WHOမော်တော်ယာဉ်အား တပ်မတော်အနေနှင့်ပစ်ခတ်စရာအကြောင်းမရှိဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဆို

WHOမော်တော်ယာဉ်အား တပ်မတော်အနေနှင့်ပစ်ခတ်စရာအကြောင်းမရှိဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဆို

ရခိုင်ပြည်နယ်အတွင်းWHO၏COVID-19ဗိုင်ရပ်စ်နမူနာများကို ပို့ဆောင်နေသော မော်တော် ယာဉ်အား ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ တပ်မတော်အနေနှင့် ပစ်ခတ်စရာ အကြောင်း မရှိဟုတပ်မတော်သတင်းအမှန်ပြန်ကြားရေး၊အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။
 
"ဒီလမ်းကြောင်းပေါ်မှာက ဌာနဆိုင်ရာကားတွေအရပ်ဖက်ကားတွေ၊ ကုန်ကားတွေ အမြဲတမ်း သွားလာ နေတာဖြစ်တယ်။ ယခင်ကလည်းသွားလာနေတာဖြစ်တယ်။ ယခုလည်း သွားလာ နေတာ ဖြစ်တယ်။ အဲ့လိုသွားလာနေတဲ့ နေရာမှာ တပ်မတော်အနေနဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရော တပ်မတော်ကရော လုံခြုံရေးအရ စစ်ဆေးနေရတာတွေရှိတယ်။ ဥပမာပြောရရင် မဖြစ်မနေ ဖြတ်သန်းရမယ့် တံတားလိုနေရာမျိုးတွေမဖြစ်မနေ ဖြတ်သန်းရမဲ့ လမ်းဆုံလိုနေရာမျိုးတွေမှာ စစ်ဆေးရတာတွေရှိတယ်။WHOကကားကိုလည်းပစ်ခတ်မှုတွေရှိနေစဉ်အတွင်းမှာမလွှတ်ဘူး။

ညနေ(၅)နာရီခန့်ကျမှအပစ်အခတ်တွေရပ်ဆဲသွားမှလွှတ်ပေးလိုက်တာဖြစ်တယ်။တပ်မတော်အနေနဲ့ကဒီလိုမျိုးကားတွေကိုစစ်ဆေးနိုင်တယ်၊စစ်ဆေးလို့လည်းရတယ်၊စစ်ဆေးပြီးလွှတ်ပေးပြီးသာကားကိုကျနော်တို့အနေနဲ့ကပစ်ခတ်စရာအကြောင်းလည်းမရှိဘူး၊ပြီးရင်ဒီမှာဖြတ်သန်းနေတဲ့ကားတွေကိုလည်းကျနော်တို့အနေနဲ့အကြောင်းမဲ့လုပ်စရာအကြောင်းလည်မရှိဘူး။တပ်မတော်နဲ့အတူမြန်မာနိုင်ငံရဲတပ်ဖွဲ့လည်းရှိတယ်။အဲဒီတံတားမှာဖြတ်သွားဖြတ်လာနေတဲ့ကားတွေရှိတယ်။တပ်မတော်ကသာလုပ်ခဲ့တယ်ဆိုရင်ဒါသည်ဘယ်လိုမှဖုံးကွယ်ထားစရာအကြောင်းမရှိဘူး။ဖုံးကွယ်ထားလို့မရတဲ့အခြေအနေမျိုးရှိတယ်"ဟုဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှပြောပါတယ်။
ယင်းအပြင်တပ်မတော်သည်နိုင်ငံတာ်ကာကွယ်ရေးအတွက်တရားဝင်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းဖြစ်ပြီးတရားဥပဒေကိုလိုက်နာသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ အကြမ်ဖျဉ်းအားဖြင့် စည်း မျဉ်း စည်းကမ်းသတ်မှတ်ချက်(၆)ခု လောက်ကိုလိုက်နာရတာ ဖြစ်သည့်အတွက် တပ်မတော် အနေနှင့် ယခုကိစ္စမျိုးယခင်ကလည်းမလုပ်ခဲ့သလို၊ လုပ်ခဲ့သည့် ရာဇဝင်လည်းမရှိ၊ လုပ်ရိုး ထုံးစံမရှိကြောင်း၎င်းမှပြောကြားခဲ့ပါတယ်။အဓိကကတော့ကိုယ်ဗစ်-၁၉ကပ်ရောဂါကြောင့်လေယာဉ်ခရီးစဉ်တွေရပ်ဆဲထားတယ်။ရပ်ဆဲထားတော့စစ် ဆေးထားတဲ့နမူနာပစ္စည်းတွေကို ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနကို ပို့တာ ဖြစ်တော့ပို့တဲ့ အခါမှာအဲဒီကားကWHOပိုင်(၅/၃၄)ကားက စစ်တွေဖက်ကနေ ရန်ကုန်ကို မနက်(၈)နာရီမှာ စစ်တွေကနေ စထွက်တယ်။

မနက်(၈)နာရီကနေစထွက်တော့ဖြစ်နေတာက ရာမောင်တံတားနားလေးမှာ AAအကြမ်းဖက် သောင်းကျန်းသူ တွေကလာရောက် ပစ်ခတ်နေတာရှိတယ်။ (၉)နာရီလောက်မှာ လာရောက် ပစ်ခတ်နေတာရှိတော့ မနက်ပိုင်းမှာထိတွေ့တွေရှိတယ်။ အဲ့လိုထိတွေ့မှု ဖြစ်ပွားနေတဲ့ အခါမှာနေခင်းပိုင်း လောက်မှာအဲဒီကားကရောက်လာတယ်။

ရောက်လာတဲ့အတွက်WHOကားကိုတံတားမှာဘဲရပ်ခိုင်ထားပြီးဆက်မသွားဖို့ရပ်ခိုင်းထားပြီးတော့ညနေ(၅)နာရီလောက်မှာပစ်ခတ်နေတာတွေရပ်တန့်သွားပြီးညနေ(၅)နာရီလောက်မှာခွင့်တောင်းတယ်။ရန်ကုန်ကိုဆက်သွားနိုင်ဖို့ခွင့်တောင်းတယ်။ခွင့်တောင်းတော့တံတားမှာလုံခြုံရေးကျနေတဲ့တာဝန်ရှိသူတစ်ဦးနဲ့ရဲတပ်ဖွဲ့ဝင်တွေကလည်းစစ်ဆေးနေပါတယ်။

အဲဒီမှာခွင့်တောင်းတော့တာဝန်ရှိတဲ့သူတစ်ဦးကဒီကားကိုစစ်ဆေးပါ။ဒီကားကWHOကပိုင်တဲ့ကားမှန်တယ်။ကိုဗစ်-၁၉သံသယလူနာတွေစောင့်ကြည့်လူနာတွေနမူနာတွေကိုသွားပို့မှာမို့ဖြတ်သန်းခွင့်ပေးလိုက်မယ်ဆိုပြီးဖြတ်သန်းခွင့်ပေးလိုက်ပါတယ်။ဖြတ်သန်းခွင့်ပေးပြီးတယ်။နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့အခြေအနေဖြစ်တယ်"ဟုလည်းထည့်သွင်းရှင်းလင်းခဲ့ပါတယ်။

ယနေ့မွန်လွဲပိုင်းက နေပြည်တော်တပ်မတော် စစ်သမိုင်းပြတိုက်တွင် နေပြည်တော်ရှိ မီဒီယာ(၅)ခု ခန့် အား ခေါ်ယူရှင်းလင်းရာတွင်ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

KO
နေပြည်တော်၊ဧပြီ-၂၅

(  Zawgyi  )

 ရခိုင္ျပည္နယ္အတြင္းWHO၏COVID-19ဗိုင္ရပ္စ္နမူနာမ်ားကို ပို႔ေဆာင္ေနေသာ ေမာ္ေတာ္ ယာဥ္အား ပစ္ခတ္တိုက္ခိုက္မႈႏွင့္ ပတ္သက္၍ တပ္မေတာ္အေနႏွင့္ ပစ္ခတ္စရာ အေၾကာင္း မရွိဟုတပ္မေတာ္သတင္းအမွန္ျပန္ၾကားေရး၊အတြင္းေရးမႉးဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ပါတယ္။
 
"ဒီလမ္းေၾကာင္းေပၚမွာက ဌာနဆိုင္ရာကားေတြအရပ္ဖက္ကားေတြ၊ ကုန္ကားေတြ အၿမဲတမ္း သြားလာ ေနတာျဖစ္တယ္။ ယခင္ကလည္းသြားလာေနတာျဖစ္တယ္။ ယခုလည္း သြားလာ ေနတာ ျဖစ္တယ္။ အဲ့လိုသြားလာေနတဲ့ ေနရာမွာ တပ္မေတာ္အေနနဲ႔က ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ေရာ တပ္မေတာ္ကေရာ လုံၿခဳံေရးအရ စစ္ေဆးေနရတာေတြရွိတယ္။ ဥပမာေျပာရရင္ မျဖစ္မေန ျဖတ္သန္းရမယ့္ တံတားလိုေနရာမ်ိဳးေတြမျဖစ္မေန ျဖတ္သန္းရမဲ့ လမ္းဆုံလိုေနရာမ်ိဳးေတြမွာ စစ္ေဆးရတာေတြရွိတယ္။WHOကကားကိုလည္းပစ္ခတ္မႈေတြရွိေနစဥ္အတြင္းမွာမလႊတ္ဘူး။

ညေန(၅)နာရီခန႔္က်မွအပစ္အခတ္ေတြရပ္ဆဲသြားမွလႊတ္ေပးလိုက္တာျဖစ္တယ္။တပ္မေတာ္အေနနဲ႔ကဒီလိုမ်ိဳးကားေတြကိုစစ္ေဆးႏိုင္တယ္၊စစ္ေဆးလို႔လည္းရတယ္၊စစ္ေဆးၿပီးလႊတ္ေပးၿပီးသာကားကိုက်ေနာ္တို႔အေနနဲ႔ကပစ္ခတ္စရာအေၾကာင္းလည္းမရွိဘူး၊ၿပီးရင္ဒီမွာျဖတ္သန္းေနတဲ့ကားေတြကိုလည္းက်ေနာ္တို႔အေနနဲ႔အေၾကာင္းမဲ့လုပ္စရာအေၾကာင္းလည္မရွိဘူး။တပ္မေတာ္နဲ႔အတူျမန္မာႏိုင္ငံရဲတပ္ဖြဲ႕လည္းရွိတယ္။အဲဒီတံတားမွာျဖတ္သြားျဖတ္လာေနတဲ့ကားေတြရွိတယ္။တပ္မေတာ္ကသာလုပ္ခဲ့တယ္ဆိုရင္ဒါသည္ဘယ္လိုမွဖုံးကြယ္ထားစရာအေၾကာင္းမရွိဘူး။ဖုံးကြယ္ထားလို႔မရတဲ့အေျခအေနမ်ိဳးရွိတယ္"ဟုဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းမွေျပာပါတယ္။
            ယင္းအျပင္တပ္မေတာ္သည္ႏိုင္ငံတာ္ကာကြယ္ေရးအတြက္တရားဝင္ဖြဲ႕စည္းထားသည့္အဖြဲ႕အစည္းျဖစ္ၿပီးတရားဥပေဒကိုလိုက္နာသည့္အဖြဲ႕အစည္းျဖစ္ေၾကာင္း၊ အၾကမ္ဖ်ဥ္းအားျဖင့္ စည္း မ်ဥ္း စည္းကမ္းသတ္မွတ္ခ်က္(၆)ခု ေလာက္ကိုလိုက္နာရတာ ျဖစ္သည့္အတြက္ တပ္မေတာ္ အေနႏွင့္ ယခုကိစၥမ်ိဳးယခင္ကလည္းမလုပ္ခဲ့သလို၊ လုပ္ခဲ့သည့္ ရာဇဝင္လည္းမရွိ၊ လုပ္႐ိုး ထုံးစံမရွိေၾကာင္း၎မွေျပာၾကားခဲ့ပါတယ္။အဓိကကေတာ့ကိုယ္ဗစ္-၁၉ကပ္ေရာဂါေၾကာင့္ေလယာဥ္ခရီးစဥ္ေတြရပ္ဆဲထားတယ္။ရပ္ဆဲထားေတာ့စစ္ ေဆးထားတဲ့နမူနာပစၥည္းေတြကို ရန္ကုန္အမ်ိဳးသား ဓာတ္ခြဲဌာနကို ပို႔တာ ျဖစ္ေတာ့ပို႔တဲ့ အခါမွာအဲဒီကားကWHOပိုင္(၅/၃၄)ကားက စစ္ေတြဖက္ကေန ရန္ကုန္ကို မနက္(၈)နာရီမွာ စစ္ေတြကေန စထြက္တယ္။

မနက္(၈)နာရီကေနစထြက္ေတာ့ျဖစ္ေနတာက ရာေမာင္တံတားနားေလးမွာ AAအၾကမ္းဖက္ ေသာင္းက်န္းသူ ေတြကလာေရာက္ ပစ္ခတ္ေနတာရွိတယ္။ (၉)နာရီေလာက္မွာ လာေရာက္ ပစ္ခတ္ေနတာရွိေတာ့ မနက္ပိုင္းမွာထိေတြ႕ေတြရွိတယ္။ အဲ့လိုထိေတြ႕မႈ ျဖစ္ပြားေနတဲ့ အခါမွာေနခင္းပိုင္း ေလာက္မွာအဲဒီကားကေရာက္လာတယ္။

ေရာက္လာတဲ့အတြက္WHOကားကိုတံတားမွာဘဲရပ္ခိုင္ထားၿပီးဆက္မသြားဖို႔ရပ္ခိုင္းထားၿပီးေတာ့ညေန(၅)နာရီေလာက္မွာပစ္ခတ္ေနတာေတြရပ္တန႔္သြားၿပီးညေန(၅)နာရီေလာက္မွာခြင့္ေတာင္းတယ္။ရန္ကုန္ကိုဆက္သြားႏိုင္ဖို႔ခြင့္ေတာင္းတယ္။ခြင့္ေတာင္းေတာ့တံတားမွာလုံၿခဳံေရးက်ေနတဲ့တာဝန္ရွိသူတစ္ဦးနဲ႔ရဲတပ္ဖြဲ႕ဝင္ေတြကလည္းစစ္ေဆးေနပါတယ္။

အဲဒီမွာခြင့္ေတာင္းေတာ့တာဝန္ရွိတဲ့သူတစ္ဦးကဒီကားကိုစစ္ေဆးပါ။ဒီကားကWHOကပိုင္တဲ့ကားမွန္တယ္။ကိုဗစ္-၁၉သံသယလူနာေတြေစာင့္ၾကည့္လူနာေတြနမူနာေတြကိုသြားပို႔မွာမို႔ျဖတ္သန္းခြင့္ေပးလိုက္မယ္ဆိုၿပီးျဖတ္သန္းခြင့္ေပးလိုက္ပါတယ္။ျဖတ္သန္းခြင့္ေပးၿပီးတယ္။ေနာက္ပိုင္းမွာျဖစ္ေပၚလာတဲ့အေျခအေနျဖစ္တယ္"ဟုလည္းထည့္သြင္းရွင္းလင္းခဲ့ပါတယ္။

ယေန႔မြန္လြဲပိုင္းက ေနျပည္ေတာ္တပ္မေတာ္ စစ္သမိုင္းျပတိုက္တြင္ ေနျပည္ေတာ္ရွိ မီဒီယာ(၅)ခု ခန႔္ အား ေခၚယူရွင္းလင္းရာတြင္ယင္းကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

KO
ေနျပည္ေတာ္၊ဧၿပီ-၂၅