အားပါးတရသုံးဆောင်နိုင်တဲ့ ဧရာမဟော့ပေါ့ကြီး

အားပါးတရသုံးဆောင်နိုင်တဲ့ ဧရာမဟော့ပေါ့ကြီး

စားသောက်ဆိုင်တစ်ဆိုင်ဟာ သုံးမီးတာအချင်းရှိတဲ့ ဧရာမအိုးကြီးနဲ့ ဟော့ပေါ့ပွဲကြီးတစ်ပွဲ့ ချက်ပြုတ်ပြီးအရောင်းမြှင့်တင်ရေးအနေနဲ့ လူတွေကို ဧည့်ခံခဲ့တယိလို့ People’s Daily က ဧပြီ ၈ မှာဖော်ပြထားပါတယ်။

ယူနန်ပြည်နယ် မြို့တော်ကူမင်းမှာ ပြုလုပ်ခဲ့တဲ့ အဆိုုပါအရောင်းမြှင့်တင်ပွဲ ဓါတ်ပုံဟာ အင်တာနက်အသုံးပြုသူတွေအကြား အလွန်ရေးပန်းစားခဲ့ပါတယ်။

ဧပြီ လ ၆ ရက်နေ့က စတင်ပြုလုပ်ခဲ့တဲ့ အဆိုပါ အစီအစဉ်အတွင်း စားသုံးသူတွေက အထူးအဆန်းအနေနဲ့ လာရောက်သုံးဆောင်မြည်းစမ်းလေ့ရှိကြပါတယ်။

ဟင်းသီးဟင်းရွက်တွေနဲ့ အသားအမျိုးမျိုးကို ထည့်သွင်းချက်ပြုတ်ထားတဲ့ သူတို့ရဲ့ဟော့ပေါ့အိုးကြီးဟာ စားသုံးသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဒီဆိုင်ကတည်ခင်းဧည့်ခံတဲ့ ဟော့ပေါ့ဟာ ငရုတ်အစပ်ရည်ထဲမှာ အသားငါးတွေထည့်သွင်း ချက်ပြုတ်ရတဲ့ ဟော့ပေါ့အမျိုးအစားဖြစ်ပြီး ပူစပ်တဲ့အရသာဘက်ကို အလေးသာတဲ့ ဟင်းလျာအမျိုးအစားဖြစ်ပါတယ်။

Thomas
Ref: People’s Daily
ကူမင်း ၊ ဧပြီ ၈