UEC က မန်းတိုင်းအတွင်းရှိ ပါတီများ အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မဲပေးခြင်းဆိုင်ရာ အသိပညာများအကြောင်း ဆွေးနွေး

UEC က မန်းတိုင်းအတွင်းရှိ ပါတီများ အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မဲပေးခြင်းဆိုင်ရာ အသိပညာများအကြောင်း ဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဒီကနေ့မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။

မဲဆန္ဒရှင်တွေကို မဲပေးမှုဆိုင်ရာ အသိပညာတွေနဲ့ ပတ်သက်ပြီး ပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးရမယ့် လုပ်ငန်းစဉ်တွေအကြောင်း တွေ့ဆုံဆွေးနွေးခဲ့တာပဲဖြစ်ပြီး တွေ့ဆုံပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့် က လူဦးရေစာရင်း ကောက်ယူတဲ့ အဖွဲ့တွေ လာရောက်ချိန်မှာ အချက်အလက်မှန်ကန်စေဖို့က မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ လိုအပ်ပြီး အခြေခံမဲဆန္ဒရှင်စာရင်းတွေ ကပ်ထားကြေညာရာမှာ မဲဆန္ဒရှင် ပြည်သူတွေ လာရောက်ကြည့်ရှုစေဖို့အတွက်ကတော့ နိုင်ငံရေးပါတီတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးကြစေလိုပါတယ်လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ၂၀၁၉ ခုနှစ်ကို အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲထားတဲ့ လူဦးရေ စာရင်းအချက်အလက်တွေ ကောက်ယူပြုစုတာတွေ၊ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီတယ်လို့လည်း သိရပါတယ်။

လူဦးရေ စာရင်းအချက်အလက်တွေ ကောက်ယူပြုစုတာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အဓိက တာဝန်ယူဆောင်ရွက်ပေးမှာပါ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနကတော့ စိစစ်ပေးမှာပဲ ဖြစ်ပါတယ်၊ ကောက်ယူရရှိတဲ့ စာရင်းတွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက မဲဆန္ဒရှင်စာရင်းအဖြစ် စိစစ်ပြုစုသွားမှာပါလို့လည်း ၎င်းက ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲများကို ကျင်းပရာမှာ သတ်မှတ်ထားတဲ့ စံ ၅ ချက်ဖြစ်တဲ့ လွတ်လပ်ရမယ် တရားမျှတရမယ် ပွင့်လင်းမြင်သာမှုရှိရမယ် အများယုံကြည်လက်ခံမှုရှိရမယ် ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမယ်ဆိုတဲ့ အချက်တွေနဲ့အညီ ကျင်းပသွားမှာလည်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့နဲ့ မှန်ကန်တိကျတဲ့ မဲဆန္ဒရှင်စာရင်း ရရှိဖို့အတွက် လူဦးရေစာရင်းနဲ့ အချက်အလက်တွေ မှန်ကန်ပြည့်စုံစွာရရှိရေးက အရမ်းပဲအရေးကြီးပါတယ်၊ လူဦးရေစာရင်း ကောက်ယူတဲ့အဖွဲ့တွေ လာရောက်ချိန်မှာ အချက်အလက်မှန်ကန်စေဖို့က မဲဆန္ဒရှင် ပြည်သူလူထု ပူးပေါင်းကူညီဆောင်ရွက် အခြေခံမဲဆန္ဒရှင်စာရင်းတွေ ကပ်ထားကြေညာရာမှာ မဲဆန္ဒရှင်ပြည်သူတွေ လာရောက်ကြည့်ရှုစေဖို့အတွက် နိုင်ငံရေးပါတီတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးကြစေလိုပါတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့် က ပြောပါတယ်။

အခမ်းအနားမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့် တက်ရောက်ပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ အဖွဲ့ဝင်များနဲ့ အတွင်းရေးမှူးများ၊ နိုင်ငံရေးပါတီ ၁၈ ပါတီမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆောင်ရွက်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းသူများအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အမျိုးသမီးရေးရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

KT
မန္တလေး၊ သြဂုတ် - ၇

( Zawgyi )

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ မႏၲေလးတိုင္းေဒသႀကီးအတြင္းရွိ ႏိုင္ငံေရးပါတီမ်ား၊ ေ႐ြးေကာက္ပြဲဆိုင္ရာ က႑စုံမွ ပါဝင္ပတ္သက္သူမ်ား ေတြ႕ဆုံေဆြးေႏြးပြဲကို ဒီကေန႔မနက္ပိုင္းက မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံး အစည္းအေဝးခန္းမမွာ က်င္းပခဲ့ပါတယ္။

မဲဆႏၵရွင္ေတြကို မဲေပးမႈဆိုင္ရာ အသိပညာေတြနဲ႔ ပတ္သက္ၿပီး ပါတီေတြနဲ႔ အရပ္ဖက္အဖြဲ႕အစည္းေတြက ကူညီေဆာင္႐ြက္ေပးရမယ့္ လုပ္ငန္းစဥ္ေတြအေၾကာင္း ေတြ႕ဆုံေဆြးေႏြးခဲ့တာပဲျဖစ္ၿပီး ေတြ႕ဆုံပြဲမွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ မႏၲေလးတိုင္းေဒသႀကီး တာဝန္ခံ ဦးေအာင္ျမင့္ က လူဦးေရစာရင္း ေကာက္ယူတဲ့ အဖြဲ႕ေတြ လာေရာက္ခ်ိန္မွာ အခ်က္အလက္မွန္ကန္ေစဖို႔က မဲဆႏၵရွင္ ျပည္သူလူထုရဲ႕ ပူးေပါင္းကူညီေဆာင္႐ြက္ေပးဖို႔ လိုအပ္ၿပီး အေျခခံမဲဆႏၵရွင္စာရင္းေတြ ကပ္ထားေၾကညာရာမွာ မဲဆႏၵရွင္ ျပည္သူေတြ လာေရာက္ၾကည့္ရႈေစဖို႔အတြက္ကေတာ့ ႏိုင္ငံေရးပါတီေတြ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြအေနနဲ႔ မဲဆႏၵရွင္ အသိပညာေပးလုပ္ငန္းေတြကို ကူညီေဆာင္႐ြက္ေပးၾကေစလိုပါတယ္လို႔ ေျပာပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနနဲ႔ ၂၀၁၉ ခုႏွစ္ကို အေျခခံမဲဆႏၵရွင္စာရင္း ျပဳစုေရးႏွစ္အျဖစ္ သတ္မွတ္ေဆာင္႐ြက္လ်က္ရွိၿပီး ဆႏၵမဲေပးပိုင္ခြင့္ရွိတဲ့ ႏိုင္ငံသားမ်ားအားလုံး မဲေပးပိုင္ခြင့္ မဆုံးရႈံးေစဖို႔အတြက္ အထူးအေလးထား ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာန၊ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနတို႔ ပူးေပါင္းေရးဆြဲထားတဲ့ လူဦးေရ စာရင္းအခ်က္အလက္ေတြ ေကာက္ယူျပဳစုတာေတြ၊ အေျခခံမဲဆႏၵရွင္စာရင္း ျပဳစုျခင္းဆိုင္ရာ လုပ္ငန္းစီမံခ်က္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနၿပီတယ္လို႔လည္း သိရပါတယ္။

လူဦးေရ စာရင္းအခ်က္အလက္ေတြ ေကာက္ယူျပဳစုတာကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက အဓိက တာဝန္ယူေဆာင္႐ြက္ေပးမွာပါ၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနကေတာ့ စိစစ္ေပးမွာပဲ ျဖစ္ပါတယ္၊ ေကာက္ယူရရွိတဲ့ စာရင္းေတြကို သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲေတြက မဲဆႏၵရွင္စာရင္းအျဖစ္ စိစစ္ျပဳစုသြားမွာပါလို႔လည္း ၎က ဆိုပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ဟာ ေ႐ြးေကာက္ပြဲမ်ားကို က်င္းပရာမွာ သတ္မွတ္ထားတဲ့ စံ ၅ ခ်က္ျဖစ္တဲ့ လြတ္လပ္ရမယ္ တရားမွ်တရမယ္ ပြင့္လင္းျမင္သာမႈရွိရမယ္ အမ်ားယုံၾကည္လက္ခံမႈရွိရမယ္ ျပည္သူ႔ဆႏၵနဲ႔ ေ႐ြးေကာက္ပြဲရလဒ္ တစ္ထပ္တည္းျဖစ္ရမယ္ဆိုတဲ့ အခ်က္ေတြနဲ႔အညီ က်င္းပသြားမွာလည္းျဖစ္တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

မဲေပးပိုင္ခြင့္ရွိသူ ႏိုင္ငံသားမ်ား မဲေပးပိုင္ခြင့္ မဆုံးရႈံးေစဖို႔နဲ႔ မွန္ကန္တိက်တဲ့ မဲဆႏၵရွင္စာရင္း ရရွိဖို႔အတြက္ လူဦးေရစာရင္းနဲ႔ အခ်က္အလက္ေတြ မွန္ကန္ျပည့္စုံစြာရရွိေရးက အရမ္းပဲအေရးႀကီးပါတယ္၊ လူဦးေရစာရင္း ေကာက္ယူတဲ့အဖြဲ႕ေတြ လာေရာက္ခ်ိန္မွာ အခ်က္အလက္မွန္ကန္ေစဖို႔က မဲဆႏၵရွင္ ျပည္သူလူထု ပူးေပါင္းကူညီေဆာင္႐ြက္ အေျခခံမဲဆႏၵရွင္စာရင္းေတြ ကပ္ထားေၾကညာရာမွာ မဲဆႏၵရွင္ျပည္သူေတြ လာေရာက္ၾကည့္ရႈေစဖို႔အတြက္ ႏိုင္ငံေရးပါတီေတြ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြအေနနဲ႔ မဲဆႏၵရွင္ အသိပညာေပး လုပ္ငန္းေတြကို ကူညီေဆာင္႐ြက္ေပးၾကေစလိုပါတယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္ မႏၲေလးတိုင္းေဒသႀကီး တာဝန္ခံ ဦးေအာင္ျမင့္ က ေျပာပါတယ္။

အခမ္းအနားမွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္ မႏၲေလးတိုင္းေဒသႀကီး တာဝန္ခံ ဦးေအာင္ျမင့္ တက္ေရာက္ၿပီး တိုင္းေဒသႀကီး ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒နဲ႔ အဖြဲ႕ဝင္မ်ား၊ ခ႐ိုင္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားမွ ဥကၠ႒ အဖြဲ႕ဝင္မ်ားနဲ႔ အတြင္းေရးမႉးမ်ား၊ ႏိုင္ငံေရးပါတီ ၁၈ ပါတီမွ တာဝန္ရွိသူမ်ား၊ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ေဆာင္႐ြက္ေနတဲ့ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား၊ မသန္စြမ္းသူမ်ားအေရး ေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား အမ်ိဳးသမီးေရးရာ အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။

KT
မႏၲေလး၊ ၾသဂုတ္ - ၇