ကမ္ဘာပြားကြောင်း သက်သေပြရန်ကြိုးပမ်းသူ အသက်ဘေး မှ ကံကောင်းထောက်မစွာလွတ်သွား

ကမ္ဘာပြားကြောင်း သက်သေပြရန်ကြိုးပမ်းသူ အသက်ဘေး မှ ကံကောင်းထောက်မစွာလွတ်သွား

ကမ္ဘာပြားတယ်လို့ ယုံကြည်ထားသူတစ်ယောက်ဟာ ဒုံးပျံတည်ဆောက် နည်းကိုကိုယ့်ဖာသာလေ့လာပြီးအာကာသတွင်းတက်ရန်ကြိုးပမ်းခဲ့ပြီး နောက် ကံကောင်းထောက်မ၍ အသက်ဘေးမှလွတ်မြောက်သွားကြောင်း canoe.com က မတ် ၂၇ မှာဖော်ပြထားပါတယ်။

Mike Hughes ဆိုသူရဲ့ ဒုံးပျံဟာ စနေနေ့က ကမ္ဘာမြေပြင်အထက် ၅၇၀ မီတာကိုအရောက်မှာ မိုဂျာဗီသဲကန္တာရထဲ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ ဒုံးပျံပျက်ကျပြီးတဲ့နောက် သူ့ရဲ့ကျန်းမာရေးအခြေအနေတော့ ကောင်းမွန်ကြောင်း၊အတော်လေး စိတ်ခြောက်ခြားနေတဲ့အသွင်ပေါ်ကြောင်း AP သတင်းကိုကိုးကားလျက်canoe.com ကဆိုပါတယ်။

Mike Hughes က ကမ္ဘာပြားတယ်လို့ ယူဆထားသူဖြစ်ပြီး ဒါကို ကမ္ဘာကြီးကိုသက်သေပြလိုတယ်လို့ ပြောခဲ့ပါတယ်။ ကမ္ဘာ့သိပ္ပံပညာရှင်များက ကမ္ဘာသားများကို ဝိုင်းဝန်းလိမ်ညာထားတဲ့ ကမ္ဘာ့မုသားကြီးကို ဖော်ထုတ်ဖို့သူ့အနေနဲ့ ဆက်လက်ကြိုးစား သွားမယ် လို့လည်းဆိုပါတယ်။

Thomas
Ref : canoe.com
နယူးယောက် ၊ မတ် ၂၇