စပါးအသင်းဂျူဗင်ကွင်းလယ်တိုက်စစ်မှူး ဒိုင်ဘားလားကိုခေါ်ယူရန်စုံစမ်း

  စပါးအသင်းဂျူဗင်ကွင်းလယ်တိုက်စစ်မှူး ဒိုင်ဘားလားကိုခေါ်ယူရန်စုံစမ်း

ယခုနွေရာသီမပိတ်သိမ်းမီ စပါးအသင်းကတော့ ကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ အဝယ်စာရင်း ထဲမှာ နောက်ထပ်ကစားသမားကို စာရင်း တို့ လိုက်ပါပြီ။ သူကတော့ ဂျူဗင်တပ်စ် အသင်းက အာဂျင် တီးနားနိုင်ငံတကာ ကစားသမား ပေါလ်လိုဒိုင်ဘားလားပဲဖြစ်ပါတယ်။ နာမည်ကြီး သတင်းစာတွေ၏ ဖော်ပြချက်အရစပါးအသင်းဟာဒိုင်ဘားလားကိုခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းကိုတရားဝင် မေးမြန်း စုံစမ်းတာတွေ လုပ်နေ တယ်လို့ဖော်ပြထားပါတယ်။

ဒိုင်ဘားလားကို စပါးအသင်းနည်းပြကတော့ ဒိုင်ဘားလားခေါ်ယူရေးကို ဆန္ဒပြင်းပြ နေသူဖြစ် ပါတယ်။ ဒါပေမယ့် ဒိုင်ဘားလားကိုခေါ်ယူဖို့ဆိုရင် စပါးအသင်းအနေနဲ့ အနည်းဆုံးယူရိုသန်း ၈၀ လောက်သုံးစွဲဖို့ရှိနေပါတယ်။ စီရော်နလ်ဒိုရောက်လာကတည်း ကအသင်းမှာ အနစ်နာဆုံး ကစားသမားကတော့ ဒိုင်ဘား လားဖြစ်ပြီး၊ သူကတော့ နေရာလည်းသိပ်မရတော့ပါဘူး။ သူဟာအလားအလာအကောင်းဆုံး လူငယ် ကစားသမားတွေ ထဲကတစ်ဦအဖြစ်သတ်မှတ်ခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပြီခဲ့တဲ့နှစ်မှာတော့ သူဟာခြေစွမ်းမပြနိုင်တော့ပဲ ဂိုးသွင်းနှုန်းကလည်းသိသိသာသာနည်းခဲ့ပါတယ်။

 ပြီးတော့ သူကတော့ တူရင်မြို့မှာမပျော်တော့တဲ့ပုံပါပဲ။ သေချာတာကတော့ စပါးအသင်းဟာ ဒိုင်ဘားလားအပေါ်မှာစိတ်ဝင်စားမှုမြင့်တက် နေတာ ကတော့ သေချာပါတယ်။ ဒါပေမယ့် ရက်အနည်းငယ်သာကျန်တော့တဲ့ အပြောင်းအရွေ့ကာလ ကြောင့် ဒီပြောင်းရွေ့မှုကမေးခွန်း ထုတ်စရာဖြစ်နေပါတယ်။

Linko
Ref: cartilagefreecaptain.sbnation
လန်ဒန်၊ဇူလိုင် ၂၅

(  Zawgyi  )

 ယခုေႏြရာသီမပိတ္သိမ္းမီ စပါးအသင္းကေတာ့ ကြင္းလယ္လူတစ္ဦးေခၚယူဖို႔ အဝယ္စာရင္း ထဲမွာ ေနာက္ထပ္ကစားသမားကို စာရင္း တို႔ လိုက္ပါၿပီ။ သူကေတာ့ ဂ်ဴဗင္တပ္စ္ အသင္းက အာဂ်င္ တီးနားႏိုင္ငံတကာ ကစားသမား ေပါလ္လိုဒိုင္ဘားလားပဲျဖစ္ပါတယ္။ နာမည္ႀကီး သတင္းစာေတြ၏ ေဖာ္ျပခ်က္အရစပါးအသင္းဟာဒိုင္ဘားလားကိုေခၚယူဖို႔ ဂ်ဴဗင္တပ္စ္အသင္းကိုတရားဝင္ ေမးျမန္း စုံစမ္းတာေတြ လုပ္ေန တယ္လို႔ေဖာ္ျပထားပါတယ္။

ဒိုင္ဘားလားကို စပါးအသင္းနည္းျပကေတာ့ ဒိုင္ဘားလားေခၚယူေရးကို ဆႏၵျပင္းျပ ေနသူျဖစ္ ပါတယ္။ ဒါေပမယ့္ ဒိုင္ဘားလားကိုေခၚယူဖို႔ဆိုရင္ စပါးအသင္းအေနနဲ႔ အနည္းဆုံးယူ႐ိုသန္း ၈၀ ေလာက္သုံးစြဲဖို႔ရွိေနပါတယ္။ စီေရာ္နလ္ဒိုေရာက္လာကတည္း ကအသင္းမွာ အနစ္နာဆုံး ကစားသမားကေတာ့ ဒိုင္ဘား လားျဖစ္ၿပီး၊ သူကေတာ့ ေနရာလည္းသိပ္မရေတာ့ပါဘူး။ သူဟာအလားအလာအေကာင္းဆုံး လူငယ္ ကစားသမားေတြ ထဲကတစ္ဦအျဖစ္သတ္မွတ္ခံခဲ့ရတဲ့သူလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ၿပီခဲ့တဲ့ႏွစ္မွာေတာ့ သူဟာေျခစြမ္းမျပႏိုင္ေတာ့ပဲ ဂိုးသြင္းႏႈန္းကလည္းသိသိသာသာနည္းခဲ့ပါတယ္။

 ၿပီးေတာ့ သူကေတာ့ တူရင္ၿမိဳ႕မွာမေပ်ာ္ေတာ့တဲ့ပုံပါပဲ။ ေသခ်ာတာကေတာ့ စပါးအသင္းဟာ ဒိုင္ဘားလားအေပၚမွာစိတ္ဝင္စားမႈျမင့္တက္ ေနတာ ကေတာ့ ေသခ်ာပါတယ္။ ဒါေပမယ့္ ရက္အနည္းငယ္သာက်န္ေတာ့တဲ့ အေျပာင္းအေ႐ြ႕ကာလ ေၾကာင့္ ဒီေျပာင္းေ႐ြ႕မႈကေမးခြန္း ထုတ္စရာျဖစ္ေနပါတယ္။

Linko
Ref: cartilagefreecaptain.sbnation
လန္ဒန္၊ဇူလိုင္ ၂၅