ICJ ကိစ္စဖြေရှင်းနေချိန် ရခိုင်မှာ တပ်မတော်တပ်စခန်းအချို့ကို AA ဝင်တိုက်

ICJ ကိစ္စဖြေရှင်းနေချိန် ရခိုင်မှာ တပ်မတော်တပ်စခန်းအချို့ကို AA ဝင်တိုက်

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် လူမျိုးတုံး သတ်ဖြတ်မှု နှင့် ရင်ဆိုင်ဖြေရှင်းနေရချိန်မှာ ရခိုင်ပြည်နယ် မင်းပြား နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ တပ်စခန်းအချို့ကို AA က ဝင်တိုက်နေတဲ့အတွက် တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေဟာ အပြင်းအထန် ဖြစ်ပွားနေခဲ့ပါတယ်။

AA အဖွဲ့အနေနဲ့ ၂၀၂၀ Arakan Dream ကို အကောင်အထည်ဖော်ဖို့ နဲ့  ICJ မှာ တရားရင်ဆိုင်နေရတဲ့အပေါ် နိုင်ငံတကာ ဖိအားပိုမို ရရှိစေဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ်အနှံ့အပြား တိုက်ပွဲတွေဖော်ထုတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ တပ်မတော်က ဆိုပါတယ်။ အခု တိုက်ခိုက်မှု ဖြစ်စဉ်တွေဟာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အနေနဲ့ AA က ရခိုင်ပြည်နယ် အတွင်းက  တပ်မတော်စခန်းတွေကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ တပ်မတော်ဘက် က ဆိုပါတယ်။

ICJ မှာ ဖြေရှင်းနေရနေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး လူနည်းစုတွေအပေါ်မှာ တပ်မတော်က နှိပ်စက်အနိုင်ကျင့်နေတဲ့ ပုံစံ ဖြစ်ပေါ်စေရန် AA ဘက်က တိုက်ခိုက်ခြင်း ဖြစ်တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ မင်းပြားမြို့နယ် မင်းဖူးတောင်စခန်း၊ ပလက်ဝမြို့နယ်အတွင်းက နှုံးဘူးစခန်း တို့ကို ဒီဇင်ဘာ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ AA ဘက်က သာလွန်အင်အားနဲ့ ဝင်ရောက်တိုက်ခိုက်တယ်လို့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါအပြင် ပလက်ဝစခန်း ၊ ရာမောင်တံတားလုံခြုံရေးစခန်း ၊ ယိုးတရုတ်ရဲကင်းစခန်း ၊ အမ်းမြို့နယ် ယောချောင်းတံတားအနီးက လုံခြုံရေး စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ဘက်က ဆိုပါတယ်။နှုံးဘူးစခန်းတိုက်ခိုက်မှုတွင် AA ဘက်မှ အလောင်း ၆ လောင်း ၊ အမ်-၂၂ သေနတ် ၂ လက် နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိပြီး  အမ်းမြို့နယ်၊ ယောချောင်းတံတားအနီးက လုံခြုံရေးစစ်ကြောင်းကို ပစ်ခတ်မှုတွင် AA ဘက်မှ  အလောင်း ၁ လောင်း၊ အမ်-၂၂ သေနတ် ၁ လက် နဲ့ ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန် ထားပါ တယ်။

‌ဇေယျာမော်
ရန်ကုန် ၊ ဒီဇင်ဘာ ၁၃

(  Zawgyi  )

အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ တြင္ လူမ်ိဳးတုံး သတ္ျဖတ္မႈ ႏွင့္ ရင္ဆိုင္ေျဖရွင္းေနရခ်ိန္မွာ ရခိုင္ျပည္နယ္ မင္းျပား ႏွင့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တို႔မွာ တပ္စခန္းအခ်ိဳ႕ကို AA က ဝင္တိုက္ေနတဲ့အတြက္ တပ္မေတာ္နဲ႔ AA တို႔အၾကား တိုက္ပြဲေတြဟာ အျပင္းအထန္ ျဖစ္ပြားေနခဲ့ပါတယ္။

AA အဖြဲ႕အေနနဲ႔ ၂၀၂၀ Arakan Dream ကို အေကာင္အထည္ေဖာ္ဖို႔ နဲ႔  ICJ မွာ တရားရင္ဆိုင္ေနရတဲ့အေပၚ ႏိုင္ငံတကာ ဖိအားပိုမို ရရွိေစဖို႔ ရည္႐ြယ္ၿပီး ရခိုင္ျပည္နယ္အႏွံ႔အျပား တိုက္ပြဲေတြေဖာ္ထုတ္ တိုက္ခိုက္ခဲ့ျခင္းျဖစ္တယ္လို႔ တပ္မေတာ္က ဆိုပါတယ္။ အခု တိုက္ခိုက္မႈ ျဖစ္စဥ္ေတြဟာ ဒီဇင္ဘာ ၁၅ ရက္ေန႔မွာ က်ေရာက္မယ့္ ရခိုင္ျပည္နယ္ေန႔ အထိမ္းအမွတ္ အေနနဲ႔ AA က ရခိုင္ျပည္နယ္ အတြင္းက  တပ္မေတာ္စခန္းေတြကို တစ္ၿပိဳင္တည္း ဝင္ေရာက္တိုက္ခိုက္တာ ျဖစ္တယ္လို႔ တပ္မေတာ္ဘက္ က ဆိုပါတယ္။

ICJ မွာ ေျဖရွင္းေနရေနတဲ့ အေျခအေနကို အခြင့္ေကာင္းယူၿပီး လူနည္းစုေတြအေပၚမွာ တပ္မေတာ္က ႏွိပ္စက္အႏိုင္က်င့္ေနတဲ့ ပုံစံ ျဖစ္ေပၚေစရန္ AA ဘက္က တိုက္ခိုက္ျခင္း ျဖစ္တယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။ မင္းျပားၿမိဳ႕နယ္ မင္းဖူးေတာင္စခန္း၊ ပလက္ဝၿမိဳ႕နယ္အတြင္းက ႏႈံးဘူးစခန္း တို႔ကို ဒီဇင္ဘာ ၉ ရက္ေန႔ကေန ၁၁ ရက္ေန႔အထိ AA ဘက္က သာလြန္အင္အားနဲ႔ ဝင္ေရာက္တိုက္ခိုက္တယ္လို႔ တပ္မေတာ္ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဒါအျပင္ ပလက္ဝစခန္း ၊ ရာေမာင္တံတားလုံၿခဳံေရးစခန္း ၊ ယိုးတ႐ုတ္ရဲကင္းစခန္း ၊ အမ္းၿမိဳ႕နယ္ ေယာေခ်ာင္းတံတားအနီးက လုံၿခဳံေရး စစ္ေၾကာင္းေတြကို တိုက္ခိုက္ခဲ့တယ္လို႔ တပ္မေတာ္ဘက္က ဆိုပါတယ္။ႏႈံးဘူးစခန္းတိုက္ခိုက္မႈတြင္ AA ဘက္မွ အေလာင္း ၆ ေလာင္း ၊ အမ္-၂၂ ေသနတ္ ၂ လက္ နဲ႔ ခဲယမ္းေတြ သိမ္းဆည္းရမိၿပီး  အမ္းၿမိဳ႕နယ္၊ ေယာေခ်ာင္းတံတားအနီးက လုံၿခဳံေရးစစ္ေၾကာင္းကို ပစ္ခတ္မႈတြင္ AA ဘက္မွ  အေလာင္း ၁ ေလာင္း၊ အမ္-၂၂ ေသနတ္ ၁ လက္ နဲ႔ ခဲယမ္းေတြသိမ္းဆည္းရမိတယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ ထားပါ တယ္။

‌ေဇယ်ာေမာ္
ရန္ကုန္ ၊ ဒီဇင္ဘာ ၁၃