NB-IoT နည်းပညာကို တယ်လီနောက Ericsson နှင့် ပူးပေါင်းကာ မန္တလေးတွင် စမ်းသပ်

NB-IoT နည်းပညာကို တယ်လီနောက Ericsson နှင့် ပူးပေါင်းကာ မန္တလေးတွင် စမ်းသပ်

အင်တာနက်ကို အသုံးပြုသည့်အခါ ဘက်ထရီအားကို ကြာရှည်ခံစေသည့် နည်းပညာဖြစ်သော Narrowband Internet of Things (NB-IoT) ကို တယ်လီနောက Ericsson နှင့် ပူးပေါင်းကာ  4G LTE ကွန်ရက်တွေမှာ မကြာသေးခင်က စမ်းသပ်တပ်ဆင်ခဲ့ပါတယ်။

နိုဝင်ဘာလ အစောပိုင်းက အဆိုပါစမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး NB-IoT နည်းကိုအသုံးပြုတဲ့ ကိရိယာများရဲ့ စွမ်းဆောင်ရည်ကို အသုံးဝင်ပုံကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။NB-IoT ကို အသုံးပြုလာတဲ့ တဆက်ထဲမှာပဲ IoT (internet of things) ကိရိယာများလည်း တဟုန်ထိုးတိုးတက်လာမယ်လို့ Ericsson တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

NB-IoT နည်းပညာက အပင်နှင့် သတ္တဝါကြား သဘာဝဝန်းကျင်နဲ့ လိုက်လျောညီစွာ ဖွဲ့တည်မှု စနစ်ကိုလည်း တိုးတက်စေမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းသော သတင်းအချက်အလက် ရယူခြင်း၊ ဘက်ထရီကို ကြာရှည်စွာ အသုံးပြုနိုင်ခြင်းနှင့် တန်ဖိုးနှင့်အညီ ဝန်ဆောင်မှုများကို ပေးနိုင်မှာ ဖြစ်ပါတယ်။

NB-IoT နည်းပညာက အသုံးပြုခ မီတာများကိုလည်း ခေတ်မီစနစ်ကျကျ တွက်ချက်ပေးခြင်း၊ စနစ်တကျ ကားပါကင်ထိုးခြင်း၊ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း၊ ခေတ်မီမြို့များအတွက် ပတ်ဝန်းကျင်ဆိုင်ရာ အာရုံခံကိရိယာများ၊ ထောက်ပံ့ပို့ဆောင်ရေးအတွက် ဖြေရှင်းနည်းများနှင့် အခြားသော စီမံခန့်ခွဲရေး နယ်ပယ်မှာလည်း အကျူံးဝင်မှာ ဖြစ်ပါတယ်။

Jai Prakash CTO (Chief Technology Officer) က “NB-IoT ရဲ့ နယ်ပယ်မှာ ဖြစ်နိုင်ခြေကိန်းတွေက အများကြီးပါ၊ တီထွင်ကြံဆမှုဆိုင်ရာ နည်းလမ်းများ၊ ခေတ်မီအိမ်များ၊ ခေတ်မီမြို့ပြများ၊ ခေတ်မီ မီတာဖတ်ခြင်းစနစ်၊ ချိတ်ဆက်ထားသော ကားများ၊ ဆေးဆိုင်ရာ အဝေးထိန်းကိရိယာတွေကိုလည်း စီမံခန့်ခွဲပေးနိုင်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

Eric Timmer (Head of Ericsson Myanmar) ကလည်း “NB-IoT က လူတွေနှင့် စက်မှုလုပ်ငန်းတွေအတွက်၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခေတ်မီကုန်ထုတ်လုပ်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အိုးအိမ်နေရာချထားခြင်းနှင့် အသုံးပြုခြင်း၊ လမ်းတံတားလုံခြုံရေးနှင့် အခြားသော ကျယ်ပြန့်တဲ့ အခွင့်အရေးများစွာ ပေးနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Willinson
Ref : The fast Mode
မန္တလေး၊ ဒီဇင်ဘာ - ၁၄

( Zawgyi )

အင္တာနက္ကို အသုံးျပဳသည့္အခါ ဘက္ထရီအားကို ၾကာရွည္ခံေစသည့္ နည္းပညာျဖစ္ေသာ Narrowband Internet of Things (NB-IoT) ကို တယ္လီေနာက Ericsson ႏွင့္ ပူးေပါင္းကာ  4G LTE ကြန္ရက္ေတြမွာ မၾကာေသးခင္က စမ္းသပ္တပ္ဆင္ခဲ့ပါတယ္။

ႏိုဝင္ဘာလ အေစာပိုင္းက အဆိုပါစမ္းသပ္မႈကို ေအာင္ျမင္ခဲ့ၿပီး NB-IoT နည္းကိုအသုံးျပဳတဲ့ ကိရိယာမ်ားရဲ႕ စြမ္းေဆာင္ရည္ကို အသုံးဝင္ပုံကို မီးေမာင္းထိုးျပႏိုင္ခဲ့ပါတယ္။NB-IoT ကို အသုံးျပဳလာတဲ့ တဆက္ထဲမွာပဲ IoT (internet of things) ကိရိယာမ်ားလည္း တဟုန္ထိုးတိုးတက္လာမယ္လို႔ Ericsson တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။

NB-IoT နည္းပညာက အပင္ႏွင့္ သတၱဝါၾကား သဘာဝဝန္းက်င္နဲ႔ လိုက္ေလ်ာညီစြာ ဖြဲ႕တည္မႈ စနစ္ကိုလည္း တိုးတက္ေစမွာျဖစ္ၿပီး စီးပြားေရးလုပ္ငန္းမ်ားအတြက္ ပိုမိုေကာင္းေသာ သတင္းအခ်က္အလက္ ရယူျခင္း၊ ဘက္ထရီကို ၾကာရွည္စြာ အသုံးျပဳႏိုင္ျခင္းႏွင့္ တန္ဖိုးႏွင့္အညီ ဝန္ေဆာင္မႈမ်ားကို ေပးႏိုင္မွာ ျဖစ္ပါတယ္။

NB-IoT နည္းပညာက အသုံးျပဳခ မီတာမ်ားကိုလည္း ေခတ္မီစနစ္က်က် တြက္ခ်က္ေပးျခင္း၊ စနစ္တက် ကားပါကင္ထိုးျခင္း၊ စနစ္တက် အမႈိက္စြန႔္ပစ္ျခင္း၊ ေခတ္မီၿမိဳ႕မ်ားအတြက္ ပတ္ဝန္းက်င္ဆိုင္ရာ အာ႐ုံခံကိရိယာမ်ား၊ ေထာက္ပံ့ပို႔ေဆာင္ေရးအတြက္ ေျဖရွင္းနည္းမ်ားႏွင့္ အျခားေသာ စီမံခန႔္ခြဲေရး နယ္ပယ္မွာလည္း အက်ဴံးဝင္မွာ ျဖစ္ပါတယ္။

Jai Prakash CTO (Chief Technology Officer) က “NB-IoT ရဲ႕ နယ္ပယ္မွာ ျဖစ္ႏိုင္ေျခကိန္းေတြက အမ်ားႀကီးပါ၊ တီထြင္ႀကံဆမႈဆိုင္ရာ နည္းလမ္းမ်ား၊ ေခတ္မီအိမ္မ်ား၊ ေခတ္မီၿမိဳ႕ျပမ်ား၊ ေခတ္မီ မီတာဖတ္ျခင္းစနစ္၊ ခ်ိတ္ဆက္ထားေသာ ကားမ်ား၊ ေဆးဆိုင္ရာ အေဝးထိန္းကိရိယာေတြကိုလည္း စီမံခန႔္ခြဲေပးႏိုင္မွာ ျဖစ္ပါတယ္” လို႔ ဆိုပါတယ္။

Eric Timmer (Head of Ericsson Myanmar) ကလည္း “NB-IoT က လူေတြႏွင့္ စက္မႈလုပ္ငန္းေတြအတြက္၊ ပညာေရး၊ က်န္းမာေရး၊ ပို႔ေဆာင္ဆက္သြယ္ေရး၊ ေခတ္မီကုန္ထုတ္လုပ္မႈ၊ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး၊ အိုးအိမ္ေနရာခ်ထားျခင္းႏွင့္ အသုံးျပဳျခင္း၊ လမ္းတံတားလုံၿခဳံေရးႏွင့္ အျခားေသာ က်ယ္ျပန႔္တဲ့ အခြင့္အေရးမ်ားစြာ ေပးႏိုင္မွာ ျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

Willinson
Ref : The fast Mode
မႏၲေလး၊ ဒီဇင္ဘာ - ၁၄