Express ယာဉ်ကို ကုန်တင်ယာဉ်က အနောက်မှ ဝင်တိုက်သဖြင့် ကုန်တင်ယာဉ်ပါ ၂ ဦးစလုံး ပွဲချင်းပြီးသေဆုံး

 Express ယာဉ်ကို ကုန်တင်ယာဉ်က အနောက်မှ ဝင်တိုက်သဖြင့်  ကုန်တင်ယာဉ်ပါ ၂ ဦးစလုံး ပွဲချင်းပြီးသေဆုံး

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်(၂၉၅/၄-၂၉၅/၅)အကြားမှာ ရွှေစင်ရတနာ Express ယာဉ်ကို ကုန်တင်ယာဉ်တစ်စီးက ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ဝင်တိုက်ခဲ့တဲ့ ကုန်တင်ယာဉ်ပေါ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရပါတယ်။

ယာဉ်တိုက်မှုက ဒီကနေ့ သြဂုတ်လ ၁၃ ရက်၊ မနက်ပိုင်း ၁၂ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၄၈ နှစ်အရွယ် ယာဉ်မောင်း ဦးလှရွှေ မောင်းနှင်လာတဲ့ ရွှေစင်ရတနာ Express ယာဉ်ဟာ ဘီးပေါက်သွားတဲ့ အတွက် ပြုပြင်ပြီး လမ်းပေါ်ကို ပြန်တက်နေစဉ်မှာပဲ နောက်ကနေ ယာဉ်မောင်း(စိစစ်ဆဲ) မောင်းနှင်လာတဲ့ ၆ ဘီး ကုန်တင်ယာဉ်က အရှိန်နဲ့ ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

 “ ဥပဒေအရတော့ အရေးယူရမှာပဲလေ။ Express ယာဉ်က ဒီလို သူက လမ်းဘေးမှာ ချရပ်ပြီးတော့ လမ်းပေါ်ပြန်တက်တဲ့အချိန်မှာပဲ နှစ်ဖာလုံလောက်ရောက်နေပြီ။ အရှိန်ကတော့ ကီလို ၄ဝ လောက်ရှိမှာပေါ့။ နောက်က ဟိုကောင်ကတော့ (ကုန်တင်ယာဉ်) ကီလို ၇ဝ၊ ၈ဝ လောက်ရှိတယ်။ ရှိတော့ ဒီကောင်ကလည်း အရှိန်နဲ့ဆိုတော့ Express ကလည်း လေးဘီးလုံးလမ်းပေါ်ရောက်နေပြီ။ အဲ့ဒါကို နောက်ကနေ ဝင်တိုက်တော့ နောက်က ယာဉ်ကိုပဲ အရေးယူရဖို့များပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ တင်ပြထားတုန်းပဲ ရှိတယ်ခင်ဗျ”လို့ သီးကုန်း အမြန်လမ်းမကြီးရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

နောက်ကနေ ဝင်တိုက်ခဲ့တဲ့ ကုန်တင်ယာဉ်က ကောင်းမြတ်ကြယ်ဇင်ဟိန်းယာဉ်လိုင်းမှ ဖြစ်တယ်လို့သိရပြီး ယာဉ်တိုက်မှုကြောင့် ကုန်တင် ယာဉ်ပေါ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်တို့ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပေမယ့် အတိုက်ခံခဲ့ရတဲ့ Express ယာဉ်ပေါ်ပါသူတွေကတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ကုန်တင်ယာဉ်ပေါ်က သေဆုံးသူ ၂ ဦးကို မိတ္ထီလာဆေးရုံကို ပို့ဆောင်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၁၃
ဓာတ်ပုံ- အမြန်လမ်းမကြီးရဲတပ်ဖွဲ

( Zawgyi  )

 ရန္ကုန္- မႏၲေလး အျမန္လမ္းမႀကီး၊ မိုင္တိုင္(၂၉၅/၄-၂၉၅/၅)အၾကားမွာ ေ႐ႊစင္ရတနာ Express ယာဥ္ကို ကုန္တင္ယာဥ္တစ္စီးက ဝင္တိုက္မႈျဖစ္ပြားခဲ့ၿပီး ဝင္တိုက္ခဲ့တဲ့ ကုန္တင္ယာဥ္ေပၚက ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္တို႔ ၂ ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့တယ္လို႔ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွ သိရပါတယ္။

ယာဥ္တိုက္မႈက ဒီကေန႔ ၾသဂုတ္လ ၁၃ ရက္၊ မနက္ပိုင္း ၁၂ နာရီခြဲအခ်ိန္မွာ ျဖစ္ပြားခဲ့တာပါ။ အသက္ ၄၈ ႏွစ္အ႐ြယ္ ယာဥ္ေမာင္း ဦးလွေ႐ႊ ေမာင္းႏွင္လာတဲ့ ေ႐ႊစင္ရတနာ Express ယာဥ္ဟာ ဘီးေပါက္သြားတဲ့ အတြက္ ျပဳျပင္ၿပီး လမ္းေပၚကို ျပန္တက္ေနစဥ္မွာပဲ ေနာက္ကေန ယာဥ္ေမာင္း(စိစစ္ဆဲ) ေမာင္းႏွင္လာတဲ့ ၆ ဘီး ကုန္တင္ယာဥ္က အရွိန္နဲ႔ ဝင္တိုက္ခဲ့တာျဖစ္ပါတယ္။

 “ ဥပေဒအရေတာ့ အေရးယူရမွာပဲေလ။ Express ယာဥ္က ဒီလို သူက လမ္းေဘးမွာ ခ်ရပ္ၿပီးေတာ့ လမ္းေပၚျပန္တက္တဲ့အခ်ိန္မွာပဲ ႏွစ္ဖာလုံေလာက္ေရာက္ေနၿပီ။ အရွိန္ကေတာ့ ကီလို ၄ဝ ေလာက္ရွိမွာေပါ့။ ေနာက္က ဟိုေကာင္ကေတာ့ (ကုန္တင္ယာဥ္) ကီလို ၇ဝ၊ ၈ဝ ေလာက္ရွိတယ္။ ရွိေတာ့ ဒီေကာင္ကလည္း အရွိန္နဲ႔ဆိုေတာ့ Express ကလည္း ေလးဘီးလုံးလမ္းေပၚေရာက္ေနၿပီ။ အဲ့ဒါကို ေနာက္ကေန ဝင္တိုက္ေတာ့ ေနာက္က ယာဥ္ကိုပဲ အေရးယူရဖို႔မ်ားပါတယ္။ ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္တို႔ တင္ျပထားတုန္းပဲ ရွိတယ္ခင္ဗ်”လို႔ သီးကုန္း အျမန္လမ္းမႀကီးရဲစခန္းမွ တာဝန္က် ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

ေနာက္ကေန ဝင္တိုက္ခဲ့တဲ့ ကုန္တင္ယာဥ္က ေကာင္းျမတ္ၾကယ္ဇင္ဟိန္းယာဥ္လိုင္းမွ ျဖစ္တယ္လို႔သိရၿပီး ယာဥ္တိုက္မႈေၾကာင့္ ကုန္တင္ ယာဥ္ေပၚက ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္တို႔ ၂ ဦး ပြဲခ်င္းၿပီးေသဆုံးခဲ့ေပမယ့္ အတိုက္ခံခဲ့ရတဲ့ Express ယာဥ္ေပၚပါသူေတြကေတာ့ ထိခိုက္ဒဏ္ရာရရွိမႈမရွိဘူးလို႔ သိရပါတယ္။ လက္ရွိမွာေတာ့ ကုန္တင္ယာဥ္ေပၚက ေသဆုံးသူ ၂ ဦးကို မိတၳီလာေဆး႐ုံကို ပို႔ေဆာင္ထားၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ ၁၃
ဓာတ္ပုံ- အျမန္လမ္းမႀကီးရဲတပ္ဖြဲ