JICA ချေးငွေဖြင့် ၂၅မဂ္ဂါဝပ် ရေနွေးငွေ့တာဘိုင်စက် (၁) လုံး တိုးချဲ့တည်ဆောက်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

JICA ချေးငွေဖြင့်  ၂၅မဂ္ဂါဝပ် ရေနွေးငွေ့တာဘိုင်စက်  (၁) လုံး တိုးချဲ့တည်ဆောက်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

သီလဝါစက်ရုံတွင်၂၅မဂ္ဂါဝပ်ထုတ်ပေးနိုင်မည့်ရေနွေးငွေံတာဘိုင်စက်(၁)လုံးတိုးချဲ့တည်ဆောက်ရန်(JICA)ထံမှဂျပန်ယန်း(၇.၃၃၉)ဘီလျံချေးယူရန်ယနေ့ပြုလုပ်သည့်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးခင်မောင်ဝင်းနှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းတို့က ရှင်းလင်းတင်ပြခဲ့ပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း၊သန်လျင်မြို့၊ကျောက်တန်းမြို့နှင့်သီလဝါစက်မှုဇုန်များသို့လျှပ်စစ်ဓာတ်အားရရှိရေးအတွက်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ(၂၅)မဂ္ဂါဝပ်Gas Turbine(၂)လုံးကိုJIcaချေးငွေဖြင့်၂၀၁၅ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး၂၀၁၇ခုနှစ်တွင်စီးပွားဖြစ်စတင်ထုတ်လုပ်ခဲ့ပြီးဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊အဆိုပါ Gas Turbine(၂)လုံးမှထုတ်လွှတ်သောစွန့်ပစ် အပူတို့ကိုဘွိုင်လာ(၂)လုံးတည်ဆောက်၍ရေနွေးငွေ့ထုတ်လုပ်ပြီး (၂၅)မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်မည့်ရေနွေးငွေ့တာဘိုင်စက်(၁)လုံးအဆင့်မြင့်တင်တည်ဆောက်ခြင်းကိုJICA ODAချေးငွေရယူဆောင်ရွက်လိုခြင်းဖြစ်ကြောင်း၊စီမံကိန်းအား၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်မှ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးရန်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊စီမံကိန်းအားဂျပန် နိုင်ငံ၏ ODAချေးငွေဂျပန်ယန်း(၇ဒသမ၃၃၉)ဘီလျံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပြီးချေးငွေဆိုင်ရာ အချက်အလက်များမှာအတိုးနှုန်း(၀.၀၁%)၊ဆိုင်းငံ့ကာလ(၁၀)နှစ်ပြန်ဆပ်ကာလ(၃၀)နှစ်ဖြင့်ချေးငွေသက်တမ်းစုစုပေါင်းနှစ်(၄၀)ဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီးဦခင်မောင်ဝင်းမှရှင်းလင်းတင်ပြခဲ့ပါတယ်။

 

ယခုချေးငွေစီမံကိန်းသည်၂၀၁၉-၂၀၂၀ခု၊ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ ပြည်သူ့ကြွေးမြီးစီမံခန့်ခွဲမှုဥပဒေ၊၂၀၁၈ခုနှစ်၊ကာလလတ်ကြွေးမြီးစီမံခန့်ခွဲမှုမဟာဗျူဟာဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒတို့နှင့်ကိုက်ညီမှုရှိပါကြောင်းသို့ပါ၍ယင်းစီမံကိန်းဆောင်ရွက်ရန်အတွက်လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက်ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှချေးငွေဂျပန်ယန်း(၇.၃၃၉)ဘီလျံရယူနိုင်ရေးကိစ္စကိုပြည်ထောင်စုလွှတ်မှအတည်ပြုဆုံးဖြတ်ပေးရန်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းမှပြည်ထောင်စုလွှတ်တော်သို့ရှင်းလင်းတင်ပြခဲ့ပါတယ်။

 

နိုင်ငံတော်သမ္မတထံမှပေးပို့သောလျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအတွက်ဂျပန်နိုင်ငံ၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)ထံမှဂျပန်ယမ်း(၇.၃၃၉)ဘီလျံချေးငွေရယူနိုင်ရေးနှင့်စပ်လျဉ်း၍သက်ဆိုင်ရာပြည်ထောင်စုအဆင့် မှလွှတ်တော်သို့ရှင်းလင်းတင်ပြခြင်းအစီအစဉ်တွင်ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

KO

နေပြည်တော်၊ မတ် - ၁၆

 

( Zawgyi )

 

သီလဝါစက္႐ုံတြင္၂၅မဂၢါဝပ္ထုတ္ေပးႏိုင္မည့္ေရေႏြးေငြံတာဘိုင္စက္(၁)လုံးတိုးခ်ဲ႕တည္ေဆာက္ရန္(JICA)ထံမွဂ်ပန္ယန္း(၇.၃၃၉)ဘီလ်ံေခ်းယူရန္ယေန႔ျပဳလုပ္သည့္ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးတြင္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဦးခင္ေမာင္ဝင္းႏွင့္ စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဦးေမာင္ေမာင္ဝင္းတို႔က ရွင္းလင္းတင္ျပခဲ့ပါတယ္။

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း၊သန္လ်င္ၿမိဳ႕၊ေက်ာက္တန္းၿမိဳ႕ႏွင့္သီလဝါစက္မႈဇုန္မ်ားသို႔လွ်ပ္စစ္ဓာတ္အားရရွိေရးအတြက္လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ(၂၅)မဂၢါဝပ္Gas Turbine(၂)လုံးကိုJIcaေခ်းေငြျဖင့္၂၀၁၅ခုႏွစ္တြင္ တည္ေဆာက္ခဲ့ၿပီး၂၀၁၇ခုႏွစ္တြင္စီးပြားျဖစ္စတင္ထုတ္လုပ္ခဲ့ၿပီးဓာတ္အားျဖန႔္ျဖဴးေပးလ်က္ရွိပါေၾကာင္း၊အဆိုပါ Gas Turbine(၂)လုံးမွထုတ္လႊတ္ေသာစြန႔္ပစ္ အပူတို႔ကိုဘြိဳင္လာ(၂)လုံးတည္ေဆာက္၍ေရေႏြးေငြ႕ထုတ္လုပ္ၿပီး (၂၅)မဂၢါဝပ္ထုတ္လုပ္ေပးႏိုင္မည့္ေရေႏြးေငြ႕တာဘိုင္စက္(၁)လုံးအဆင့္ျမင့္တင္တည္ေဆာက္ျခင္းကိုJICA ODAေခ်းေငြရယူေဆာင္႐ြက္လိုျခင္းျဖစ္ေၾကာင္း၊စီမံကိန္းအား၂၀၂၀-၂၀၂၁ဘ႑ာေရးႏွစ္မွ၂၀၂၄-၂၀၂၅ ဘ႑ာေရးႏွစ္အတြင္းၿပီးစီးရန္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမွာျဖစ္ပါေၾကာင္း၊စီမံကိန္းအားဂ်ပန္ ႏိုင္ငံ၏ ODAေခ်းေငြဂ်ပန္ယန္း(၇ဒသမ၃၃၉)ဘီလ်ံျဖင့္အေကာင္အထည္ေဖာ္ေဆာင္႐ြက္မွာျဖစ္ၿပီးေခ်းေငြဆိုင္ရာ အခ်က္အလက္မ်ားမွာအတိုးႏႈန္း(၀.၀၁%)၊ဆိုင္းငံ့ကာလ(၁၀)ႏွစ္ျပန္ဆပ္ကာလ(၃၀)ႏွစ္ျဖင့္ေခ်းေငြသက္တမ္းစုစုေပါင္းႏွစ္(၄၀)ျဖစ္ပါေၾကာင္း၊ ဒုတိယဝန္ႀကီးဦခင္ေမာင္ဝင္းမွရွင္းလင္းတင္ျပခဲ့ပါတယ္။

 

ယခုေခ်းေငြစီမံကိန္းသည္၂၀၁၉-၂၀၂၀ခု၊ဘ႑ာေရးႏွစ္ျပည္ေထာင္စု၏ဘ႑ာေငြအရအသုံးဆိုင္ရာဥပေဒ၊ ျပည္သူ႔ေႂကြးၿမီးစီမံခန႔္ခြဲမႈဥပေဒ၊၂၀၁၈ခုႏွစ္၊ကာလလတ္ေႂကြးၿမီးစီမံခန႔္ခြဲမႈမဟာဗ်ဴဟာဖြံ႕ၿဖိဳးမႈအကူအညီဆိုင္ရာမူဝါဒတို႔ႏွင့္ကိုက္ညီမႈရွိပါေၾကာင္းသို႔ပါ၍ယင္းစီမံကိန္းေဆာင္႐ြက္ရန္အတြက္လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာန၊လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္းအတြက္ဂ်ပန္ႏိုင္ငံအျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီထံမွေခ်းေငြဂ်ပန္ယန္း(၇.၃၃၉)ဘီလ်ံရယူႏိုင္ေရးကိစၥကိုျပည္ေထာင္စုလႊတ္မွအတည္ျပဳဆုံးျဖတ္ေပးရန္စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဦးေမာင္ေမာင္ဝင္းမွျပည္ေထာင္စုလႊတ္ေတာ္သို႔ရွင္းလင္းတင္ျပခဲ့ပါတယ္။

 

ႏိုင္ငံေတာ္သမၼတထံမွေပးပို႔ေသာလွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာနအတြက္ဂ်ပန္ႏိုင္ငံ၊အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ(JICA)ထံမွဂ်ပန္ယမ္း(၇.၃၃၉)ဘီလ်ံေခ်းေငြရယူႏိုင္ေရးႏွင့္စပ္လ်ဥ္း၍သက္ဆိုင္ရာျပည္ေထာင္စုအဆင့္ မွလႊတ္ေတာ္သို႔ရွင္းလင္းတင္ျပျခင္းအစီအစဥ္တြင္ရွင္းလင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

 

KO

ေနျပည္ေတာ္၊ မတ္ - ၁၆