ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်မယ့် ဇီဗက်ဒါ နဲ့ ယန်ဘွိုင်း အသင်း
ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုပြင်းထန်မယ့် ဇီဗက်ဒါ နဲ့ ယန်ဘွိုင်း အသင်း
ချန်ပီယံလိဂ် ဝင်ခွင့်အတွက် နောက်ဆုံး ခြေစစ်ပွဲစဉ်အဖြစ် ဆာဘီးယားကလပ် ဇီဗက်ဒါ အသင်းနဲ့ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်း အသင်းတို့ ယနေ့ည ၁ နာရီခွဲအချိန်မှာ ဇီဗက်ဒါ အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ဇီဗက်ဒါအသင်းအနေနဲ့ ဆာဘီးယားအမှတ်ပေးပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ အတွက် အခုခြေစစ်ပွဲကို ယှဉ်ပြိုင် ကစားခဲ့ရတာဖြစ်ပါတယ်။ ခြေစစ်ပွဲ တလျှောက် ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဆူဒူးဘားအသင်းကို အဝေးကွင်းမှာ သရေကျခဲ့ပြီး အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။ HIJ အသင်းနဲ့ ပွဲစဉ်မှာ အိမ်ကွင်းမှာအနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဂိုးကွာခြားချက် အသာနဲ့နောက်တစ်ဆင့်ကိုတက်ရောက် ခဲ့ပါတယ်။
ကိုပင်ဟေဂင်အသင်းနဲ့ ပွဲစဉ်မှာ အိမ်ကွင်း၊အဝေးကွင်း ၁-၁ စီ သရေကျခဲ့တဲ့ အတွက် ပင်နယ်တီ ကန်သွင်းရာမှာ အနိုင်ရရှိခဲ့ပါတယ်။ချန်ပီယံလိဂ် နောက်ဆုံး ရှုံးထွက်ပွဲစဉ် အဖြစ် ယန်ဘွိုင်းအသင်း ရဲ့အိမ်ကွင်း ကစားခဲ့ရာမှာ ဘောလုံးပိုင်ဆိုင်မှု ၃၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်မှု ၁၃ ကြိမ်ရှိခဲ့ကာ ၂-၂ သရေကျခဲ့ပါတယ်။ ယန်ဘွိုင်းအသင်းအနေနဲ့ ဆွစ်ဇာလန်အမှတ်ပေးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အတွက် ခြေစစ်ပွဲကို ဝင်ရောက်ခွင့်ရ ခဲ့တာဖြစ်ပါတယ်။ခြေစစ်ပွဲအဖြစ် ဇီဗက်ဒါအသင်းနဲ့သာ ကစားရမှာဖြစ်ပြီး အနိုင်ရရှိခဲ့ပါက ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက ဇီဗက်ဒါအသင်းဘက်မှ သရေ ၁၀ အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၅၅အနိုင်ဖွင့်လှစ်ထားပါတယ်။ ဇီဗက်ဒါအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို ၁ ကြိမ်ရရှိဖူးထားပြီး ခြေစစ်ပွဲ ၄ ပွဲကို ကစားပြီး အခုအဆင့် ကိုတက်ရောက်လာနိုင်ခဲ့ တာဖြစ်ပါ တယ်။အဝေးကွင်းပွဲစဉ်တွေမှာ ထိန်းကစားလေ့ရှိပြီး အိမ်ကွင်း တွေမှာ ပြိုင်ဘက်အသင်းတွေကိုအနိုင်ယူနိုင်ခဲ့တဲ့ အစဉ်အလာကောင်းတွေ ပိုင်ဆိုင်ထားပြီး ယမန်နှစ်ကလည်း လီဗာပူအသင်းကို အိမ်ကွင်းမှာ မရှုံးနိမ့်အောင်ကစားထားနိုင်ခဲ့ပါတယ်။အခုပွဲမှာ အိမ်ကွင်းအားနဲ့ ယှဉ်ပြိုင် ကစားလာမှာဖြစ်ပြီး ခြေစစ်ပွဲတလျှောက် အသင်းတိုင်းကို ခြေစွမ်းအသာ ဂိုးသွင်းခွင့်အသာတွေနဲ့ ကစားထာပြီး ရလဒ်ကောင်းတွေပိုင်ဆိုင် ခဲ့ပါတယ်။
ယန်းဘွိုင်းအသင်းအနေနဲ့ ပထမအကျော့ ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်ခွင့်အသာရခဲ့ပေမယ့် အဝေးကွင်းမှာ ခြေစွမ်းညံ့ဖျင်းလေ့ရှိပြီး ချန်ပီယံလိဂ် နောက်ဆုံး အဝေးကွင်း ၁၀ ပွဲမှာ ၉ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ သမိုင်းအစဉ်အလာ နဲ့ အိမ်ကွင်းအားသာ ချက်တွေအသာရထားတဲ့ ဇီဗက်ဒါအသင်း ဘက်မှ ဘွတ်ကီဒိုင်တွေ ကြေးဖွင့်လှစ်မှုဟာ ပျော့ပြောင်းလွန်းနေပြီး မူလဖွင့်လှစ်ထားတဲ့ သရေ ၅၀ အရှုံးှ မှသရေ ၁၀ ပြား အရှုံးထိ ကျဆင်း လာတာဟာ ဘွတ်ကီဒိုင်တွေရဲ့ လှည့်ကွက်ဖြစ်နိုင်တဲ့အတွက်အခုပွဲကို ယန်းဘွိုင်းအသင်းနဲ့သာ လက်တွဲသင့်ပါကြောင်း …။
KON (SPORT)
(  Zawgyi  )
KON (SPORT)