Yangon Water Bus ဒုတိယခရီးစဉ် လမ်းကြောင်းအဖြစ် ၂၀၁၉ ခုနှစ်အတွင်း ပြေးဆွဲနိုင်ရန် စီစဉ်

Yangon Water Bus ဒုတိယခရီးစဉ် လမ်းကြောင်းအဖြစ် ၂၀၁၉ ခုနှစ်အတွင်း ပြေးဆွဲနိုင်ရန် စီစဉ်

Yangon Water Bus ရဲ့ ဒုတိယခရီးစဉ် လမ်းကြောင်းပြေးဆွဲဖို့ စီစဉ်ထားတဲ့ ငမိုးရိပ်ချောင်းထဲက ခရီးစဉ်လမ်းကြောင်းကို လာမယ့် ၂၀၁၉ ခုနှစ်ထဲ ပြေးဆွဲသွားနိုင်ဖို့ မှန်းထားတယ်လို့ တင့်တင့်မြန်မာ ကုမ္ပဏီလီမိတက်မှ သိရပါတယ်။

“အခုလောလောဆယ်မှာတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေနဲ့ လုပ်ဆောင်နေပါပြီ၊ လာမယ့် ဧပြီလလောက်တော့ ပြေးဆွဲနိုင်ဖို့ မှန်းထားပါတယ်၊ မြေပြင်မှာ အသေးစိတ် လုပ်ဆောင်ရမယ့် ကိစ္စတွေရယ်၊ ဆိပ်ကမ်းတွေအတွက်လည်း ပြီးစီးအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်” လို့ တင့်တင့်မြန်မာ ကုမ္ပဏီလီမိတက်မှ မီဒီယာတာဝန်ခံ ကိုလင်း က ပြောပြပါတယ်။

ဒါ့အပြင် ငမိုးရိပ်ချောင်းအတွင်း ခရီးစဉ်ပြေးဆွဲတဲ့အခါ ရေယာဉ် ၁၀ စင်းကို အသုံးပြုသွားဖို့ မှန်းထားပြီး လက်ရှိကာလမှာတော့ ထိုင်းနိုင်ငံမှ ရေကြောင်းကျွမ်းကျင် ပညာရှင်တွေနဲ့ ပူးပေါင်းကာ ရေလမ်းကြောင်း အခြေအနေများ၊ ဆိပ်ခံဗောတံတား တည်ဆောက်မှု အခြေအနေများအတွက် ကွင်းဆင်းတွက်ချက် စိစစ်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Yangon Water Bus ဟာ လက်ရှိကာလမှာ ဗိုလ်တထောင်-အင်းစိန် ခရီးစဉ်ကိုလည်း ပြေးဆွဲနေသလို ရေယာဉ်ပေါင်း ၁၃ စင်း အသုံးပြုလုပ်ဆောင်နေပြီး  အခါကြီးရက်ကြီးများ အပါအဝင် အခါအားလျော်စွာ အပန်းဖြေခရီးစဉ်များအဖြစ် တွံတေးနဲ့ ကျောက်တန်းဘက်သို့လည်း ခရီးစဉ်သတ်မှတ် ပြေးဆွဲနေတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၉

( Zawgyi )

Yangon Water Bus ရဲ႕ ဒုတိယခရီးစဥ္ လမ္းေၾကာင္းေျပးဆြဲဖို႔ စီစဥ္ထားတဲ့ ငမိုးရိပ္ေခ်ာင္းထဲက ခရီးစဥ္လမ္းေၾကာင္းကို လာမယ့္ ၂၀၁၉ ခုႏွစ္ထဲ ေျပးဆြဲသြားႏိုင္ဖို႔ မွန္းထားတယ္လို႔ တင့္တင့္ျမန္မာ ကုမၸဏီလီမိတက္မွ သိရပါတယ္။

“အခုေလာေလာဆယ္မွာေတာ့ လိုအပ္တဲ့ ျပင္ဆင္မႈေတြနဲ႔ လုပ္ေဆာင္ေနပါၿပီ၊ လာမယ့္ ဧၿပီလေလာက္ေတာ့ ေျပးဆြဲႏိုင္ဖို႔ မွန္းထားပါတယ္၊ ေျမျပင္မွာ အေသးစိတ္ လုပ္ေဆာင္ရမယ့္ ကိစၥေတြရယ္၊ ဆိပ္ကမ္းေတြအတြက္လည္း ၿပီးစီးေအာင္ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္” လို႔ တင့္တင့္ျမန္မာ ကုမၸဏီလီမိတက္မွ မီဒီယာတာဝန္ခံ ကိုလင္း က ေျပာျပပါတယ္။

ဒါ့အျပင္ ငမိုးရိပ္ေခ်ာင္းအတြင္း ခရီးစဥ္ေျပးဆြဲတဲ့အခါ ေရယာဥ္ ၁၀ စင္းကို အသုံးျပဳသြားဖို႔ မွန္းထားၿပီး လက္ရွိကာလမွာေတာ့ ထိုင္းႏိုင္ငံမွ ေရေၾကာင္းကြၽမ္းက်င္ ပညာရွင္ေတြနဲ႔ ပူးေပါင္းကာ ေရလမ္းေၾကာင္း အေျခအေနမ်ား၊ ဆိပ္ခံေဗာတံတား တည္ေဆာက္မႈ အေျခအေနမ်ားအတြက္ ကြင္းဆင္းတြက္ခ်က္ စိစစ္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

Yangon Water Bus ဟာ လက္ရွိကာလမွာ ဗိုလ္တေထာင္-အင္းစိန္ ခရီးစဥ္ကိုလည္း ေျပးဆြဲေနသလို ေရယာဥ္ေပါင္း ၁၃ စင္း အသုံးျပဳလုပ္ေဆာင္ေနၿပီး  အခါႀကီးရက္ႀကီးမ်ား အပါအဝင္ အခါအားေလ်ာ္စြာ အပန္းေျဖခရီးစဥ္မ်ားအျဖစ္ တြံေတးနဲ႔ ေက်ာက္တန္းဘက္သို႔လည္း ခရီးစဥ္သတ္မွတ္ ေျပးဆြဲေနတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၉