NCA ကို အသုံးချပြီး ဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေပြန်ရအောင်ကြိုးပမ်းဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

 NCA ကို အသုံးချပြီး ဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေပြန်ရအောင်ကြိုးပမ်းဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို အသုံးချပြီး ကရင်လူမျိုးတွေ အပါအဝင် တိုင်းရင်းသားတွေ စုစည်းကာ ကိုယ့်ရဲ့ဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေကို ပြန်ရအောင် ကြိုးပမ်းဖို့ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီလ(၅)ရက်နေ့မှာ ကျရောက်တဲ့ ကရင်အမျိုးအသားအစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်း (၇၃) ကြိမ်မြောက် နှစ်ပတ်လည် နေ့မှာ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးက မိန့်ခွန်းပြောဆိုခဲ့တာပါ။

KNU အနေနဲ့ ကရင်အမျိုးသားတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ပြီးပြည့်စုံစေဖို့ ဦးဆောင်နိုင်ခြင်း မရှိသေးပေမယ့် ကရင်လူမျိုးတွေ ရဲ့ ထောက်ခံအားပေးမှုတွေကြောင့် KNU ဟာ အခုအချိန်မှာ မားမားမတ်မတ် ရပ်တည်ထမ်းဆောင် နေတယ်လို့လည်း သူကပြောပါသေး တယ်။

ကရင်အမျိုးသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် ကြိုးပမ်းဖို့ရည်ရွယ်ပြီး ကရင့်အမျိုးသား အစည်းအရုံးကို ၁၉၄၇ ခုနှစ်၊ဖေဖော်ဝါရီလ(၅) ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးက ကရင့်အမျိုးသားကိုယ်စားလှယ် တွေက ဖွဲ့စည်း တည်ထောင်ခဲ့ တာဖြစ်ပါ တယ်။

အဲ့ဒီနောက် KNU ဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်လာပြီး နှစ် ၆၀ ကျော်ကြာ တော် လှန်ရေး လုပ်ငန်းစဉ် တွေကို လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ အတူ NCA စာချုပ်ကို ချုပ်ဆိုခဲ့ပြီး နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုတွေ ကို ပြုလုပ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ဟာ ၂၁ ရာစု ပင်လုံကို (၃)ကြိမ် ကျင်းပခဲ့ပြီး အဲဒီညီလာခံတွေကနေ ပြည်ထောင်စုသဘောတူစာချုပ်(၁)နဲ့(၂)ကို သဘော တူထားကာ အဲဒီမှာ အခြေခံမူ အချက်ပေါင်း (၅၁)ချက် ပါရှိပါတယ်။

NCA စာချုပ်အရ ဆွေးနွေးမှုတွေ ငြိမ်ချမ်းရေးညီလာခံတွေကို လုပ်ဆောင်မှုတွေရှိနေပေမယ့် ၂၀၁၈ ခုနှစ်က စပြီး တွေ့ဆုံဆွေးနွေးမှုတွေ ရပ်တန့်နေသလို ၃ လတစ်ကြိမ်ကျင်းပရမယ့် ၈ကြိမ်မြောက် JICM အစည်းဝေးကိုလည်း တစ်နှစ်ကျော်ကြာမှ ပြန်လည်ကျင်းပ နိုင်ခဲ့ပါတယ်။

လက်ရှိမှာ JICM အစည်းအဝေးကို ကျင်းပပြီးချိန်မှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ပင်လုံကို ဧပြီလဆန်းပိုင်းမှာ ကျင်းပဖို့ အစိုးရ၊ တပ်မတော်နဲ့ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ သဘောတူထားပါတယ်။

ဇေယျာမော်
ဓါတ်ပုံ- KNU
ရန်ကုန် ၊ ဖေဖော်ဝါရီ ၆

(  Zawgyi  )

 တစ္ႏိုင္ငံလုံးအပစ္အခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)ကို အသုံးခ်ၿပီး ကရင္လူမ်ိဳးေတြ အပါအဝင္ တိုင္းရင္းသားေတြ စုစည္းကာ ကိုယ့္ရဲ႕ဆုံးရႈံးသြားတဲ့ အခြင့္အေရးေတြကို ျပန္ရေအာင္ ႀကိဳးပမ္းဖို႔ KNU ဥကၠ႒ ေစာမူတူးေစးဖိုးက တိုက္တြန္းေျပာဆိုလိုက္ပါတယ္။ ေဖေဖာ္ဝါရီလ(၅)ရက္ေန႔မွာ က်ေရာက္တဲ့ ကရင္အမ်ိဳးအသားအစည္းအ႐ုံး ဖြဲ႕စည္းတည္ေထာင္ျခင္း (၇၃) ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ ေန႔မွာ KNU ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေစဖိုးက မိန႔္ခြန္းေျပာဆိုခဲ့တာပါ။

KNU အေနနဲ႔ ကရင္အမ်ိဳးသားေတြရဲ႕ ႏိုင္ငံေရးရည္မွန္းခ်က္ေတြကို ၿပီးျပည့္စုံေစဖို႔ ဦးေဆာင္ႏိုင္ျခင္း မရွိေသးေပမယ့္ ကရင္လူမ်ိဳးေတြ ရဲ႕ ေထာက္ခံအားေပးမႈေတြေၾကာင့္ KNU ဟာ အခုအခ်ိန္မွာ မားမားမတ္မတ္ ရပ္တည္ထမ္းေဆာင္ ေနတယ္လို႔လည္း သူကေျပာပါေသး တယ္။

ကရင္အမ်ိဳးသားေတြ ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြအတြက္ ႀကိဳးပမ္းဖို႔ရည္႐ြယ္ၿပီး ကရင့္အမ်ိဳးသား အစည္းအ႐ုံးကို ၁၉၄၇ ခုႏွစ္၊ေဖေဖာ္ဝါရီလ(၅) ရက္ေန႔မွာ ျမန္မာတစ္ႏိုင္ငံလုံးက ကရင့္အမ်ိဳးသားကိုယ္စားလွယ္ ေတြက ဖြဲ႕စည္း တည္ေထာင္ခဲ့ တာျဖစ္ပါ တယ္။

အဲ့ဒီေနာက္ KNU ဟာ လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕တစ္ခုျဖစ္လာၿပီး ႏွစ္ ၆၀ ေက်ာ္ၾကာ ေတာ္ လွန္ေရး လုပ္ငန္းစဥ္ ေတြကို လုပ္ေဆာင္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ ၈ ဖြဲ႕နဲ႔ အတူ NCA စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ၿပီး ႏိုင္ငံေရး ေတြ႕ဆုံ ေဆြးေႏြးမႈေတြ ကို ျပဳလုပ္ခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ NCA လက္မွတ္ေရးထိုးထားတဲ့အဖြဲ႕ေတြနဲ႔ အစိုးရ၊ တပ္မေတာ္တို႔ဟာ ၂၁ ရာစု ပင္လုံကို (၃)ႀကိမ္ က်င္းပခဲ့ၿပီး အဲဒီညီလာခံေတြကေန ျပည္ေထာင္စုသေဘာတူစာခ်ဳပ္(၁)နဲ႔(၂)ကို သေဘာ တူထားကာ အဲဒီမွာ အေျခခံမူ အခ်က္ေပါင္း (၅၁)ခ်က္ ပါရွိပါတယ္။

NCA စာခ်ဳပ္အရ ေဆြးေႏြးမႈေတြ ၿငိမ္ခ်မ္းေရးညီလာခံေတြကို လုပ္ေဆာင္မႈေတြရွိေနေပမယ့္ ၂၀၁၈ ခုႏွစ္က စၿပီး ေတြ႕ဆုံေဆြးေႏြးမႈေတြ ရပ္တန႔္ေနသလို ၃ လတစ္ႀကိမ္က်င္းပရမယ့္ ၈ႀကိမ္ေျမာက္ JICM အစည္းေဝးကိုလည္း တစ္ႏွစ္ေက်ာ္ၾကာမွ ျပန္လည္က်င္းပ ႏိုင္ခဲ့ပါတယ္။

လက္ရွိမွာ JICM အစည္းအေဝးကို က်င္းပၿပီးခ်ိန္မွာေတာ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ (၂၁)ပင္လုံကို ဧၿပီလဆန္းပိုင္းမွာ က်င္းပဖို႔ အစိုးရ၊ တပ္မေတာ္နဲ႔ NCA ကို လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြ သေဘာတူထားပါတယ္။

ေဇယ်ာေမာ္
ဓါတ္ပုံ- KNU
ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၆