ဘာစီလိုနာသို့ ရောက်မည့် ဂရစ်ဇ်မန်းအတွက် ပြောင်းရွှေ့ကြေး ယနေ့ပေးချေမည်

ဘာစီလိုနာသို့ ရောက်မည့် ဂရစ်ဇ်မန်းအတွက်  ပြောင်းရွှေ့ကြေး ယနေ့ပေးချေမည်

ဘာစီလိုနာအသင်းဟာ အန်တိုနီဂရစ်ဇ်မန်း၏ ပြောင်းရွေ့ကြေးကို ကြာသပတေးနေ့ညနေကပဲ ပေးခဲ့ပြီးပြီလို့ ပြင်သစ်နိုင်ငံအားကစား ဂျာနယ်တစ်ဖြစ်တဲ့ L’Equipe က ဖော်ပြခဲ့ပါတယ်။ သို့သော် Standard Sport ရဲ့ ဖော်ပြချက်မှာတော့ ယနေ့မှသာ ဘာစီရုံးချုပ်မှာ ငွေလွဲပေး မယ်လို့ ဖော်ပြခဲ့ပါတယ်။

 ဘာစီလိုနာအသင်းကပြောင်းရွေ့ကြေးကိုအရစ်ကျပေးချေစနစ်နဲ့ပေးချေဖို့ စီစဉ်နေတာကို အက်သလက်တီကို အသင်းက သိပ်မကျေနပ်ပါဘူး။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကထုတ်ပြန်တဲ့ အက်သလက်တီကိုအသင်း ထုတ် ပြန်ချက်မှာ အသင်းအနေနဲ့ ဘာစီလိုနာနဲ့ ဂရစ်ဇ်မန်းတို့ ရဲ့လုပ်ရပ်ကြောင့် စိတ်ပျက်ကြောင်း ထုတ်ပြန်ထား ပါတယ်။

သူတို့၏ ထုတ်ပြန်ချက်အရ ဂရစ်ဇ်မန်းဟာရာသီကြိုခြေစမ်းပွဲအတွက် လေ့ကျင့်ခန်းလာဖို့ရှိနေပေမယ့် လေ့ကျင့်ခန်းမဆင်းခဲ့ပါဘူး။ ဂရစ်ဇ်မန်း အနေ နဲ့တော့ သူမှာ အားလပ်ချိန် ရက် ၃၀ ရရှိထားတယ်လို့ဆိုပြီး၊ အီဘီဇာမှာနေကာ သူ့ရဲ့အပြောင်းအရွေ့ပြီးမြောက်ကြောင်း အကြောင်းကြားစာကိုစောင့်နေတာပါ။

သူ့ရဲ့အပြောင်းအရွေ့ကြေးဟာဇူလိုင် ၁ ရက်တုန်းကယူရိုသန်း ၂၀၀ ရှိရာကနေယခုအခါ ယူရိုသန်း ၁၂၀ ထိကျဆင်းခဲ့ပါတယ်။ တချို့ သတင်းစာတွေ၏ ဖော်ပြချက်အရဘာစီလိုနာဟာ ဂရစ်ဇ်မန်းအတွက်  ပြောင်းရွေ့ကြေး ပေးချေရန် ငွေကြေးအခက်အခဲရှိနေလို့ မြန်မြန်မပေးနိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဘာစီလိုနာကတော့ ကစားသမားတွေ၏ လစာတွေနဲ့ပတ်သက်ပြီးနောက်ထပ်အခက်အခဲတွေလဲရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ကစား သမားတွေ၏လစာဟာ အသင်းဝင်ငွေ၏ ၆၄ရာခိုင်နူန်း ဖြစ်နေလို့ပါ။ ဒါပေမယ့် ယခုတော့ ဘာစီလိုနာဟာ ဂရစ်ဇ်မန်းအတွက် ငွေရအောင် လုပ်နေရတဲ့ပုံပါပဲ။ ဒီနေ့အပြောင်းအရွေ့ပြီးပြီ ဆိုရင်တော့ လာမယ့် တနင်္ဂနွေနေ့မှာသူ့ရဲ့မိတ်ဆက်ပွဲကို နူးကမ့်မှာ ပြုလုပ်မှာပါ။

ဒါပေမယ့် သူ့ရဲ့မိတ်ဆက်ပွဲကို တံခါးနောက်ကွယ်မှာပဲလုပ်ရမှာပါ။ ဘာလို့လဲဆိုတော့ နူးကမ့်ကွင်းဟာ မြက်ခင်းတွေပြင်နေရလို့ဖြစ်ပါတယ်။ ဘာစီလိုနာကတော့ အပြောင်းအရွေ့ကိုဖြစ်နိုင်ရင်မြန်မြန်ပြီး မြောက်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ရာသီကြိုခြေစမ်းပွဲအတွက် လာမယ့် တနင်္လာနေ့စပြီး လေ့ကျင့်ခန်းဆင်းရမှာမို့လို့ပါ။

Linko
Ref: standard.co.uk
မက်ဒရစ်၊ဇူလိုင် ၁၂

(  Zawgyi  )

 ဘာစီလိုနာအသင္းဟာ အန္တိုနီဂရစ္ဇ္မန္း၏ ေျပာင္းေ႐ြ႕ေၾကးကို ၾကာသပေတးေန႔ညေနကပဲ ေပးခဲ့ၿပီးၿပီလို႔ ျပင္သစ္ႏိုင္ငံအားကစား ဂ်ာနယ္တစ္ျဖစ္တဲ့ L’Equipe က ေဖာ္ျပခဲ့ပါတယ္။ သို႔ေသာ္ Standard Sport ရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ယေန႔မွသာ ဘာစီ႐ုံးခ်ဳပ္မွာ ေငြလြဲေပး မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

 ဘာစီလိုနာအသင္းကေျပာင္းေ႐ြ႕ေၾကးကိုအရစ္က်ေပးေခ်စနစ္နဲ႔ေပးေခ်ဖို႔ စီစဥ္ေနတာကို အက္သလက္တီကို အသင္းက သိပ္မေက်နပ္ပါဘူး။ ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းကထုတ္ျပန္တဲ့ အက္သလက္တီကိုအသင္း ထုတ္ ျပန္ခ်က္မွာ အသင္းအေနနဲ႔ ဘာစီလိုနာနဲ႔ ဂရစ္ဇ္မန္းတို႔ ရဲ႕လုပ္ရပ္ေၾကာင့္ စိတ္ပ်က္ေၾကာင္း ထုတ္ျပန္ထား ပါတယ္။

သူတို႔၏ ထုတ္ျပန္ခ်က္အရ ဂရစ္ဇ္မန္းဟာရာသီႀကိဳေျခစမ္းပြဲအတြက္ ေလ့က်င့္ခန္းလာဖို႔ရွိေနေပမယ့္ ေလ့က်င့္ခန္းမဆင္းခဲ့ပါဘူး။ ဂရစ္ဇ္မန္း အေန နဲ႔ေတာ့ သူမွာ အားလပ္ခ်ိန္ ရက္ ၃၀ ရရွိထားတယ္လို႔ဆိုၿပီး၊ အီဘီဇာမွာေနကာ သူ႔ရဲ႕အေျပာင္းအေ႐ြ႕ၿပီးေျမာက္ေၾကာင္း အေၾကာင္းၾကားစာကိုေစာင့္ေနတာပါ။

သူ႔ရဲ႕အေျပာင္းအေ႐ြ႕ေၾကးဟာဇူလိုင္ ၁ ရက္တုန္းကယူ႐ိုသန္း ၂၀၀ ရွိရာကေနယခုအခါ ယူ႐ိုသန္း ၁၂၀ ထိက်ဆင္းခဲ့ပါတယ္။ တခ်ိဳ႕ သတင္းစာေတြ၏ ေဖာ္ျပခ်က္အရဘာစီလိုနာဟာ ဂရစ္ဇ္မန္းအတြက္  ေျပာင္းေ႐ြ႕ေၾကး ေပးေခ်ရန္ ေငြေၾကးအခက္အခဲရွိေနလို႔ ျမန္ျမန္မေပးႏိုင္ခဲ့ဘူးလို႔ ေဖာ္ျပထားပါတယ္။

ဘာစီလိုနာကေတာ့ ကစားသမားေတြ၏ လစာေတြနဲ႔ပတ္သက္ၿပီးေနာက္ထပ္အခက္အခဲေတြလဲရွိေနပါတယ္။ ဘာလို႔လဲဆိုေတာ့ ကစား သမားေတြ၏လစာဟာ အသင္းဝင္ေငြ၏ ၆၄ရာခိုင္ႏူန္း ျဖစ္ေနလို႔ပါ။ ဒါေပမယ့္ ယခုေတာ့ ဘာစီလိုနာဟာ ဂရစ္ဇ္မန္းအတြက္ ေငြရေအာင္ လုပ္ေနရတဲ့ပုံပါပဲ။ ဒီေန႔အေျပာင္းအေ႐ြ႕ၿပီးၿပီ ဆိုရင္ေတာ့ လာမယ့္ တနဂၤေႏြေန႔မွာသူ႔ရဲ႕မိတ္ဆက္ပြဲကို ႏူးကမ့္မွာ ျပဳလုပ္မွာပါ။

ဒါေပမယ့္ သူ႔ရဲ႕မိတ္ဆက္ပြဲကို တံခါးေနာက္ကြယ္မွာပဲလုပ္ရမွာပါ။ ဘာလို႔လဲဆိုေတာ့ ႏူးကမ့္ကြင္းဟာ ျမက္ခင္းေတြျပင္ေနရလို႔ျဖစ္ပါတယ္။ ဘာစီလိုနာကေတာ့ အေျပာင္းအေ႐ြ႕ကိုျဖစ္ႏိုင္ရင္ျမန္ျမန္ၿပီး ေျမာက္ခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ရာသီႀကိဳေျခစမ္းပြဲအတြက္ လာမယ့္ တနလၤာေန႔စၿပီး ေလ့က်င့္ခန္းဆင္းရမွာမို႔လို႔ပါ။

Linko
Ref: standard.co.uk
မက္ဒရစ္၊ဇူလိုင္ ၁၂