COVID-19 ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ နှောင့်နှေးမှုမရှိရေး ကြိုးစားနေဟုဆို

COVID-19 ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ နှောင့်နှေးမှုမရှိရေး ကြိုးစားနေဟုဆို

COVID-19 ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို နှောင့်နှေးကြန့်ကြာမှု မရှိအောင် နှစ်ဖက်လုံးက ကြိုးစားဆောင်ရွက်‌နေတယ်လို့ အစိုးရ‌ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံးညွန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကပြောဆိုလိုက်ပါတယ်။
 
ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ သမ္မတအိမ်တော် သတင်းထောက်တွေကငြိမ်းချမ်းရေးဆွေးနွေးမှု‌တွေနဲ့ပတ်သက်ပြီး မေးမြန်းမှုကို သူက ပြန်လည်ဖြေဆိုခဲ့တာပါ။
 
" (၂၁)ရာစုပင်လုံညီလာခံ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ NCA-S EAO ကြားမှာ ဆက်တိုက် ညှိနှိုင်းမှုတွေ ရှိနေပါတယ်။ ဧပြီလ ၄-၅-၆ မှာ ပြုလုပ်ခဲ့တဲ့ အလွတ်သဘော အစည်းအဝေးဆိုရင် ၄ ရက်နေ့မှာ တွေ့ဆုံပြီးဆွေးနွေးပါတယ်။ ၅ ရက်နေ့မှာ NCA-S EAO အချင်းချင်း Video Conferencing နဲ့ ပြန်လည်ဆွေးနွေးမှု လုပ်ပါတယ်။ အစိုးရဘက်လည်း ပြန်လည်ဆွေးနွေးပြီး ၆ ရက်နေ့မှာ အလွတ်သဘော ပြန်တွေ့ပြီး ဆွေးနွေးခဲ့ပါတယ်" လို့ ဦးဇော်ဌေးက ဆိုပါတယ်။
 
ဒါအပြင် မေလဆန်းမှာလည်း အစိုးရနဲ့တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့တွေ ဆွေးနွေးဖို့ ရှိနေပြီးအစိုးရဘက်က နည်းလမ်း ၂ ခုကို  အဆိုပြုထားတယ်လို့ ‌သိရပါတယ်။
 
 
ပြည်တွင်းမှာ ရှိနေတဲ့ NCA-S EAO ကိုယ်စားလှယ်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ တိုက်ရိုက်‌ တွေ့ဆုံဆွေးနွေးကာပြည်ပရောက်ရှိနေတဲ့ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့၀င်တွေအကြား အွန်လိုင်းကနေ ဆွေးနွေးပြီး‌နောက်ပြန်လည်‌တွေ့ဆုံတဲ့နည်းကို အဆိုပြုထားသလို   အွန်လိုင်းချိတ်ဆက်ပြီး အစိုးရနဲ့ ကိုယ်စားလှယ်အဖွဲ့၀င်တွေအားလုံး Video Conferencing  နဲ့ ဆွေးနွေးဖို့  အစိုးရဘက်က အဆိုပြုထားပါတယ်။
 
လက်ရှိမှာ NCA-S EAO  အတွင်းမှာလည်း အစိုးရနဲ့ ဆွေးနွေးမှုတွေကို ပြန်ပြီး သုံးသပ်ဆွေးနွေးနေပြီး NCA-S EAO  ဘက်က ဘုံသဘောထားတွေ ရရှိပြီးပါက အစိုးရနဲ့ ဆက်လက်ပြီး ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ ဦးဇော်ဌေးက ပြောဆိုခဲ့ပါတယ်။
 
KO
နေပြည်တော်၊ ဧပြီ - ၂၄
 
( Zawgyi )
 
COVID-19 ေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြကို ေႏွာင့္ေႏွးၾကန႔္ၾကာမႈ မရွိေအာင္ ႏွစ္ဖက္လုံးက ႀကိဳးစားေဆာင္႐ြက္‌ေနတယ္လို႔ အစိုးရ‌ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ငံေတာ္သမၼတ႐ုံးၫြန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ေဌးကေျပာဆိုလိုက္ပါတယ္။

 

ဒီကေန႔ ဧၿပီလ ၂၄ ရက္ေန႔ ညေနပိုင္းမွာ သမၼတအိမ္ေတာ္ သတင္းေထာက္ေတြကၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ‌ေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းမႈကို သူက ျပန္လည္ေျဖဆိုခဲ့တာပါ။

 

" (၂၁)ရာစုပင္လုံညီလာခံ လုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္ၿပီး အစိုးရနဲ႔ NCA-S EAO ၾကားမွာ ဆက္တိုက္ ညႇိႏႈိင္းမႈေတြ ရွိေနပါတယ္။ ဧၿပီလ ၄-၅-၆ မွာ ျပဳလုပ္ခဲ့တဲ့ အလြတ္သေဘာ အစည္းအေဝးဆိုရင္ ၄ ရက္ေန႔မွာ ေတြ႕ဆုံၿပီးေဆြးေႏြးပါတယ္။ ၅ ရက္ေန႔မွာ NCA-S EAO အခ်င္းခ်င္း Video Conferencing နဲ႔ ျပန္လည္ေဆြးေႏြးမႈ လုပ္ပါတယ္။ အစိုးရဘက္လည္း ျပန္လည္ေဆြးေႏြးၿပီး ၆ ရက္ေန႔မွာ အလြတ္သေဘာ ျပန္ေတြ႕ၿပီး ေဆြးေႏြးခဲ့ပါတယ္" လို႔ ဦးေဇာ္ေဌးက ဆိုပါတယ္။

 

ဒါအျပင္ ေမလဆန္းမွာလည္း အစိုးရနဲ႔တိုင္းရင္းသား လက္နက္ကိုင္ ကိုယ္စားလွယ္အဖြဲ႕ေတြ ေဆြးေႏြးဖို႔ ရွိေနၿပီးအစိုးရဘက္က နည္းလမ္း ၂ ခုကို  အဆိုျပဳထားတယ္လို႔ ‌သိရပါတယ္။

 

 

ျပည္တြင္းမွာ ရွိေနတဲ့ NCA-S EAO ကိုယ္စားလွယ္ေတြနဲ႔ အစိုးရကိုယ္စားလွယ္ေတြ တိုက္႐ိုက္‌ ေတြ႕ဆုံေဆြးေႏြးကာျပည္ပေရာက္ရွိေနတဲ့ တိုင္းရင္းသားကိုယ္စားလွယ္အဖြဲ႕၀င္ေတြအၾကား အြန္လိုင္းကေန ေဆြးေႏြးၿပီး‌ေနာက္ျပန္လည္‌ေတြ႕ဆုံတဲ့နည္းကို အဆိုျပဳထားသလို   အြန္လိုင္းခ်ိတ္ဆက္ၿပီး အစိုးရနဲ႔ ကိုယ္စားလွယ္အဖြဲ႕၀င္ေတြအားလုံး Video Conferencing  နဲ႔ ေဆြးေႏြးဖို႔  အစိုးရဘက္က အဆိုျပဳထားပါတယ္။

 

လက္ရွိမွာ NCA-S EAO  အတြင္းမွာလည္း အစိုးရနဲ႔ ေဆြးေႏြးမႈေတြကို ျပန္ၿပီး သုံးသပ္ေဆြးေႏြးေနၿပီး NCA-S EAO  ဘက္က ဘုံသေဘာထားေတြ ရရွိၿပီးပါက အစိုးရနဲ႔ ဆက္လက္ၿပီး ေဆြးေႏြးသြားဖို႔ ရွိေနတယ္လို႔ ဦးေဇာ္ေဌးက ေျပာဆိုခဲ့ပါတယ္။

 

KO

ေနျပည္ေတာ္၊ ဧၿပီ - ၂၄