MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ထိုင်းအလုပ်ရှင်များဘက်က နှစ်ဘက်သဘောတူညီမှု စာချုပ်တွေကို ချိုးဖောက်မှုတွေရှိနေဟု ဆို

MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ထိုင်းအလုပ်ရှင်များဘက်က နှစ်ဘက်သဘောတူညီမှု စာချုပ်တွေကို ချိုးဖောက်မှုတွေရှိနေဟု ဆို

MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ပို့ဆောင်ပေးသည့် အေဂျင်စီများထက်စာပါက ထိုင်းအလုပ်ရှင်များဘက်က နှစ်ဘက်သဘောတူညီမှု အလုပ်ရှင်၊ အလုပ်သမား စာချုပ်တွေကို ချိုးဖောက်သည့် ဖြစ်စဉ်တွေ ပိုများတာကို တွေ့ရတယ်လို့  မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုများ အသင်းချုပ် (MOEAF) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဇော်မင်း က ပြောပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ City Star Hotel မှာ ပြုလုပ်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတို့၏ လတ်တလော အခက်အခဲများနှင့် စိန်ခေါ်ချက်များဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အဓိကအားဖြင့် MOU စနစ် ဆိုတာသည် တကယ့်ကို လုံခြုံစိတ်ချရတဲ့၊ ဘေးကင်းလုံခြုံတဲ့ ရွှေ့ပြောင်းသွားလာမှုဖြစ်သလို စနစ်ကျတဲ့ နှစ်နိုင်ငံလက်မှတ်ရေးထိုးပြီး စည်းကမ်းတကျ ရွှေ့ပြောင်းသွားလာတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်မှလွဲ၍ ကျန်သော ရွှေ့ပြောင်းသွားလာမှုတွေက ဘယ်လိုမှ လုံခြုံစိတ်ချမှု မရှိဘူးဆိုတာကို ပြောလိုပါတယ်။အထူးတလည် သတိပေးလိုပါတယ်၊ ဒါပေမယ့် လတ်တလော မြေပြင်အခြေအနေမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းတရားတွေက ဘာတွေရှိလဲဆိုတော့ များသောအားဖြင့် ထိုင်းသွားတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ ပညာအရည်အချင်းအားဖြင့် နည်းနည်းနိမ့်ပါးပါတယ်။ဒါက အမှန်တရားကိုပြောတာပါ၊ အဲ့အပေါ်မှာ စွဲဆောင်မှုကောင်းပြီး မက်လုံးပေးတဲ့သူတွေက ဒီနေ့သွားရမယ်၊ မနက်ဖြန်သွားရမယ်ဆိုရင် သူတို့ကို ပြောတဲ့သူနဲ့ဘဲ လိုက်သွားတယ်။စောနကလို MoU စနစ်နဲ့ သွားရတာကို မစောင့်တော့ဘူး။ဒီလိုလေးတွေ ရှိလာတဲ့အခါ လူကုန်ကူးတဲ့ပုံစံ ဖြစ်စေတဲ့ အကြောင်းတရားတွေ ရှိလာတယ်။ဟိုဘက်ရောက်ရင် ဗီဇာအတုတွေထုမယ်၊ နောက်ပြီးတော့ လုပ်ငန်းခွင်မှာ အလုပ်ပေးမယ်ပေါ့၊ သို့သော်လည်း အဖမ်းခံရတဲ့အခါကျတော့ မည်သို့ပင်ဆိုစေကာမူ စာရွက်စာတမ်းတွေ အတုအပကိုင်ဆောင်မှုနဲ့ ဝင်သွားရပြီ။ဒါကြောင့်လည်း ကျနော်တို့အနေနဲ့ အလုပ်သမားတွေကို MoU စနစ်နဲ့ သွားစေချင်တယ်။ကျနော်တို့ MOEAF သည် စုစုပေါင်း ၂၆၀ သော အေဂျင်စီတွေနဲ့ လုပ်နေတယ်။ကျနော်တို့ ကိုယ်တိုင်လည်း ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ အေဂျင်စီဖြစ်အောင်လည်း ကြိုးစားနေတယ်၊ များသောအားဖြင့် ကျနော်တို့က လိုက်နာပြီးတော့ အတတ်နိုင်ဆုံး ကာကွယ်တယ်၊ ထိန်းသိမ်းတယ်၊ စောင့်ရှောက်မှုပေးသလို ကျနော်တို့ ဝန်ကြီးဌာနကိုလည်း ရီပို့စ်ပေးတယ်။အဲ့ဒီလိုရှိတဲ့ အနေအထားမှာ အများဆုံး အေဂျင်စီတွေက အယောက် ၁၀၀ ပို့လိုက်ရင် အေဂျင်စီဘက်က စာချုပ်ဖောက်ဖျက်တာထက်စာရင် ဟိုဘက် ထိုင်းအလုပ်ရှင်တွေဘက်က စာချုပ်ဖောက်ဖျက်တာတွေက ပိုများနေတာကို တွေ့ရတယ်။တကယ်တမ်းပြောရရင် အလုပ်သမားကို စုဆောင်းတဲ့အချိန်မှာ အလုပ်ရှင်ကိုယ်တိုင် အလုပ်သမားကို ရွေးချယ်ပြီး စာချုပ် ချုပ်တယ်။
အဲ့မှာသေချာမှုကဖြစ်နေပြီ နှစ်ဖက်အစိုးရ တာဝန်ရှိသူတွေရဲ့ရှေ့မှာ လက်မှတ်ထိုးရတယ်၊ စာချုပ် ချုပ်ရတယ်။ပြီးတော့မှ တရားဝင် နယ်စပ်ဖြတ်ကျော်မှုတွေ လုပ်ရတယ်၊ ပြီးရင် လဝကနဲ့ ကျနော်တို့က ဗီဇာတွေ Work Permit တွေကအစ လုပ်ပေးလို့ ရောက်သွားပြီဆိုရင် အစစအရာရာက အလုပ်ရှင်နဲ့ ပိုပြီးသက်ဆိုင်သွားပါတယ်။အဲ့ဒီအပေါ်မှာဖြစ်လာတဲ့ အနေအထားက ထိုင်းအလုပ်ရှင်ဘက်က ဒီလိုအကြောင်းတရားတွေသည် အဆင်မပြေပါဘူး၊ လုပ်ငန်းလွဲချော်မှု ဖြစ်တယ်ဆိုပြီး အကြောင်းအမျိုးမျိုးနဲ့ စာချုပ်ပါအချက်တွေကို ချိုးဖောက်တာ တွေ့ရတယ်။” လို့ (MOEAF) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဇော်မင်း က ပြောကြားခဲ့ပါတယ်။

ထို့အတူ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ JACBA အဖွဲ့ ဥက္ကဌ ဦးမိုးကြိုး ကလည်း “ထိုင်းဥပဒေ အမျိုးမျိုးကြားမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေက မလူးသာမလွန့်သာ ဖြစ်နေပါတယ်။မြန်မာလုပ်သား သုံးသန်းကျော်မှာ ဟိုရောက်မှ စာရွက်စာတမ်းလုပ်ပြီး  သူဌေးရှာပြီး အလုပ်လုပ်တဲ့သူရှိတယ်။GtoG အရ MOU စနစ်နဲ့ သွားတဲ့ အလုပ်သမားတွေလည်းရှိတယ် ပုံစံမျိုးစုံနဲ့ပေါ့လေ ရှိနေတယ်။ထိုင်းနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတာ ကြုံတွေ့နေရတာက စာရွက်စာတမ်းပိုင်းဆိုင်ရာ အခက်အခဲ၊ ဥပဒေစောင့်ရှောက်မှုဆိုင်ရာ အခက်အခဲ၊ ပြဿနာတစ်စုံတစ်ရာဖြစ်လာရင် အကာအကွယ်မဲ့တယ်၊ ဥပဒေအရ နှစ်သိမ့်ဆွေးနွေးမှု အားနည်းတယ် အဲ့ဒီလိုဖြစ်နေတယ်” လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရားမဝင် လမ်းကြောင်းတွေကနေ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ သွားလာမှု နည်းပါးစေဖို့အတွက် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်းနှင့် ပတ်သက်ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ MoU လက်မှတ် ရေးထိုးသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပညာပေးမှုတွေကိုလည်း ဆောင်ရွက်ဖို့လိုတယ်လို့ လေဘာဟစ်တိုင်မှ ဦးစိုးလင်းအောင် ကလည်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ လတ်တလောဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို JACBA အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုး၊ (MOEAF) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဇော်မင်း နှင့် လေဘာဟစ်တိုင်မှ ဦးစိုးလင်းအောင် တို့က အဓိကထားပြီး ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ ဒီဇင်ဘာ - ၂၀

( Zawgyi )

MoU စနစ္ျဖင့္ ထိုင္းႏိုင္ငံသို႔ သြားေရာက္သည့္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြအေပၚ ပို႔ေဆာင္ေပးသည့္ ေအဂ်င္စီမ်ားထက္စာပါက ထိုင္းအလုပ္ရွင္မ်ားဘက္က ႏွစ္ဘက္သေဘာတူညီမႈ အလုပ္ရွင္၊ အလုပ္သမား စာခ်ဳပ္ေတြကို ခ်ိဳးေဖာက္သည့္ ျဖစ္စဥ္ေတြ ပိုမ်ားတာကို ေတြ႕ရတယ္လို႔  ျမန္မာ ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈမ်ား အသင္းခ်ဳပ္ (MOEAF) ရဲ႕ အေထြေထြအတြင္းေရးမႉး ဦးေမာင္ေမာင္ေဇာ္မင္း က ေျပာပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ ဒီဇင္ဘာ ၂၀ ရက္၊ နံနက္ပိုင္းအခ်ိန္က ရန္ကုန္ၿမိဳ႕ရွိ City Star Hotel မွာ ျပဳလုပ္တဲ့ ထိုင္းႏိုင္ငံေရာက္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားတို႔၏ လတ္တေလာ အခက္အခဲမ်ားႏွင့္ စိန္ေခၚခ်က္မ်ားဆိုင္ရာ သတင္းစာရွင္းလင္းပြဲမွာ ၎က အထက္ပါအတိုင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“အဓိကအားျဖင့္ MOU စနစ္ ဆိုတာသည္ တကယ့္ကို လုံၿခဳံစိတ္ခ်ရတဲ့၊ ေဘးကင္းလုံၿခဳံတဲ့ ေ႐ႊ႕ေျပာင္းသြားလာမႈျဖစ္သလို စနစ္က်တဲ့ ႏွစ္ႏိုင္ငံလက္မွတ္ေရးထိုးၿပီး စည္းကမ္းတက် ေ႐ႊ႕ေျပာင္းသြားလာတဲ့ လုပ္ငန္းစဥ္ျဖစ္တဲ့အတြက္ ဒီလုပ္ငန္းစဥ္မွလြဲ၍ က်န္ေသာ ေ႐ႊ႕ေျပာင္းသြားလာမႈေတြက ဘယ္လိုမွ လုံၿခဳံစိတ္ခ်မႈ မရွိဘူးဆိုတာကို ေျပာလိုပါတယ္။အထူးတလည္ သတိေပးလိုပါတယ္၊ ဒါေပမယ့္ လတ္တေလာ ေျမျပင္အေျခအေနမွာ ျဖစ္ေပၚေနတဲ့ အေၾကာင္းတရားေတြက ဘာေတြရွိလဲဆိုေတာ့ မ်ားေသာအားျဖင့္ ထိုင္းသြားတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြဟာ ပညာအရည္အခ်င္းအားျဖင့္ နည္းနည္းနိမ့္ပါးပါတယ္။ဒါက အမွန္တရားကိုေျပာတာပါ၊ အဲ့အေပၚမွာ စြဲေဆာင္မႈေကာင္းၿပီး မက္လုံးေပးတဲ့သူေတြက ဒီေန႔သြားရမယ္၊ မနက္ျဖန္သြားရမယ္ဆိုရင္ သူတို႔ကို ေျပာတဲ့သူနဲ႔ဘဲ လိုက္သြားတယ္။ေစာနကလို MoU စနစ္နဲ႔ သြားရတာကို မေစာင့္ေတာ့ဘူး။ဒီလိုေလးေတြ ရွိလာတဲ့အခါ လူကုန္ကူးတဲ့ပုံစံ ျဖစ္ေစတဲ့ အေၾကာင္းတရားေတြ ရွိလာတယ္။ဟိုဘက္ေရာက္ရင္ ဗီဇာအတုေတြထုမယ္၊ ေနာက္ၿပီးေတာ့ လုပ္ငန္းခြင္မွာ အလုပ္ေပးမယ္ေပါ့၊ သို႔ေသာ္လည္း အဖမ္းခံရတဲ့အခါက်ေတာ့ မည္သို႔ပင္ဆိုေစကာမူ စာ႐ြက္စာတမ္းေတြ အတုအပကိုင္ေဆာင္မႈနဲ႔ ဝင္သြားရၿပီ။ဒါေၾကာင့္လည္း က်ေနာ္တို႔အေနနဲ႔ အလုပ္သမားေတြကို MoU စနစ္နဲ႔ သြားေစခ်င္တယ္။က်ေနာ္တို႔ MOEAF သည္ စုစုေပါင္း ၂၆၀ ေသာ ေအဂ်င္စီေတြနဲ႔ လုပ္ေနတယ္။က်ေနာ္တို႔ ကိုယ္တိုင္လည္း က်င့္ဝတ္သိကၡာနဲ႔ညီတဲ့ ေအဂ်င္စီျဖစ္ေအာင္လည္း ႀကိဳးစားေနတယ္၊ မ်ားေသာအားျဖင့္ က်ေနာ္တို႔က လိုက္နာၿပီးေတာ့ အတတ္ႏိုင္ဆုံး ကာကြယ္တယ္၊ ထိန္းသိမ္းတယ္၊ ေစာင့္ေရွာက္မႈေပးသလို က်ေနာ္တို႔ ဝန္ႀကီးဌာနကိုလည္း ရီပို႔စ္ေပးတယ္။အဲ့ဒီလိုရွိတဲ့ အေနအထားမွာ အမ်ားဆုံး ေအဂ်င္စီေတြက အေယာက္ ၁၀၀ ပို႔လိုက္ရင္ ေအဂ်င္စီဘက္က စာခ်ဳပ္ေဖာက္ဖ်က္တာထက္စာရင္ ဟိုဘက္ ထိုင္းအလုပ္ရွင္ေတြဘက္က စာခ်ဳပ္ေဖာက္ဖ်က္တာေတြက ပိုမ်ားေနတာကို ေတြ႕ရတယ္။တကယ္တမ္းေျပာရရင္ အလုပ္သမားကို စုေဆာင္းတဲ့အခ်ိန္မွာ အလုပ္ရွင္ကိုယ္တိုင္ အလုပ္သမားကို ေ႐ြးခ်ယ္ၿပီး စာခ်ဳပ္ ခ်ဳပ္တယ္။
အဲ့မွာေသခ်ာမႈကျဖစ္ေနၿပီ ႏွစ္ဖက္အစိုးရ တာဝန္ရွိသူေတြရဲ႕ေရွ႕မွာ လက္မွတ္ထိုးရတယ္၊ စာခ်ဳပ္ ခ်ဳပ္ရတယ္။ၿပီးေတာ့မွ တရားဝင္ နယ္စပ္ျဖတ္ေက်ာ္မႈေတြ လုပ္ရတယ္၊ ၿပီးရင္ လဝကနဲ႔ က်ေနာ္တို႔က ဗီဇာေတြ Work Permit ေတြကအစ လုပ္ေပးလို႔ ေရာက္သြားၿပီဆိုရင္ အစစအရာရာက အလုပ္ရွင္နဲ႔ ပိုၿပီးသက္ဆိုင္သြားပါတယ္။အဲ့ဒီအေပၚမွာျဖစ္လာတဲ့ အေနအထားက ထိုင္းအလုပ္ရွင္ဘက္က ဒီလိုအေၾကာင္းတရားေတြသည္ အဆင္မေျပပါဘူး၊ လုပ္ငန္းလြဲေခ်ာ္မႈ ျဖစ္တယ္ဆိုၿပီး အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ စာခ်ဳပ္ပါအခ်က္ေတြကို ခ်ိဳးေဖာက္တာ ေတြ႕ရတယ္။” လို႔ (MOEAF) ရဲ႕ အေထြေထြအတြင္းေရးမႉး ဦးေမာင္ေမာင္ေဇာ္မင္း က ေျပာၾကားခဲ့ပါတယ္။

ထို႔အတူ ထိုင္းႏိုင္ငံေရာက္ ေ႐ႊ႕ေျပာင္း ျမန္မာအလုပ္သမားအေရးကို ကူညီေဆာင္႐ြက္ေပးေနတဲ့ JACBA အဖြဲ႕ ဥကၠဌ ဦးမိုးႀကိဳး ကလည္း “ထိုင္းဥပေဒ အမ်ိဳးမ်ိဳးၾကားမွာ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြက မလူးသာမလြန႔္သာ ျဖစ္ေနပါတယ္။ျမန္မာလုပ္သား သုံးသန္းေက်ာ္မွာ ဟိုေရာက္မွ စာ႐ြက္စာတမ္းလုပ္ၿပီး  သူေဌးရွာၿပီး အလုပ္လုပ္တဲ့သူရွိတယ္။GtoG အရ MOU စနစ္နဲ႔ သြားတဲ့ အလုပ္သမားေတြလည္းရွိတယ္ ပုံစံမ်ိဳးစုံနဲ႔ေပါ့ေလ ရွိေနတယ္။ထိုင္းႏိုင္ငံမွာ လက္ရွိျဖစ္ပ်က္ေနတာ ႀကဳံေတြ႕ေနရတာက စာ႐ြက္စာတမ္းပိုင္းဆိုင္ရာ အခက္အခဲ၊ ဥပေဒေစာင့္ေရွာက္မႈဆိုင္ရာ အခက္အခဲ၊ ျပႆနာတစ္စုံတစ္ရာျဖစ္လာရင္ အကာအကြယ္မဲ့တယ္၊ ဥပေဒအရ ႏွစ္သိမ့္ေဆြးေႏြးမႈ အားနည္းတယ္ အဲ့ဒီလိုျဖစ္ေနတယ္” လို႔ ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

တရားမဝင္ လမ္းေၾကာင္းေတြကေန ျမန္မာ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ သြားလာမႈ နည္းပါးေစဖို႔အတြက္ ထိုင္းႏိုင္ငံသို႔ အလုပ္သမားေစလႊတ္ျခင္းႏွင့္ ပတ္သက္ၿပီး ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ MoU လက္မွတ္ ေရးထိုးသည့္ လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ အသိပညာေပးမႈေတြကိုလည္း ေဆာင္႐ြက္ဖို႔လိုတယ္လို႔ ေလဘာဟစ္တိုင္မွ ဦးစိုးလင္းေအာင္ ကလည္း ေျပာၾကားခဲ့ပါတယ္။

ဒီကေန႔ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ ထိုင္းႏိုင္ငံေရာက္ ျမန္မာ ေ႐ႊ႕ေျပာင္းအလုပ္သမားတို႔ရဲ႕ လတ္တေလာျဖစ္ေပၚေနတဲ့ အခက္အခဲေတြကို JACBA အဖြဲ႕ ဥကၠ႒ ဦးမိုးႀကိဳး၊ (MOEAF) ရဲ႕ အေထြေထြအတြင္းေရးမႉး ဦးေမာင္ေမာင္ေဇာ္မင္း ႏွင့္ ေလဘာဟစ္တိုင္မွ ဦးစိုးလင္းေအာင္ တို႔က အဓိကထားၿပီး ရွင္းလင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ဒီဇင္ဘာ - ၂၀