အခါ စက္ပ်က္စီးတဲ့အေျခခအေနမ်ိဳးေတြ႕ပါက စက္ဖိုးအျဖစ္ေငြက်ပ္ ႏွစ္သိန္းခြဲဒဏ္႐ိုက္ေလ့ရွိၿပီး ျပင္ဆင္လို႔ရပါက မွတ္တမ္းယူခံဝန္ေရးထိုးခိုင္းကာ ျပန္တပ္ေပးေလ့ရွိတယ္လို႔ သိရပါတယ္။ “ကြၽန္ေတာ္တို႔က အကုန္လုံးကို ခ်ိတ္ေတြနဲ႔ ပိတ္ထားတာ ေတြရွိ တယ္၊ တစ္ခ်ိဳ႕က်ေတာ့လည္း ယာဥ္ရဲ႕ ဝါယာရိန္းပိုင္းကို ျပဳျပင္ရင္း စက္ရဲ႕စနစ္ကိုထိၿပီးအခ်က္ေပးတာမ်ိဳးေတြလည္း ရွိႏိုင္ပါတယ္၊ စစ္တဲ့အခါ စက္မႈအင္ဂ်င္နီယာေတြပါ ေခၚၿပီး ကုမၸဏီလူေတြေရာ ေခၚပါတယ္၊ ဘာေၾကာင့္ဆိုတာကို မွတ္ခ်က္ေရးသြင္းေစပါတယ္၊ ခံဝန္လည္း ေရးထိုး ခိုင္းေစတာေပါ့”လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ ၆