NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစည်းအဝေးမှ ရရှိ လာသည့် စုစည်းချက်များကို PPST အစည်းအဝေး တွင် တင်ပြမည်

NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစည်းအဝေးမှ ရရှိ လာသည့် စုစည်းချက်များကို PPST အစည်းအဝေး တွင် တင်ပြမည်

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင်ကျင်းပလျက်ရှိသည့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက် NCA-S EAO အလုပ်အဖွဲ့အစည်းအဝေးမှ ရရှိလာသည့်စုစည်းချက်များကို ယခုသြဂုတ်လအတွင်း ကျင်းပမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းအဝေး(PPST)တွင်ဆက်လက်တင်ပြ ဆွေးနွေးသွား မှာဖြစ်တယ်လို့ NCA-S EAO အဖွဲ့အစည်းများက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက်အလုပ်အဖွဲ့အစည်းအဝေးကို ယခု  သြဂုတ်လ ၁၇ ရက်နေ့မှ ဒီကနေ့ သြဂုတ် ၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ယင်းအလုပ်အဖွဲ့အစည်းအဝေးတွင် အလုပ်အဖွဲ့အသီးသီး၏ အစည်းအဝေးများမှ ဆွေးနွေးပြီးရရှိလာသည့် စုစည်းချက်များအား PPST အစည်းအဝေးသို့ တင်ပြနိုင်ရေးအတွက်ညှိနှိုင်းပြင်ဆင်ခြင်း၊အစိုးရ၏ အဆိုပြုချက်ဖြစ်သည့်(Ways Forward for Peace Process)နှင့် စပ်လျဉ်၍ ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံမည့်ကိစ္စ ဆွေးနွေးခြင်း အစရှိသည်တို့ကို ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါအလုပ်အဖွဲ့အစည်းအဝေးအပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့အစည်းအဝေး(၀၄/ ၂၀၁၉)ကိုလည်း ယခု သြဂုတ်လ ၂၁ ရက်နေ့မှစတင်၍ ၂၄ ရက်နေ့အထိ ချင်းမိုင်မှာ ဆက်လက်ကျင်းပသွားမှာဖြစ်သလို ယင်းအစည်းအဝေးတွင် ၂၀၂၀ မတိုင်ခင်နှင့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် ဖေါ်ဆောင်နိုင်ရေးဆိုင်ရာ အာမခံချက် ကိစ္စရပ်ကို ဆွေးနွေးသွားဖို့ရှိနေတယ်လို့လည်း NCA-S EAO အဖွဲ့များထံမှသိရပါတယ်။

ပြေသိမ်း
ချင်းမိုင်၊သြဂုတ် ၁၉
ဓါတ်ပုံ - NCA-S EAO

(  Zawgyi  )

 ထိုင္းႏိုင္ငံ၊ခ်င္းမိုင္ၿမိဳ႕တြင္က်င္းပလ်က္ရွိသည့္ NCA ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ စတုတၳအႀကိမ္ေျမာက္ NCA-S EAO အလုပ္အဖြဲ႕အစည္းအေဝးမွ ရရွိလာသည့္စုစည္းခ်က္မ်ားကို ယခုၾသဂုတ္လအတြင္း က်င္းပမည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕အစည္းအေဝး(PPST)တြင္ဆက္လက္တင္ျပ ေဆြးေႏြးသြား မွာျဖစ္တယ္လို႔ NCA-S EAO အဖြဲ႕အစည္းမ်ားက ဒီကေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ စတုတၳအႀကိမ္ေျမာက္အလုပ္အဖြဲ႕အစည္းအေဝးကို ယခု  ၾသဂုတ္လ ၁၇ ရက္ေန႔မွ ဒီကေန႔ ၾသဂုတ္ ၁၉ ရက္ေန႔အထိ ထိုင္းႏိုင္ငံ၊ခ်င္းမိုင္ၿမိဳ႕ မွာ က်င္းပခဲ့တာျဖစ္ပါတယ္။

ယင္းအလုပ္အဖြဲ႕အစည္းအေဝးတြင္ အလုပ္အဖြဲ႕အသီးသီး၏ အစည္းအေဝးမ်ားမွ ေဆြးေႏြးၿပီးရရွိလာသည့္ စုစည္းခ်က္မ်ားအား PPST အစည္းအေဝးသို႔ တင္ျပႏိုင္ေရးအတြက္ညႇိႏႈိင္းျပင္ဆင္ျခင္း၊အစိုးရ၏ အဆိုျပဳခ်က္ျဖစ္သည့္(Ways Forward for Peace Process)ႏွင့္ စပ္လ်ဥ္၍ ေဆြးေႏြးျခင္း၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ေတြ႕ဆုံမည့္ကိစၥ ေဆြးေႏြးျခင္း အစရွိသည္တို႔ကို ထည့္သြင္း ေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

အဆိုပါအလုပ္အဖြဲ႕အစည္းအေဝးအၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕အစည္းအေဝး(၀၄/ ၂၀၁၉)ကိုလည္း ယခု ၾသဂုတ္လ ၂၁ ရက္ေန႔မွစတင္၍ ၂၄ ရက္ေန႔အထိ ခ်င္းမိုင္မွာ ဆက္လက္က်င္းပသြားမွာျဖစ္သလို ယင္းအစည္းအေဝးတြင္ ၂၀၂၀ မတိုင္ခင္ႏွင့္ ၂၀၂၀ အလြန္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား ဆက္လက္ ေဖၚေဆာင္ႏိုင္ေရးဆိုင္ရာ အာမခံခ်က္ ကိစၥရပ္ကို ေဆြးေႏြးသြားဖို႔ရွိေနတယ္လို႔လည္း NCA-S EAO အဖြဲ႕မ်ားထံမွသိရပါတယ္။

ေျပသိမ္း
ခ်င္းမိုင္၊ၾသဂုတ္ ၁၉
ဓါတ္ပုံ - NCA-S EAO