YBS 36 ယာဉ်လိုင်းအတွင်း ယာဉ်သစ် အစီး ၄၀ နဲ့အတူ YBS 4, YBS 7 ယာဉ်လိုင်းတို့တွင် ငါးစီးစီ အားဖြည့်ပြေးဆွဲ

YBS 36 ယာဉ်လိုင်းအတွင်း ယာဉ်သစ် အစီး ၄၀ နဲ့အတူ YBS 4, YBS 7 ယာဉ်လိုင်းတို့တွင် ငါးစီးစီ အားဖြည့်ပြေးဆွဲ

YBS 36 ယာဉ်လိုင်းထဲမှာ Foton အမျိုးအစား ယာဉ်သစ် အစီး ၄၀ နဲ့အတူ YBS 4, YBS 7 ယာဉ်လိုင်းတွေမှာ ယာဉ်သစ်ငါးစီးစီကို အင်အားဖြည့်သွင်းကာ ထည့်သွင်းပြေးဆွဲပေးခဲ့တယ်လို့ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်ထွန်း က ပြောကြားပါတယ်။

“ခရီးသည်တွေရဲ့ လိုအပ်ချက်အရ ထပ်မံအားဖြည့်ပြီးတော့ ဝန်ဆောင်မှုပေးတာ ဖြစ်ပါတယ်၊ YBS 36 မှာက ထောက်ကြန့် - ဆူးလေ ယာဉ်လိုင်းမှာ ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ထိုယာဉ်တွေကို ထည့်သွင်းပြေးဆွဲပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံကို ခွင့်ပြုချက်တင်ခဲ့ရာ ခွင့်ပြုချက်တွေရရှိခဲ့ပြီး (ခ) လိုင်စင် လုပ်တာတွေကိုလည်း ဆက်လက်လုပ်ဆောင်ကာ ယခုစက်တင်ဘာလထဲမှာ အားဖြည့်ပြေးဆွဲပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုကုမ္ပဏီအနေနဲ့ Foton အမျိုးအစား ယာဉ်သစ်တွေကို YBS 58 ယာဉ်လိုင်းမှာ အရင်ဆုံးပြောင်းလဲကာ ထည့်သွင်းပြေးဆွဲပေးခဲ့ပြီးနောက် YBS 7 ယာဉ်လိုင်း၊ YBS 4 ယာဉ်လိုင်းတို့မှာလည်း ပြောင်းလဲပေးခဲ့ကာ ဆက်လက်ပြီး YBS 36 ယာဉ်လိုင်းမှာ အားဖြည့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီလက်အောက်မှာရှိနေတဲ့ တခြားသောယာဉ်လိုင်းတွေမှာလည်း ခရီးသည်တွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး ယာဉ်သစ်တွေနဲ့ အားဖြည့်ကာ ဝန်ဆောင်မှုတွေကိုလည်း မြှင့်တင်သွားဖို့ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ စက်တင်ဘာ - ၁၂

( Zawgyi )

YBS 36 ယာဥ္လိုင္းထဲမွာ Foton အမ်ိဳးအစား ယာဥ္သစ္ အစီး ၄၀ နဲ႔အတူ YBS 4, YBS 7 ယာဥ္လိုင္းေတြမွာ ယာဥ္သစ္ငါးစီးစီကို အင္အားျဖည့္သြင္းကာ ထည့္သြင္းေျပးဆြဲေပးခဲ့တယ္လို႔ ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္ ဥကၠ႒ ဦးေဇာ္ထြန္း က ေျပာၾကားပါတယ္။

“ခရီးသည္ေတြရဲ႕ လိုအပ္ခ်က္အရ ထပ္မံအားျဖည့္ၿပီးေတာ့ ဝန္ေဆာင္မႈေပးတာ ျဖစ္ပါတယ္၊ YBS 36 မွာက ေထာက္ၾကန႔္ - ဆူးေလ ယာဥ္လိုင္းမွာ ထည့္သြင္းေပးခဲ့တာ ျဖစ္ပါတယ္” လို႔ သူက ဆိုပါတယ္။

ထိုယာဥ္ေတြကို ထည့္သြင္းေျပးဆြဲေပးဖို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံကို ခြင့္ျပဳခ်က္တင္ခဲ့ရာ ခြင့္ျပဳခ်က္ေတြရရွိခဲ့ၿပီး (ခ) လိုင္စင္ လုပ္တာေတြကိုလည္း ဆက္လက္လုပ္ေဆာင္ကာ ယခုစက္တင္ဘာလထဲမွာ အားျဖည့္ေျပးဆြဲေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ထိုကုမၸဏီအေနနဲ႔ Foton အမ်ိဳးအစား ယာဥ္သစ္ေတြကို YBS 58 ယာဥ္လိုင္းမွာ အရင္ဆုံးေျပာင္းလဲကာ ထည့္သြင္းေျပးဆြဲေပးခဲ့ၿပီးေနာက္ YBS 7 ယာဥ္လိုင္း၊ YBS 4 ယာဥ္လိုင္းတို႔မွာလည္း ေျပာင္းလဲေပးခဲ့ကာ ဆက္လက္ၿပီး YBS 36 ယာဥ္လိုင္းမွာ အားျဖည့္ေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ကုမၸဏီလက္ေအာက္မွာရွိေနတဲ့ တျခားေသာယာဥ္လိုင္းေတြမွာလည္း ခရီးသည္ေတြရဲ႕လိုအပ္ခ်က္ေပၚမူတည္ၿပီး ယာဥ္သစ္ေတြနဲ႔ အားျဖည့္ကာ ဝန္ေဆာင္မႈေတြကိုလည္း ျမႇင့္တင္သြားဖို႔ ရွိေနေသးတယ္လို႔လည္း သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ စက္တင္ဘာ - ၁၂